Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeCelebrities' Newsနှိမ့်ချမှု၊ နာခံတတ်မှု၊ ကြိုးစားမှုတွေကို...

နှိမ့်ချမှု၊ နာခံတတ်မှု၊ ကြိုးစားမှုတွေကို ရင်းနှီးခဲ့ရတဲ့မီးနို ရဲ့ ဒုတိယတစ်ကိုယ်တော် စီးရီးခွေ

အသက် ၂၇ နှစ်ဆိုတဲ့ အတိုင်း အတာဆိုတာ လူငယ်ကနေ လူလတ်ပိုင်းအရွယ်ကိုရောက်ရှိလာခဲ့တဲ့ကာလ။ တစ်နည်းအားဖြင့် လူ့လောကကြီး အကြောင်း အတန်အသင့်သိရှိပြီး သွားပြီဖြစ်သလို အတွေ့အကြုံတွေလည်းများစွာရရှိခဲ့ ပြီးပြီ။ အသက် ၁၇ နှစ်အရွယ်ကတည်းကMelody World သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ဂီတလမ်းခရီးကို စတင်ခဲ့တဲ့ အဆိုတော်မလေး မီးနို။ သူမအနေနဲ့ ‘ဓားတစ်စင်းနှင့်ချစ်မိခြင်း’ ဆိုတဲ့တေးစီးရီးခွေလေးထွက်ခဲ့တယ်။ ပြီး တော့မီးနိုက မကြာသေးခင်တုန်းကမှGalaxy Star ဆိုတဲ့သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သေးတယ်။ ဂီတနယ် ပယ်ထဲမှာ မီးနိုဖြတ်သန်းခဲ့တာ ၁၇ နှစ်ကနေ အခု ၂၇ နှစ်ဆိုတော့ ၁ဝ နှစ်လောက် အချိန်အတိုင်းအတာရှိခဲ့ပါပြီ။ မီးနိုက ‘ပြိုင် ပွဲ’ ဆိုတဲ့ သူမ ရဲ့ ဒုတိယအခွေလေးကို မေလ ၂၇ ရက်နေ့မှာ ထွက်ရှိခဲ့ပါပြီ။ ပုံစံအသစ်တွေနဲ့ မီးနိုပေါ့။ ဘယ် လိုပဲဖြစ်ဖြစ် ဇွဲရှိရှိနဲ့ကြိုးစားခဲ့သူပါ။

“အခွေလေးထွက်ရှိနိုင်ဖို့ကတော့ မလွယ်ဘူးပေါ့နော်။ ငယ်တဲ့ အချိန်တုန်း က တော့မီးနိုစိတ်ဓာတ်ကျတယ်။ ပိုက်ဆံရှိမှ အနုပညာလုပ် လို့ရမယ်၊ အခွေထုတ် လို့ရမယ်ထင်ခဲ့ဖူးတယ်။ တစ်ခုခုဆို ငိုတယ်။ ထစ် ခနဲရှိပေါ့။ အားငယ်မှု အလွန်လွယ် တယ်။ ဒါပေမဲ့ အသက်အရွယ်လည်း ရလာတယ်။ွေူထေပှအမေ မှာ စပြိုင်တဲ့အချိန်မှာ စိတ်အားက ပိုပြီး ထက်သန်သွားတယ်ဆိုတာ ဘာ ကြောင့်လဲဆိုတော့ ကိုယ့်ဘာသာ ကိုယ်နိုင်ငံခြားမှာ သွားနေရတယ်။ ကိုယ့်ဘာသာ ကိုယ်အားကိုးရတယ်။ သူတို့ကလည်း စည်းကမ်း သိပ်ကြီး တယ်။ အိပ်ချိန်ကလည်း နည်းနည်း လေးပဲရှိတယ်။ ကျန်တဲ့ အချိန်တွေအကုန်လုံးကွှမငေညညငညါ တွေချည်းပဲ တောက်လျှောက်ဆင်းနေရတယ်။ အကုန်လုံးက ပြိုင်ပွဲဝင်တွေချည်းပဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် စဉ်းစား လိုက်တယ်။ ငါဒီတစ်ခါမရရင် နောက်တစ်ခါ အကောင်း ဆုံးလုပ်မယ်။ နောက်တစ်ခါမရရင် နောက် တစ်ခါ အကောင်းဆုံးလုပ်မယ်။ အဲဒီ လိုစိတ်နဲ့ပဲ သွားလိုက်တာ ပေါ့နော်။ အခုလည်း ဒီစိတ်ပဲမွေးထားတယ်” လို့ မီးနိုက ပြောပါတယ်။

သီချင်းဆိုပြိုင်ပွဲ ၂ ခု တောင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ တယ်ဆိုတော့ စိတ်ဓာတ်ကျစရာတွေလည်း ရှိခဲ့ မယ်ထင်ပါတယ်။ အဲဒီစိတ်ဓာတ်ကျစရာတွေကို ဘယ်လို ဖြတ်ကျော်ခဲ့လဲ လို့ဆိုတော့Melody World မှာ ဝင်ရောက်ယှဉ်ပြိုင်တုန်းက မီးနိုက အလွန်အသက်အရွယ် ငယ်သေးတယ်လေ။ အဲဒီ အခါကျတော့ ကိုယ်ဖြစ်ချင်တာပဲ ကိုယ်သိတယ်။ ကိုယ် လုပ်ချင်တာပဲ ကိုယ်သိတယ်။ ဘယ်သူ့ကိုမှလဲ မကြည့်ဘူး။ ကိုယ့်ဘေးမှာ ပံ့ပိုးပေး မယ့်သူတွေကလည်း အားနည်းတာ လည်းပါတာပေါ့။ အမေတစ်ယောက်တည်းပဲရှိတာကိုး။ အဲဒီအချက်တွေရယ်၊ ပြီးတော့ မီးနိုကြိုးစားမှုအား လျော့တဲ့အချက်တွေရယ် ပါတာပေါ့။ အခု ဒီGalaxy Star မှာပြိုင်ပြီးတော့ ကိုယ်ကလည်း အ သက်အရွယ် ရလာတဲ့အခါကျတော့ ရင့်ကျက်လာတာနဲ့အမျှ စဉ်းစားတွေး ခေါ်မှုတွေကလည်း ပိုပြီးတော့ ကျယ် ပြန့်လာတာပေါ့နော်။ ပြောရ မယ်ဆိုလို့ရှိရင် ကိုယ်ကျယ်ပြန့် ရုံတင်မဟုတ်ဘူး။ ကိုယ့် ဘေးနားမှာရှိတဲ့ ကိုယ့်ဆရာတွေ၊ ကိုယ့် သူငယ်ချင်း တွေရဲ့ ပံ့ပိုးမှုတွေကြောင့်လည်း အခု လို ‘ပြိုင်ပွဲ’အခွေ လေးထွက်ရှိလာ နိုင်တာပေါ့။ အဓိက ကေ တာ့ နှိမ့်ချခြင်းရယ်၊ နာခံတတ်မှုရယ်၊ ကြိုးစားမှုရယ်အဓိကပါပဲ” လို့ မီးနိုက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071