ဖုန်းပျောက်ဆုံးမှုကြောင့် စိတ်ညစ်ခဲ့ရတဲ့ စည်သူလွင်

0
171

 

စည်သူလွင်က သူ့ရဲ့တစ်ကိုယ်တော်စီးရီးခွေအတွက် စီစဉ်နေပါပြီ။ ထွက်ရှိဖို့လုပ်နေတဲ့ စီးရီးခွေတွေလည်းရှိနေပေမယ့် ထွက်ခါနီးကျမှပဲ ပရိသတ်ကြီးကို အသိပေးတော့မယ်လို့ ပြောပါတယ်။ မကြာခင်က ဖုန်း အလိမ်ခံလိုက်ရတဲ့စည်သူလွင်က ဖုန်းနဲ့ပတ်သက်လို့ သူအတော်လေးဒုက္ခရောက်ခဲ့ရ ပါတယ်။ သူ့ဖုန်းကိုယူပြီး ဖုန်းထဲက Content တွေကို ဆက်သွယ်ကာ သူ့နာမည်နဲ့ငွေချေး တာမျိုးတွေကို လုပ်ခြင်းခံခဲ့ရပါတယ်။

“အဲဒါကြီးကတော့ မကောင်းဘူးလေ။ ကိုယ့်ဖုန်းထဲကရတဲ့ နံပါတ်တွေနဲ့ သူများကို လိုက်ပြီးတော့ အ နှောင့်အယှက် ပေးသလိုဖြစ်နေတာပေါ့။ အဲဒါတော့ နည်းနည်းစိတ်ရှုပ် စရာကောင်းတာပေါ့။ သူတောင်းတာကိုတစ်ယောက်မှတော့မပါသွားကြပါဘူး။ တော်သေး တယ်လို့ပဲပြောရမယ်”လို့ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ စည်သူလွင်က ပြောပါတယ်။ အခုခေတ်ကာလမှာတော့ ဖုန်းကိုတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ် ပြောဆိုဖို့ဆိုတာထက် အချက်အလက်များသိမ်းဆည်းခြင်း၊ အမှတ်တရ ဓါတ်ပုံများသိမ်းဆည်းခြင်းတွေအတွက်ပါ လူတွေတော်တော်များများ က အသုံးပြုကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖုန်းပျောက်သွားတဲ့ အခါမှာ ဖုန်းနဲ့အတူတူအချက်အလက်တွေပါ ပျက်စီးဆုံးရှုံးရတာမျိုး တွေဖြစ်တတ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့လည်း စည်သူလွင်က . . .

“ကျွန်တော်လည်း အခုဆိုရင်သတိထားမိသွားတယ်။ ဖုန်းကို အရင်တုန်းကလိုမျိုး လက်လွတ်စပယ်သိပ်မထားတော့ဘူး။ ဖုန်း တစ်ခုပျောက်သွားတဲ့အခါမှာ အလုပ်လုပ်ဖို့တောင်မှ တော်တော် နှောင့်နှေးသွားတယ်လေ။ ဒါကြောင့်သူငယ် ချင်းတွေအနေနဲ့ လည်း တတ်နိုင်သမျှတော့ဖုန်းကို ဂရုစိုက်ပါ။ ဖုန်းဆိုတာမျိုးက ကိုယ်နဲ့မကွာထားတာကောင်းပါတယ်။ ပျောက်သွားတာ အကြောင်းမဟုတ်ဘူး။ ပျောက်သွားလို့ ဖုန်းကိုရောင်းစားမယ့် သူဆိုရင် အကြောင်းမဟုတ်ဘူး။ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ခြား ဟာတွေဆက်ပြီးတော့ လုပ်ချင်တဲ့လူမျိုးနဲ့တွေ့ရင်တော့ ကိုယ် လည်းဒုက္ခရောက်နိုင်တာပေါ့လေ။ ဖုန်းဆိုတာမျိုးက ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေပါတဲ့ဟာမျိုးဆိုတော့ ပိုဂရုစိုက်သင့်ပါတယ်”လို့ သူ့ရဲ့အတွေ့အကြုံအရ ပြောပြပါ တယ်။

လင်းအက္ခရာ

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here