ရွှေထူးနဲ့ ဝတ်မှုံရွှေရည်တို့ကြိုက်တဲ့OPPO F7နဲ့ OPPO F7 Youthစမတ်ဖုန်း မိတ်ဆက်

0
117

OPPO Smartphone ကို နှစ်ခြိုက်စွာ သုံးစွဲနေကြတဲ့ ကမ္ဘာတစ် ဝှမ်းမှ လူငယ်များအတွက် OPPO Myanmar မှOPPO F7 နဲOPPO F7 Youth ဖုန်းတို့ကို မေလ ၃ဝ ရက်နေ့ကMelia Hotel မှာ မိတ် ဆက်ပွဲကျင်းပပြုလုပ်ကာ ပြည်တွင်း သုံးစွဲသူများထံ အသိပေးခဲ့ပါတယ်။
OPPO F7 ဖုန်းဈေးနှုန်းက တော့ ၃၈၉ဝဝဝ ကျပ်ဖြစ်ပြီးOPPO F7 Youth ကတော့ ၃၁၉ဝဝဝ ကျပ် ပဲဖြစ်ပါတယ်။OPPO F7 နဲ့OPPO F7 Youth ဖုန်းမှာ ရရှိနိုင်တဲ့ ကာ လာများကတော့ Solar Red, Moonlight Silver ဆိုပြီး ၃ ရောင် ရှိပါတယ်။

အခုအသစ်ထွက်ရှိတဲ့စမတ်ဖုန်း များရဲ့အားသာချက်နဲ့သူအကြိုက် တွေ့တဲ့Function များ အကြောင်း ကို Brand Ambassador ဝတ်မှုံ ရွှေရည်က…

“Face IT ကြိုက်တယ်။ Fin- ger print ကြိုက်တယ်။ Function ထဲမှာဆိုရင် ARစတေကာဆိုတာ ရှိတယ်။ ဒေါင်းလုတ်လုပ်စရာမလိုဘဲ နဲ့ အချိန်ကုန်သက်သာတယ်။ သူ့ထဲ မှာပါတဲ့ စတေကာလေးတွေကို သ ဘောကျတယ်”လို့ပြောပါတယ်။ နောက်ထBrand Amba- ssador တစ်ဦးဖြစ်တဲ့ ရွှေထူး ကလည်း “OPPO နဲ့ ပတ် သက်ပြီး ကျွန်တော်ကြိုက်တာ က ကင်မရာ ပိုင်းဆိုင်ရာပေါ့။အကြိုက် ဆုံးနဲ့ နောက်တစ်ခုက တေှာ့ခမနနည က ခြောက်လက်မ မျက်နှာစာ အပြည့် ဖြစ်တဲ့အတွက် ဂိမ်းဆော့ရတာ အဆင်ပြေတယ်။ ဂိမ်းဆော့နေရင်း ဖုန်းလာလို့ ရှိရင် ဖုန်းပြောလို့ရတယ်။ မက်ဆေ့ခ်ျပို့လို့ ရတယ်။ ပြီးတော့ ဘက်ထရီကုန်တာ အလွန် သက် သာတယ်။ အဲဒါတွေက ကျွန်တော် အကြိုက်ဆုံးအချက်တွေ ပါ” လို့ ပြောပါတယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here