Wednesday, May 6, 2026

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း...

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော်...

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏...
HomeArticlesကဗျာငှက်တစ်ကောင် ရဲ့ အတောင်ခတ်သံ

ကဗျာငှက်တစ်ကောင် ရဲ့ အတောင်ခတ်သံ

အသံကို နားစွင့်ကြည့်ပါ။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်နီးပါးက မန္တလေးက ထုတ်တဲ့ ရွှေဝတ်ရည်မဂ္ဂ ဇင်းတိုက်မှာ ကဗျာဆရာတွေ စုရုံး ချီတက်လာကြတယ်။ သူတို့အသံကို ပြည်သူလူထု စာဖတ်ပရိသတ်ကြား စေချင်လို့ အစီအစဉ်တစ်ခုလုပ် တယ်။ ‘ရေးသူတို့အပြော၊ ကဗျာ စကား စာစကား’ ‘ရွှေဝတ်ရည်စာပေ စကားဝိုင်း’တဲ့။ ဘယ်ခေါင်းစဉ် အောက်မှာလဲဆိုတော့ ‘ကဗျာငှက် တွေရဲ့ အတောင်ခတ်သံ’ပါ။

အဲဒီပွဲမှာ တာဝန်ခံအယ်ဒီတာ ကျွန်တော်က သူတို့အသံကို နား ထောင်တဲ့အခွင့်အရေးရခဲ့တယ်။ ကြည်နူးလိုက်တာ။ မောင်နွေထက်၊ အောင်ဘညို၊ အနှစ် (နယူးအိုင်)၊ နေ မျိုး၊ ချမ်းမင်းအိမ်၊ သွယ်အောင်၊ မောင်နွေအောင် (မလှိုင်)၊ ပိုင်စိုးဝေ၊ ကိုငြိမ်း (မန္တလေး) တို့က ‘ခေတ်ပေါ် ကဗျာဆိုတာကို ပြောကြပါတယ်။ အယ်ဒီတာအဖွဲ့က စီစဉ်တဲ့ ဒီပွဲက ထွက်လာတဲ့အသံတွေကို ရွှေဝတ်ရည် မဂ္ဂဇင်းအမှတ် ၄ မှာ ကဗျာဆရာ တွေရဲ့ ပုံတွေနဲ့ ဖော်ပြမျှဝေခဲ့ပါတယ်။ ဝင်းဝင်းမြင့် (နန်းရှေ့)၊ တင်ညွန့်မြိုင် (သာစည်)တို့လည်းပါရဲ့။ အဲဒီတုန်း က ကဗျာဆရာအောင်ဘညိုပြောခဲ့ တဲ့ စကားကို ပြန်လည်ဖော်ပြပါမယ်။ ဒီမှာပါ။ ကဗျာလည်း ပါတယ်။

ဂန္ထဝင်ရဲ့ ပွတ်တိုက်မှုနဲ့ ချောမောပြေပြစ်လာသော ခေတ်ပေါ် ကဗျာရဲ့ လမ်းကြောင်းပါခေတ်ပေါ်ကဗျာဟာ နှောင် ကြိုးကင်းမဲ့တယ်။ သင်ရိုးညွှန်းတမ်း စည်းတွေ ဘောင်တွေ မရှိဘူး။ သင်္ကေတ၊ နိမိတ်ပုံဖွဲ့စည်းထားတာမို့ ကဗျာရဲ့ အလျားကို ဆွဲဆန့်တွေးယူလို့ ရနိုင်တယ်။ ကျွန်တော်တို့ လူငယ်တစ် တွေဟာ လွတ်လပ်စွာ ရင်ခုန်သူတွေ ဆိုတော့ ခေတ်ပေါ်ကဗျာရဲ့ လွတ် လပ်မှုကို ခုံမင်တပ်မက်တယ်။ ဂန္ထဝင်ရဲ့ ပွတ်တိုက်မှုနဲ့ ချောမောပြေပြစ် လာတာ ခေတ်ပေါ်ကဗျာရဲ့လမ်း ကြောင်းပါ။ ဒါကြောင့် ဒီနေ့ကဗျာ တွေရဲ့ သွေးခုန်နှုန်းဟာ ချိုမြိန်လတ် ဆတ် ရှတနေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ခေတ်စမ်းခေါင်းဆောင်များဖြစ်တဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်နဲ့ ခေတ်ပေါ်ကဗျာကို မျိုးစေ့ချပေးခဲ့တဲ့ ဆရာဒဂုန်တာရာနဲ့ မိုးဝေကဗျာခေတ် ကို ကျေးဇူးစကားဆိုရမှာဖြစ်တယ်။

အောင်ဘညို
ရွှေဝတ်ရည်မဂ္ဂဇင်းအမှတ် ၄၊ ၁၉၉ဝ
ပိုက်ကျုံးလမ်းဆုံ ဘူတာရုံ
ပိုက်ကျုံးလမ်းမဟာ
စစ်တပ်ထားတဲ့ အင်္ကျီကိုဝတ်လို့။

ပဒေါင်တွေ
ပဒေါင်တွေ
ခိုလှောင်အိမ်လို ဘူတာရုံမှာ စုပြုံ
မျက်လုံးရဲ့ စက္ကန့်တံများ
စိုးရိမ်ရေအမှတ်ကျော်စပြုပြီ။

ဒေါင်းဖတ်စာထဲက
သင်ခန်းစာတချို့
နှစ်ချို့ဝိုင်လို ပြင်းရှ
အာဂုံဆောင်နိုင်ကြပြီပ။

ရွှေဘိုနယ်တစ်လွှား
ခွာသံပြင်းတဲ့မြင်း
ခြေပန်းကျရော့ထင်။

ဖုန်လုံးနဲ့မိတ်ကပ်
လက်ထပ်တဲ့ပွဲ
လော်စပီကာမပါဘဲ
ကျင်းပနေလေရဲ့။

လာပြီ ဟေ့ …လာပြီ
ကလေးချီထားတဲ့
သားသည်အမေရဲ့ အသံ
စူးညံလွင့်ပျံ
လည်တစ်ဆန့်သက်ပြင်း
ဟင်းခနဲ လွှတ်ချလိုက်ကြ။

အလံစိမ်းခရာတုတ်
ငြိမ့်ခနဲအလှုပ်
ဇစ်ပေါ်မှာ
တကြုတ်ကြုတ်ဖြတ်မောင်း။

မတိုးနိုင် မတက်နိုင်
ငေးငိုင်ကျန်ရစ်သူတွေ
ပိုက်ကျုံးလမ်းဆုံ
ဘူတာရုံထဲ
ဖုန်ခိုးပွက်ထ
ညှိုးလျငေးမော
ပင့်သက်တောမှာ။

အောင်ဘညို
ရွှေဝတ်ရည်မဂ္ဂဇင်းအမှတ် ၄၊ ၁၉၉ဝ
အောင်ဘညိုကို လွမ်းစေတာက ဒီလောက်နဲ့ မပြီးသေးပါဘူး။ သူနဲ့ ကျွန်တော်က ရေစက်ပါဟန်တူတယ်။ သူက ကျွန်တော်စာပေတာဝန်ထမ်း တဲ့ ရွှေဝတ်ရည်မဂ္ဂဇင်းမှာလည်း ဝင် ရေးပြီး ကူညီတယ်။ ၂ဝ၁၅ ခုနှစ်မှာ လူ့ဘောင်သစ်ဂျာနယ်ထဲလည်း သူဝင်ကူရေးပြန်တာပဲ။ ဘာတဲ့ခေါင်း စဉ်က။ ‘စစ်ပွဲတွေရပ်’တဲ့။ တော်လိုက် တဲ့ အားမာန်တင်းတဲ့ မျိုးဆက်သစ်။ ဘာလို့ဒီလိုခေါ်ရလဲ။ နာမည်တပ်ရ လဲ။

အဲဗျာ … ကျွန်တော်ဖြင့် အံ့ သြသွားတာပဲ။ တစ်ချိန်က မန္တလေး တက္ကသိုလ်ကျောင်းသားခေါင်း ဆောင် စာရေးဆရာ၊ သတင်းစာ ဆရာ ကျွန်တော်တို့နဲ့ လုပ်ဖော်ကိုင် ဖက်ရေးဖော်ရေးဖက် တက္ကသိုလ်ဝင်း ရဲ့ တူတဲ့လေ။ ဒီအကြောင်း အရင်က ကျွန်တော်မသိဘူး။ တက္ကသိုလ်ဝင်းနဲ့ သီးခြားရင်းနှီးတယ်။ အောင်ဘညို နဲ့လည်း သီးခြားရင်းနှီးတယ်။ ဒီလိုပဲ ဒါပဲ။ နောက်မှအကြောင်းရင်း သိရ တော့ အံ့သြသွား ဝမ်းသာသွားပေါ့။

ကိုင်း – ဟုတ်ပြီ။ သူရေးခဲ့တဲ့ ကဗျာဖတ်ပြီး ဆန္ဒတစ်ခုပြုကြစို့လား။

‘စစ်ပွဲတွေရပ်’
အောင်ဘညိုကဗျာ ဒီမှာပါ။
စစ်ပွဲတွေရပ်
ငြိမ်းချမ်းရေးရဖို့
စစ်ပွဲတွေ ဆင်နွှဲနေရတယ်။

ကျူးကျော်စစ်
ခုခံစစ်
လူမျိုးရေးစစ်
ဘာသာရေးစစ်
စစ်ပွဲတွေဟာ
ကမ္ဘာပေါ်မှာ အကျယ်လောင်ဆုံး
ပေါက်ကွဲမြည်ဟည်းနေခဲ့တယ်။

ကျည်ဆန်တစ်တောင့်ဟာ
လူတစ်ယောက်ရဲ့ ဘဝ
လူတစ်ယောက်ရဲ့ အနာဂတ်
လူတစ်ယောက်ရဲ့ မျှော်လင့်ချက်
လူတစ်ယောက်ရဲ့ အသက်
ခြွေဖျက်ပစ်နိုင်ပါတယ်။

လူတစ်ယောက်ရဲ့ ထမင်းတစ်နပ်ဟာ
ကျည်ဆန်တစ်တောင့်နဲ့
ညီမျှပါတယ်။
ခုတော့ သေနတ်သံမစဲ
ယမ်းငွေ့မပြယ်သောနေ့များ
ငါတို့ တိုင်းပြည်မှာ
ကျည်ဆန်တွေ တောင်ပုံယာပုံ။

ကဲ . . .
ထမင်းတစ်နပ်လျှော့စားပါလို့
ပြောနေတဲ့ လူကြီးမင်း
သေနတ်တွေ ဘေးချ
ကျည်ဆန်တွေ အနားပေး
ပြည်သူတွေ
ထမင်းဝဝစားရအောင် —-။

အောင်ဘညို

(လူ့ဘောင်သစ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၃ ၊ ၂ဝ၁၅ မတ်လ)

ဖွင့်ဟဝန်ခံချက် ။ ။ ‘ကဗျာငှက်တွေရဲ့ အတောင် ခတ်သံ’ဆိုတာ ကိုငြိမ်း (မန္တလေး)ရဲ့ စကားလုံးဖြစ်တယ်။ ယူသုံးတာပါ။

မောင်သစ်လွင် (လူထု)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071