ကိုရီးယားနိုင်ငံမှာ ပြုလုပ်မယ့် 2018 Changwon K-Pop World Festival မှာ ယှဉ်ပြိုင်ဖို့ စိတ်လှုပ်ရှားနေသူ ယုဝေဖြိုး

0
187

ကိုရီးယားနိုင်ငံမှာပြုလုပ်မယ့် 2018 Changwon K-Pop World Festival ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ် စားပြုအနေနဲ့ အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့ အဆိုတော်မလေး ယုဝေဖြိုးက သွားရောက်ယှဉ်ပြိုင်ရမှာဖြစ် ပါတယ်။ သူ့အနေနဲ့ ကိုရီးယားဘာသာစကားသင်တန်းတွေ တက်ရောက်ပြီး သင်ယူထားတာ လုံးဝမရှိ ပါဘဲ ရုပ်ရှင်တွေကြည့်၊ သီချင်းတွေနားထောင်ပြီး လေ့လာဆည်းပူးရင်းကိုရီးယားသီချင်းတွေကို ပိုင်နိုင်စွာ သီဆိုနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

“သမီးတို့ စသိတာက ကိုရီးယား နိုင်ငံဆီ သွားရောက်ရမယ်လို့ မသိပါဘူး။ ဒါနဲ့သမီး ဝင်ရောက်ယှဉ် ပြိုင်ဖြစ်တယ်။Video Auditionလုပ်ဖြစ်တယ်။ ရွေးချယ်ခံရတယ်။ ရွေးချယ်ခံပြီးတော့မှ နိုင်တဲ့သူ ကိုရီး ယားနိုင်ငံဆီ သွားရောက်ယှဉ်ပြိုင်ရမယ်ဆိုတာသိရှိရတာပါ။ အမှန်အတိုင်းပြောရရင် winner ရလိမ့် မယ်လို့ မထင်ထားခဲ့ဘူး။

သမီးကk.popပြိုင်ပွဲထဲ ဝင်ရောက်လာတာ အခုမှပထမဆုံးဝင်ရောက်ယှဉ်ပြိုင်တာပါ။ အခုမှ ပထမဆုံးအကြိမ်ဆိုတော့ အဲဒီလောက် အထိ အားပေးမယ်လို့လည်း ထင် မထားပါဘူး။ ဒါကြောင့်မို့လည်း မမျှော်လင့်ခဲ့တာပါ။k.pop ကတော့ သမီးက ငယ်ငယ်လေးကတည်းက တအားရူးသွပ်ပါတယ်။k.pop အဖွဲ့တွေကို အားကျတယ်။ အိမ်မှာဆိုရင်လည်း သမီးအစ်ကိုနဲ့ Cover dance တွကဖြစ်တယ်။ ၁ဝ တန်းဖြေဆို ပြီးရင်တော့  Cover dance တွေ Cover song တွေ လုပ်သွားဖို့ရှိပါတယ်။ ကိုရီးယား သီချင်းက တော့သမီးက သီးသန့်ကြီး မလေ့ကျင့်ဖြစ်ဘူး။ ဒါပေမဲ့ ခရီးပဲ သွားသွား ဘယ်ပဲသွားသွား ကိုရီးယားသီချင်းကို အမြဲနား ထောင် ဖြစ်တယ်။ နားထောင်ရင်း နဲ့ပဲကိုယ့် ဘာသာကိုကျက်တယ်” လို့ ကိုရီး ယားတေးသီချင်း လေ့လာမှုနဲ့ ပတ်သက်လို့ ယုဝေ ဖြိုးက ပြောပြ ပါတယ်။

ကိုရီးယားမှာ သွားရောက် ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲအတွက်လည်း သူ့အနေနဲ့ စိတ်လှုပ်ရှားနေပြီး မြန်မာ့ဂုဏ် ဆောင်နိုင်ဖို့အကောင်း ဆုံး ဖြစ် အောင်ကြိုးစားသွားမယ်လို့ လည်းသူကပြောခဲ့ပါတယ်။ အသက် ၈ နှစ်အရွယ်ကတည်းက သီချင်းတွေ ကိုစတင်သီဆိုခဲ့တာဖြစ်ပြီး ရုပ်သံ အဆိုပြိုင်ပွဲတွေမှာလည်း သူ့အနေ နဲ့ပါဝင်သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ သူ့ရဲ့မိသားစုကလည်းဂီတနဲ့ ပတ် သက်လို့အားပေးမှုတွေရှိတာ ကြောင့်သူဟာဂီတကိုစိတ် လက်ချမ်းသာစွာနဲ့ လုပ်ကိုင် နိုင်ခဲ့ပါတယ်။

“သီချင်းတွေကတော့ သမီးရဲ့ အဖေက သင်ပြပေး တာပါ။ သမီးက ငယ်ငယ် လေးကတည်းက ကြောက် စိတ်လည်းမရှိဘူး။ ရှက် စိတ်လည်း မရှိဘူး။ စင် ပေါ်တက်ရမှာ ကို စိတ် လည်းမလှုပ်ရှား ဘူး။ ဒီအတိုင်းတက် လိုက် တယ်၊ ဆိုလိုက်တာပဲ။ အခုကတော့ စတီရီ ယိုလိုင်း ပဲသွားပါ တယ်။ ဒါပေမဲ့ တစ် ခါတလေလည်း မြန် မာသံသီချင်း တွေ ဆိုဖြစ်ပါတယ်” လို့ ယုဝေဖြိုးကပြောပြပါ တယ်။ သူကဆယ်တန်း နောက်မှာလည်း စီးရီးခွေထွက်ဖို့ စီစဉ်ထားကြောင်းသိရပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here