အိန္ဒြာကျော်ဇင်က မာန်မာနမရှိတဲ့ မင်းသမီးတစ်ယောက်ပါ အလှမယ်ရွှေအိမ်စည်

0
183

သရုပ်ဆောင်ရွှေအိမ်စည် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ကြိုး ဖုန်း’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ပရိသတ်တွေကြည့် ရှုခံစားရတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ကူးစဉ်က အမှတ်တ ရများစွာရှိခဲ့ပြီး ဝါရင့်သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဆီကလည်း ပညာတွေရခဲ့ကြောင်း ရွှေအိမ်စည်က …

”ဒီဇာတ်ကားမှာ အိမ်စည်ကမော်ဒယ်လ်အနေနဲ့ပဲပါဝင်ပြီး လူ တိုင်းကကြည့်မရတဲ့ ခပ်ဟော့ဟော့ပုံစံ၊ အချိုးမပြေတဲ့ပုံစံမျိုးလေးသရုပ် ဆောင်ထားပါတယ်။ မအူဝဲ(အိန္ဒြာကျော်ဇင်)ဆီက ပညာတွေအများ ကြီးရခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးစဉ်ကလည်း သင်ကြားပေးမှု တွေရှိပါတယ်။ သူက အိမ်စည်ငယ်ငယ်လေးကတည်းက လေးစား အားကျ ကြိုက်နှစ်သက်ခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ။ သူနဲ့ အပြင်မှာ တစ်ခါမှစကားမပြောဖူးဘူး၊ မတွေ့ဖူးဘူး။ ဒါပေမဲ့ အခုလို တွေ့ဆုံတဲ့ အခါမှာ သူကတအားဖော်ရွေတယ်။ မာန်မာနမရှိဘူး။ အိမ်စည် ကြိုက်နှစ်သက်တဲ့ လူတော်တော်များများဆိုရင် အပြင်မှာတွေ့တဲ့အ ခါ သူတို့ရဲ့အိုင်ဒီယာတွေက နည်းနည်းပြောင်းသွားတယ်။ သူတို့မှာ ရှိတဲ့ Image နဲ့ အိမ်စည်အပြင်မှာ စကားပြောကြည့်လိုက်တဲ့အခါ ကွာရင် ကွာတယ်လေ။ ဒါပေမဲ့ မအူဝဲက မကွာဘူး။ပိုတောင်မှ သဘော ကောင်းနေသေးတယ်” လို့ ပြောပြခဲ့ ပါတယ်။ အခုဆိုရင် ရွှေအိမ်စည်က ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ် ဆောင်နေပြီဖြစ်ပြီး အခုလတ်တလောမှာလည်း ဒါရိုက်တာ သားညီ ရိုက်ကူးတဲ့ ‘၂၅%’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေ တာဖြစ်ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင် 


LEAVE A REPLY

Please enter your comment!
Please enter your name here