Wednesday, May 6, 2026

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက်...

လားရှိုးတွင် မိုးရွာသွန်းပြီးလေပြင်းတို-က်် ပျ-က်စီးမှုများဖြစ်ပေါ်

ရှမ်ူပြည်နယ်၊ လားရှိုးမြို့တွင် ယနေ့ မေ ၆ ရက်နေ့လည် ၃ နာရီခန့်က မိုးရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ကာ ပျ-က်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်း၊ သွပ်များ၊...

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့...
HomeArticles၁၉၉၀ တုန်းက အရေးအသား...

၁၉၉၀ တုန်းက အရေးအသား (၄)

ဆောင်းရက်တွေတစ်ဖန် ပြန် လည်ရောက်ရှိလို့လာပါပြီ။ ၁၉၉ဝ ခုနှစ် တုန်းက ကျွန်တော်သည် မနက် အစောကြီးနိုးနေတာ။ နှင်းမှုံများ တဖွဲဖွဲကျနေသော ကတ္တရာလမ်းအတိုင်း လျှောက်သွားနေခဲ့သည်။ ကျွန် တော့်မှာ ကုတ်အင်္ကျီကြီးတစ်ထည်ရှိသည်။ လမ်းဘေးအဟောင်းဆိုင်က ဈေးပေါပေါနှင့် ဝယ်ယူခဲ့သော ကုတ်အင်္ကျီကြီးကို ဝတ်ဆင်ကာကတ္တရာ လမ်းအတိုင်း ကျွန်တော်လျှောက်သွားသည်။ နှင်းတွေကပြာမှိုင်းကာ အေးစိမ့်နေအောင် ကျဆင်းလျက်ရှိသည်။ ကတ္တရာလမ်းမ၏ အရှေ့ထဲရှိ ဂိုဒေါင်ကြီးများမှာ နှင်းမှုန်ထဲ၌ ပျောက်ဆုံးကာ မမြင်ရတော့ပေ။ ဂို ဒေါင်ကြီး၏ အရှေ့ဘက်တွင်ရှိသော ကုက္ကိုပင်ကြီးမှာလည်း နှင်းမှုံတွေ ထဲမှာ နစ်မြုပ်ကာ ရောထွေးမှုန်ဝါးနေပေတော့သည်။ ဂိုဒေါင်ကြီးများ နောက်ဖက်တွင်မူ မီးရထားလမ်းနှင့် ဘူတာရုံကလေးရှိသည်။ ဘူတာ ရုံကလေးမှာလည်း တဖွဲဖွဲကျဆင်းနေသောနှင်းမှုံတွေထဲမှာ အရိပ်သဏ္ဌာန် မျှသာမြင်တွေ့ရပေသည်။ ကျွန်တော်သည် ဘူတာရုံကလေးနှင့် မနီး မဝေးတွင်ရှိသော ကဖေးဆိုင်ဝမှာထိုင်ကာ ငြိမ်သက်နေမိသည်။ မြောက် ပြန်လေအေးအေးက နှင်းမှုံထုကိုဖြတ်ကာ တိုက်ခတ်လာသည်။ စိမ့်ခနဲ အေးသွားအောင် ဖြတ်သန်းတိုက်ခတ်သွားသော မြောက်ပြန်လေကို ကျွန်တော်ကြုံတွေ့ခဲ့ရသည်။

ကဖေးဆိုင်တွင် လူဝကြီးသည် ကောင်တာမှာထိုင်ကာ စာရွက် တစ်ရွက်ပေါ် တွင် စာရင်းဇယားများ ရေးမှတ်နေ ဟန်ရှိသည်။ ၁၉၉ဝ ခုနှစ်တုန်းက ကျွန်တော်သည် ကဖေးဆိုင်မှ မီးကျီခဲနီရဲနေသော ဆန်ပြားဖိုအနီးမှာရှိနေခဲ့သည်။ ယခုတစ်ဖန်ဆောင်းရက်များသို့ ပြန် လည်ရောက်ရှိလာပါပြီ။ ကျွန်တော်၏ကုတ်အင်္ကျီကြီးမှာ ဟောင်းမျင် သော အောက်သိုးသိုး အနံ့တစ်မျိုးရသော်လည်း နွေးနေစေပါသည်။ ကဖေးဆိုင်ရဲ့ လူဝကြီးသည် စာရင်းဇယားများရေးမှတ်၍ ပြီးသွားဟန်တူ သည်။ သူသည်ကောင်တာတွင် ထိုင်လျက် ငြိမ်သက်နေသည်။ ထိုစဉ် နွားမဒန်းသေးရည်လို ခပ်ကျဲကျဲကော်ဖီတစ်ခွက် ကျွန်တော့်အတွက် ရောက်လာပြီပင်ဖြစ်သည်။ ကဖေးဆိုင်ထဲတွင် ငြိမ်သက်နေသူတစ်ဦးရှိ ပါသေးသည်။ ထိုသူမှာ ကျွန်တော်နှင့် ခင်မင်ရင်းနှီး စပြုနေပြီဖြစ်သည့် အဘိုးကြီးတစ်ယောက်ဖြစ်သည်။ အဘိုးကြီးသည် သတင်းစာဟောင်း တစ်စောင်ကို စိတ်ပါဝင်စားစွာဖတ်နေသည်။ ကျွန်တော့်ရှေ့တွင်ရှိသော ကော်ဖီမှာအငွေ့ထနေသည်။ ကျွန်တော့်အတွက် ထိုမျှနှင့်ဆိုလျှင်ပင် လုံလောက်ပေပြီ။ ဆောင်းရက်များသည် တစိမ့်စိမ့်အေးလှသည်။ကဖေး ဆိုင်ထဲမှာ လူသူအနည်းငယ်သာရှိသည်။ ကဖေးဆိုင်မျက်နှာကျက်တွင် တပ်ဆင်ထားသောပန်ကာမှာ ရပ်တန့်လျက်ရှိသည်။

ဤသည်မှာ ဆောင်းရက်များ၏ ဥပဒေတစ်ခုဖြစ်သည်။ သေ ချာစွာကြည့်မည်ဆိုလျှင် ပန်ကာဒလက်များထက်မှာ ပင့်ကူအိမ်ဖွဲ့နေ သည်ကိုတွေ့နိုင်သည်။ မှန်ပါသည်။ နွေဦးရာသီ မရောက်မချင်း ဤ အတိုင်းပင်ရှိနေလိမ့်မည်သာ။ ကဖေးဆိုင်ရှင် လူဝကြီးသည် တစ်ဖက် သို့လှည့်ကာ ဂျုံအိတ်ကိုဖွင့် ကြည့်နေသည်။ ကတ္တရာလမ်းမပေါ်တွင် အမိုးဖွင့် မြင်းလှည်းတစ်စီးသည် ကောက်ရိုးထုံးများကိုတင်ဆောင်ကာ တခွပ်ခွပ်မောင်းနှင်ထွက်ခွာသွာသည်။ မြို့ကြီးဆီမှ ခုတ်မောင်းဝင် ရောက်လာသော မီးရထားသည် ဘူတာကလေးကို ဖြတ်သန်းကာ တရှဲရှဲအော်မြည်ရွေ့လျားသွားသည်။ မြူနှင်းတွေက ထူပိန်းနေအောင် ကျဆင်းနေဆဲမို့ မြင်ကွင်းများက အရိပ်သဏ္ဍာန်မျှသာ မြင်တွေ့ရ သည်။ ကျွန်တော်သည် အငွေ့ထနေသော ကော်ဖီပူပူကိုသောက်ခဲ့ သည်။ ကတ္တရာလမ်းဘေး မြက်ခင်းပြင်တွင် နှင်းစက်လေးများတွဲခိုနေ သည်။ မြို့ကလေးသည် နှင်းမှုံထုထဲမှာ ဆောင်းဝတ်ရုံကိုခြုံ၍ ငြိမ် သက်လျက်ရှိသည်။ ထိုစဉ်က ကျွန်တော့်မှာ ပုံမှန်ဝင်ငွေမရှိပေ။ အ ချည်းအနှီးဖြစ်သော ဆောင်းရက်များသာ။ ကျွန်တော်သည် စာတစ် ပုဒ်တစ်လေမျှ ရေးနိုင်အောင်ကြိုးစားခဲ့ပါသည်။ သို့ရာတွင် ဆောင်း ရက်များ၌ ကျွန်တော်၏ စဉ်းစားဆင်ခြင်မှုများမှာ အေးခဲနေသည်။ မှန်ပါသည်။ ကျွန်တော်သည် ဆောင်းရာသီနှင်းမှုံထုထဲ၌ ကတ္တရာ လမ်းမထက် အချည်းအနှီးလမ်းသလားနေခဲ့သည် မှာ နွေဦးနေ့ရက်များ မရောက်မီအထိဖြစ်ပါသည်။ လက်ဝှေ့သမားမေဝယ်သာ၏ ပြောင်နေ သော ဦးခေါင်းကို လက်တစ်စုံကညင်သာစွာနှိပ်ပေးနေသည်။ သူသည် ပွဲပေါင်း ၆ဝ ကျော်ကို ရှုံးပွဲမရှိထိုးသတ်ကာ လက်ဝှေ့လောကမှ အနား ယူသွားခဲ့သည်။

နေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071