Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeCelebrities' Newsအွန်လိုင်းမှာ သီချင်းတစ်ပုဒ်ရောင်းချသွားမယ့် အဆိုတော်...

အွန်လိုင်းမှာ သီချင်းတစ်ပုဒ်ရောင်းချသွားမယ့် အဆိုတော် ချောစုခင်

အဆိုတော်ချောစုခင်ကတော့ လတ်တလောမှာ သူမရဲ့သီချင်းတွေကို နားထောင်ချင်တဲ့ ပရိသတ်တွေအတွက် ‘တောင်းဆိုချက်’ဆိုတဲ့music video လေးကို အွန်လိုင်းပေါ်မှာ ရောင်းချ သွားဖို့ရှိတယ်လို့ သိရပါတယ်။ အွန်လိုင်းပေါ်မှာ music video လေးတင်ဖြစ်မယ့်အကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော်ချောစုခင်က…

“အစ်မအွန်လိုင်းပေါ်ကနေပြီး ပရိသတ်တွေအတွက် သီ ချင်းလေးတစ်ပုဒ်လောက် အွန်လိုင်းပေါ်မှာ ရောင်းချသွားဖို့စဉ်းစားထားပါတယ်။ music arrange ကတော့ ထျန်ခေးနဲ့ အတီးဆရာတွေနဲ့ပေါ့။ တေးရေးလည်း ထျန်ခေးပဲရေးထားတယ်။ သီချင်းလေးရဲ့နာမည်ကတော့ တောင်းဆိုချက်ပါ။ အစ်မသီချင်းတွေ စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် ဒီသီချင်းလေးကို အွန်လိုင်းကနေ ရောင်းချပေးသွားမှာပါ။ ပရိသတ် တွေ အားပေးကြပါဦး”လို့ ပြောပါတယ်။

ခေတ်ရေစီးကြောင်းအရ အဆိုတော်အသစ်လေးတွေများလာတဲ့အပေါ်ဘယ်လို မြင်မိလဲဆိုပြီး မေးကြည့်တဲ့အခါမှာတော့ ချောစုခင်က..

“အခုခေတ်မှာ ဂီတကိုစိတ်ဝင်စား တဲ့ မျိုးဆက်သစ်လေးတွေများတယ်။ အဲဒီအတွက်ကြောင့်လည်း သူတို့ ဒီဂီတလောက ထဲကို ဝင်လာခဲ့တဲ့အတွက် ကြိုဆိုတယ်။ ဂုဏ်ယူတယ်။ အဆိုတော်အသစ်လေးတွေ များလာတာနဲ့ပတ်သက်ပြီးတော့ ဘာမှပြောစရာမရှိပါဘူး။ အစ်မတို့တုန်းကလည်း ဒီအတိုင်းပါပဲ။ အကုန်လုံးလို အပ်ချက်တွေနဲ့ တက်လှမ်းလာရတာချည်းပဲလေ။ ပြီးမှသာ လုပ်ရင်းကိုင်ရင်းနဲ့ ဒါတွေက တတ်လာကြတာပေါ့။ အစ်မကမှာချင်တာကတော့ ဆက်ဆံရေးကောင်းဖို့ရယ်၊ ကိုယ်ချစ်တဲ့အလုပ်ကို အကောင်းဆုံးကြိုးစားလုပ်ဖို့ရယ်ပဲ အစ်မကတော့မှာချင်တယ်။ ဒါပေမဲ့ အခုတော်တော်များများ အဆိုတော်သစ်လေး တွေကတော်ပါတယ်။ ယဉ်ယဉ်ကျေးကျေးလည်းရှိတယ်။ အကုန်လုံးနဲ့လည်း အဆင် ပြေမှာပါ”လို့ ပြောပါတယ်။

ပရိသတ်တွေနဲ့ အနေဝေးနေ သလို ဖြစ်နေတဲ့အကြောင်းကိုလည်း ချောစုခင်က “အမှန်တကယ်တော့ အစ်မအမြဲတမ်းတော့ ပွဲတွေသွားရောက်ပြီး သီချင်းဆိုတယ်။ အနုပညာလောကထဲမှာပဲရှိတယ်။ ဒါပေမဲ့ အခွေမထွက်ဖြစ်တာ ပဲရှိတယ်။VCD ခွေတို့၊ ရန်ကုန်မှာရှိုးပွဲအကြီးတွေမှာ ပါဝင်သီဆိုတာတို့ မလုပ်ဖြစ်တာများလို့ ပရိသတ်နဲ့ ဝေးကွာနေ တယ်လို့ ထင်ရတာပါ။ အမြဲတမ်းအနုပညာအလုပ်တွေပဲ လုပ်နေတာပါ” လို့ ပြောပါတယ်။

သဲစုလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071