ဝိညာဉ်စိမ်း ရုပ်ရှင် ဇာတ်ကားမှာ သရဲမိတ်ကပ် Special Effect လုပ်ပေးခဲ့တဲ့ Hana Yu Ri

0
185

နာမည်ကြီးအဆိုတော်တစ်ဦးရဲ့ ရည်းစားအဖြစ် လူသိများခဲ့တဲ့ မိတ်ကပ်ပညာရှင် Hana Yu Ri မကြာမီရုံတင်ပြသတော့မယ့် ‘ဝိညာဉ်စိမ်း’ ရုပ်ရှင်ဇာတ်ကား မှာ သရဲမိတ်ကပှ်Special Effect ပြုလုပ်ပေးခဲ့ပါတယ်။ အဆိုပါ သရဲမိတ်ကပ် Special Effect ပြုလုပ် ပေးဖြစ်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး . . . .

”ဦးကျော်သူရယ်၊ ဦးရန်အောင်ရယ် ပြီးတော့ မင်းသားလေးယောက်ရဲ့ မိတ်ကပ် Special Effect ပိုင်းကို တာဝန်ယူထားပါတယ်။ ဦးကျော်သူဆိုရင် သရဲလိုပုံစံမျိုးပေါ့။ သေတာ ကြာပြီဖြစ်တဲ့အတွက် ပုပ်ပွနေတဲ့ ပုံစံလေးပေါ့။ ဦးရန်လေးကကျတော့ သေတာမကြာသေးတဲ့အတွက် ဖြူဖပ်ဖြူရော် ပုံစံလေးပါ။ မင်းသားတွေမှာ ဆိုရင် ရန်ဖြစ်တဲ့ ဒဏ်ရာပုံစံတွေကို တာဝန်ယူပြီး လုပ်ပေးခဲ့ပါတယ်။ အစကတော့ ကော်တွေဘာတွေနဲ့လုပ်ဖို့စဉ်းစားတာပေါ့။ နောက်တော့ ဒါရိုက်တာက အကြံပေးတယ် သနပ်ခါးနဲ့လုပ်မလားပေါ့။ သနပ်ခါးကိုတော့ အရောင်ပြောင်း ထားတယ်။ ပြီးတော့သန့်ရှင်းတဲ့သဲပေါ့။ အဲဒါလေးတွေနဲ့လုပ်တယ်။ ဦးရန်လေးကိုကျတော့ မိတ်ကပ်နဲ့ လွယ်လွယ် လေး လုပ်လို့ရတယ်။ ဒါပေမဲ့ ဦးကျော်သူကိုကျတော့ပိုပြီး အားစိုက်ရတယ်။ အတွေ့အကြုံတွေလည်း ရခဲ့ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

Hana Yu Ri ဟာ နာမည်ကြီးအဆိုတော်တစ်ဦးနဲ့ ချစ်သူအဖြစ် နှစ်အတော်ကြာလက်တွဲခဲ့ပြီးမှ ပြတ်စဲခဲ့ကြ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့အချစ်ရေးက ဘယ်လိုရှိနေလဲဆိုတာကို ဆက်လက်မေးမြန်းတော့…

”အချစ်ရေးကတော့ လောလောဆယ် မစဉ်းစားချင်သေးပါဘူး။ အလုပ်တွေအများကြီးလုပ်ချင်သေးတယ်။ လုံးဝမစဉ်းစားဘူးလို့တော့ ပြောတာမဟုတ်ပါဘူး။ ကံပါလာရင်တော့ တွေ့မှာပေါ့။ ကိုယ်က အချစ် ကို ရှာမှာထက် အချစ်ကကိုယ့်ကို လာရှာမှရမှာပါ။ လက်ရှိမှာတော့ ကိုယ်လုပ်စရာရှိတာပဲ လုပ်နေပါတယ်။ အချစ်ရေးအတွက် သတ်သတ် အချိန်ပေးစရာမရှိပါဘူး။ ကိုယ်ခန့်မှန်းထားတဲ့ ပုံစံလေးလိုကောင်လေး တစ်ယောက်က ကိုယ့်ကို စိတ်ဝင်စား မယ်ဆိုရင်လည်း တွဲရင်တွဲဖြစ်မှာပါ။ စိတ်ကူးထားတဲ့ကောင်လေးကတော့ စံနှုန်းတွေအလွန်မြင့်နေတယ်။ ကိုရီးယားမင်းသားတွေလိုပေါ့။ ကိုယ်နဲ့အတူရှိနေရင် မိသားစုလိုမျိုး စိတ်ချရမယ့်လူ ကိုယ့်ကိုကာကွယ်ပေး မယ့်လူမျိုးကို သဘောကျပါတယ်” လိုံ့Hana Yu Ri က ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here