ဇာတ်ရုပ်ရွေးချယ်ခွင့်မရှိတာကြောင့် မိန်းမလျာဇာတ်ရုပ်ကိုလည်း သရုပ်ဆောင်နေရသ ဟာသသရုပ်ဆောင် မျောက်ရှုံး

0
170

ဖိုက်စတားအငြိမ့်အဖွဲ့ဆိုပြီး ပရိသတ်တွေရဲ့ အားပေးမှုရရှိလာတာ ကတော့ အောင်သော်၊ မျောက်ရှုံး၊ အောင်မော်၊ ကြာစိ၊ ကျင်ဝှက်ဆိုတဲ့ လူ ၅ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အ ငြိမ့်အဖွဲ့ပဲဖြစ်ပါတယ်။ ဖိုက်စတား အငြိမ့်အဖွဲ့ စတင် ပေါ်ပေါက်လာ ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှု ကြောင့် နေရာတစ်နေရာရ ရှိလာခဲ့ပြီး အနုပညာလောကထဲ စတင်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။ အနုပညာလောကထဲ စတင်ဝင် ရောက်ခဲ့ချိန်က မိန်းမလျာကာရိုက် တာဖြင့် လူသိများခဲ့တာကြောင့် ဒီလို မိန်းမလျာ ကာရိုက်တာကို သရုပ် ဆောင်နေချိန် မှာ အခက်အခဲတွေရှိ လားလို့ မေးကြည့်တဲ့အခါမှာတော့ ဖိုက်စတား အဖွဲ့ဝင်ထဲက တစ်ဦးဖြစ် သူ ဟာသသရုပ်ဆောင်မျောက်ရှုံးက “မိန်းမလျာကာရိုက်တာ ရိုက်ကူး ရတာ အခက်အခဲတော့ ရှိတာပေါ့။ ကိုယ့်ရဲ့ သဘာဝအမှန်မှ မဟုတ်တာ။ အခက် အခဲတွေကတော့ ရှိတာပေါ့။ သဘာဝအမှန်မဟုတ်တော့ လုပ်ယူရ တော့ အဝတ်အစားတွေ၊ ပြင်ဆင်မှု တွေ အနေအထားတွေ လုပ်ယူရတာ ဆိုတော့ နည်းနည်းတော့ ပင်ပန်း တယ်။ ကြိုတင်ပြင်ဆင်မှုတွေ အများ ကြီးလုပ်ရတယ်။ ကာရိုက်တာက ထူးခြားတဲ့အတွက် လုပ်ရတဲ့ အိုက် တင်တွေက အစ ထူးခြားနေတော့ အခက်အခဲတော့ ရှိတာပေါ့။ ဒါပေ မဲ့လည်း ကိုယ်တွေက ကာရိုက်တာကို ရွေးချယ်ခွင့်မရှိတဲ့အတွက် ရရှိလာတဲ့ ကာရိုက်တာမှာ အကောင်းဆုံးပီပြင် အောင် သရုပ်ဆောင်နိုင်ဖို့ပဲ ကြိုးစား နေပါတယ်”လို့ မျောက်ရှုံးက ပြောပါ တယ်။

ဇာတ်ကားများ ရိုက်ကူးနေရ တာကြောင့် အငြိမ့်ကတဲ့ပိုင်းကို လျော့သွားမလား။ အခုနှစ် အငြိမ့် ကရတဲ့ အခြေအနေကို မေးကြည့်တဲ့ အခါမှာတော့ မျောက်ရှုံးက “ပွဲကရ တဲ့အပိုင်းကို မလျော့သွားပါဘူး။ ဟိုဘက်နဲ့ ဒီဘက်ညီအောင် လုပ်ပါ တယ်။ ဒါပေမဲ့ဒီနှစ်တော့ ဇာတ် ကားရိုက်ကူးမှုတွေကများတယ်။ ပွဲကရတာတော့ ဒီနှစ်တအားပါး တယ်။ ဒါကျွန်တော်တို့မှ မဟုတ်ဘူး။ အကုန်လုံး ဘယ်သူ့ကိုမေးမေး ဒီနှစ် ကတော့ တအားပါးတယ်။ မြန်မာ ပြည်ရဲ့ စီးပွားရေးအခြေအနေ၊ အ ပြောင်းအလဲတွေနဲ့ တိုင်းရေး ပြည် ရေးအခြေအနေကြောင့် အကုန်လုံး လည်း အခက်အခဲတွေရှိတာပေါ့။ အလှူလုပ်တယ်ဆိုတာကလည်း ငွေ ပို၊ ငွေလျှံရှိမှလည်း အလှူလုပ်နိုင် တာလေ။ ပြည်သူတွေ တော်တော် များများက ငွေပို၊ ငွေလျှံ မရှိကြတော့ မလှူနိုင်ကြဘူး။ တခြား အငြိမ့် အဖွဲ့တွေလည်းပွဲတွေကရတာပါး တယ်။ ကျွန်တော်တို့ ဖိုက်စတား ညီအစ်ကိုအဖွဲ့တွေလည်း ဒီနှစ် ပွဲကရတာ တအားပါးတယ်”လို့ သူက ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here