လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက အိပ်မက်ကို အကောင်အထည်ဖော်လိုက်တဲ့ သရုပ်ဆောင် စမိုင်းလ်ရဲ့ခင်ပွန်း ကိုပြည့်မောင်

0
128

သရုပ်ဆောင် စမိုင်းလ်ရဲ့ ခင် ပွန်းဖြစ်သူ ကိုပြည့်မောင်ကတော့ ဇနီးဖြစ်သူ စမိုင်းလ်ရဲ့ မွေးနေ့ အတွက် ကျပ်သိန်း ၈ဝဝဝ တန်ဖိုးရှိတဲ့ ရိုးရွိုက်စ်ကားကို မွေးနေ့လက်ဆောင် အဖြစ်ပေးပြီး Surprise လုပ်ပေးခဲ့ပါတယ်။ ဇနီးဖြစ်သူကို အခုလိုတန်ဖိုးကြီး ကားကို ဝယ်ပေးရတဲ့ ခံစားချက်ကို ကိုပြည့်မောင်က ….

”စီစဉ်တာကတော့ တော်တော့်ကို စီစဉ်လိုက်ရပါတယ်။ Meeting ရှိတယ်ဆိုပြီးတော့ အိမ်က ခိုးထွက်လာတယ်။ ကိုမောင်မောင်အေးတို့၊ ကိုဆန်း ထွဋ်တို့၊ ရန်ရန်တို့ အကူအညီလည်းပါတာပေါ့။ သူက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော့်မွေးနေ့မှာ ကား လက်ဆောင်ပေးပြီး Surprise လုပ်ခဲ့ပါတယ်။ ဒီနှစ်က တော့ သူ့ကို ပြန်လုပ်ပေးတာပေါ့။ ဒါကတော့ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က အိပ်မက်တစ်ခုပါ။ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က ကျွန်တော်တို့ အင်္ဂလန်မှာဘဝအတွက် ရုန်း ကန်လှုပ်ရှားနေကြရတဲ့အချိန်တုန်းကပေါ့။ နှစ် ယောက် သားဘတ်စ်ကားစီးဖို့ ဘတ်စ်ကားဂိတ်မှာ ကားစောင့်နေတဲ့ အချိန်ဆိုရင် အလွန်အေးတယ်။ တစ်ယောက်နဲ့တစ်ယောက် မလှုပ်နိုင်အောင်ဖက်ထားကြရတယ်။ ဘတ်စ်ကား စောင့်တိုင်းလည်းအမြဲတမ်းပြောဖြစ် ကြတယ်။ ပိုက်ဆံရှိလာရင် ကားလေး တစ်စီးလောက် ဝယ်ချင်တယ်ပေါ့။ အဲဒါက လွန်ခဲ့တဲ့ ၁၇ နှစ်လောက်ကပါ။ အဲဒီ အိပ်မက်ကို အခုမှအကောင်အထည်ဖော်လိုက်တာပေါ့”လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here