Friday, May 30, 2025

ပါကစ္စတန်၌ မိုးသည်းထန်စွာရွာသွန်း၍ လူ ၉...

အစ္စလာမာဘတ်၊မေ ၂၈ ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးမုန်တိုင်းများ ပြင်းထန်စွာတိုက်ခတ်မှုကြောင့် လူ ၉ ဦးထက်မနည်း‌ေ-သဆုံးကာ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ မုန်တိုင်းကြောင့် အိမ်များ၊အခြေခံအဆောက်အဦများနှင့် သီးနှံစိုက်ခင်းများသာမက...

ကမ္ဘောဒီးယားတွင်အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်း၊ဂျပန် ၂၀ ကျော် အဖမ်းခံရ

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် အာဏာပိုင်များက နိုင်ငံခြားသား ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းတို့ထဲမှ ၂၀ ကျော်သည် ဂျပန်နိုင်ငံသားများဟု ယူဆရကြောင်း အဆိုပါကိစ္စနှင့်...

ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ယခုအချိန်တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃၈၀၄)ဘီလီယံကျော်ရှိခဲ့

ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ကျင်းပသည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များ၏ ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲတွင်...
HomeEntertainmentBusinessအသက် ၃ဝ ကျော်ရင်...

အသက် ၃ဝ ကျော်ရင် အမေရိကားမှာစီးပွားရေး လုပ်ငန်း သွားရောက် လုပ်ကိုင် မယ့်ဘေဘီမောင်

သရုပ်ဆောင်ဘေဘီမောင်က အနုပညာအလုပ်အပြင် စီးပွားရေး လုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်နေတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါ တယ်။ အခုလက်ရှိသူ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းကတော့ ဖက်ရှင်ဆိုင် နဲ့အလှပြင်ဆိုင်တို့ပဲဖြစ်ပါတယ်။ သူ့အနေနဲ့ နောက်ထပ် လည်း တိုးချဲ့ပြုလုပ် သွားမယ့် စီးပွားရေးလုပ်ငန်းတွေရှိသလို သူ့အသက် ၃ဝ ကျော်ရင်လည်း အမေရိကားကို သွားရောက်ပြီး စီးပွားရေးလုပ်ငန်း တစ်ခုလုပ်ကိုင်ဖို့ ရှိကြောင်း ဘေဘီမောင်ကပြောပါတယ်။

“ညီမ အမေရိကားမှာ အလုပ်သွားလုပ်မှာ မဟုတ်ဘူး။ကိုယ်တိုင် ကိုယ့် စီးပွားရေးကို သွားလုပ်မှာပါ။ ဟိုမှာ မြန်မာနိုင်ငံအနေနဲ့ ဘာစီးပွား ရေးလုပ် လို့ရမလဲ ဆိုတာမျိုးလေးပေါ့။ အဒေါ်တွေကလည်း ဟိုမှာရှိနေ တယ်။ သူတို့က လည်း အဲဒီမှာ ဆူရှီဆိုင်တွေဖွင့်ထားတယ်။ အဲဒီလိုဆို တော့ ကိုယ်လည်း ဟိုမှာဆိုင်ဖွင့်ဖို့ ရည်ရွယ်တာပါ။ အမေရိကားမှာက ဆူရှီဆိုင်တော်တော်များများ ဖွင့်ကြတာရှိတယ်။ ညီမလည်း ဆူရှီဆိုင်ပဲ ဖြစ်မလား၊ ဒါမှမဟုတ် သူတို့တွေ မြန်မာနိုင်ငံက ဘယ်အစားအစာတွေ ကြိုက်နှစ်သက်လဲ။ အဲဒါမျိုးတွေ လေ့ လာပြီးလုပ်သွားမယ်။အခုလောလောဆယ်တော့ အမေရိကားက အဒေါ်နဲ့ တိုင်ပင်နေတယ်”လို့ ပြောပြပါတယ်။ ခုချိန်မှာ သူ့အသက်က ၂၇ နှစ်ရှိ သွား ပြီဖြစ်တဲ့အတွက် ဒီ စိတ်ကူးကို အကောင်အထည်ဖော်နိုင်ဖို့က နောက် ၃ နှစ်သာလိုပါတော့တယ်။ ဒီ့အတွက် သူဘာတွေ ပြင်ဆင်ထားလဲ ဆိုတာကို ဘေဘီမောင် က…

“ပိုက်ဆံတော့ များများ စုဆောင်းထားရတာပေါ့။ ပြီးတော့ ကိုယ်က ပညာတတ်ကြီး မဟုတ်တဲ့ အခါကျတော့ စာတွေပြန်ပြီး လေ့လာနေရတယ်။ ကိုယ်လုပ်ကိုင်မယ့် စီးပွားရေးအတွက်က ဟိုမှာလူခံရှိတဲ့အခါကျတော့ နည်း နည်းအဆင်ပြေပါတယ်။ လိုအပ်မယ့်အရာ အားလုံးအတွက်ကိုလည်း အဒေါ်နဲ့ တိုင်ပင်နေပါတယ်။ အခုလို အမေရိကား မှာ စီးပွားရေးသွား ရောက်လုပ်ကိုင် မယ်ဆိုတာကလည်း တစ်ရွာမပြောင်း သူ ကောင်းမဖြစ်ဆိုတဲ့ စကားအတိုင်း ရော၊ ပြီးတော့ မိဘတွေ မောင်လေး၊ ညီမလေးတွေကို ဒီထက်ကောင်းကောင်း မွန်မွန်ပြည့်ပြည့်စုံစုံနဲ့ ထားချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ။ ပြီးတော့ ညီမက စွန့်စားပြီး လုပ်ကိုင်ရတဲ့ အလုပ်ကို သဘောကျတဲ့အတွက်ကြောင့်ပါ” လို့ ပြော ပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071