ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ သရဲဇာတ်ကားရိုက်ကူးသွားမယ့် oါဆိုမိုးဦး

0
224

သရုပ်ဆောင်တစ်ဦးဖြစ်သလို အဆိုတော်တစ်ဦးလည်းဖြစ်တဲ့ ဝါဆိုမိုးဦးကတော့ လတ်တလော မှာ ကြော်ငြာတွေရိုက်ကူးဖြစ်နေပြီး ဖျော်ဖြေရေးခရီစဉ်တွေလည်း သွားဖြစ်နေပါတယ်။ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုခဏရပ်နားထားပြီး အဆိုပိုင်းကို အချိန်ပေးဖြစ်နေကြောင်းလည်း ပြောပြခဲ့ပါတယ်။ မိုက်လားပြောကြည့်ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးခွေထွက်ရှိခဲ့ပြီဖြစ်တဲ့ သူမက လတ်တ လောမှာ ပရိသတ်အတွက် အဆွေးသီချင်းတစ်ပုဒ် ဖန်တီးနေကြောင်းကိုလည်း ခုလိုပြောပြခဲ့ပါတယ်။

“သီချင်းအသစ်တစ်ပုဒ်ကိုလုပ်ပြီးတော့ ဝါဆိုပရိသတ်အတွက် Facebook ပေါ်မှာ တင်ပေးဖို့ရှိပါ တယ်။ ဝါဆိုရဲ့မိုက်လားပြောကြည့်အခွေတုန်းက အဆွေးသီချင်းတွေနည်းတယ်။ ခုအဆွေးသီချင်းတစ် ပုဒ်လောက်လုပ်ပြီးတော့Facebook မှာတင်ပေးသွားမှာပါ။ အလွန်အေးတာတော့ဆိုချင်တယ်။ တစ်ခါမှလည်း ဝါဆိုအလွန်အေးတဲ့သီချင်းမျိုးမဆိုဖူးပါဘူး။ ဘာလို့လဲဆိုတော့ ဝါဆိုဆိုတဲ့သီချင်းတိုင်းက အမြဲတမ်းမြူးမြူးကြွကြွများတယ်။ အလွန်အေးတဲ့ အချစ်သီချင်းပါပဲ။ သီချင်းလေးဖြစ်တာကတော့ ကိုဖြိုးလေးရဲ့ တိုက်တွန်းချက်လည်းပါတယ်။ သီချင်းဘက်မှာလည်း မလစ်ဟင်းအောင်လို့ပါ။ သရုပ် ဆောင်ပိုင်းရော အဆိုပိုင်းရော နှစ်ဘက်စလုံးလုပ်ရတာဆိုတော့ နှစ်ဘက်စလုံး မလစ်ဟင်းအောင် လုပ်ဖြစ်တာပါ”လို့ ဝါဆိုမိုးဦးက ပြောပြခဲ့ပါတယ်။

အချစ်ရေးက ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါလို့ ပြောလာတဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးက ပြောပြရာမှာ တော့ …

“အချစ်ရေးက အေးဆေးပါပဲ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့။ စကြိုက်ခါတုန်းကတော့ နှစ်ယောက် ညှိရတာ နည်းနည်းခက်တယ်။ နောက်ပိုင်းကျတော့လည်း အဆင်ပြေလာပါတယ်။ သူကလည်း ချစ်သူနဲ့ပတ်သက်ရင် ကလေးဆန်ချင်တယ်။ ဝါဆိုကလည်း သူ့ကိုလူကြီးဆန်ပြီး ကိုယ်ကပဲ ကလေး ဆန်ချင်တယ်။ အဲဒါနဲ့ပဲ ရန်ဖြစ်တာများတယ်။ ကိုယ်က ဒီသွားချင်ရင် သူကဟိုသွားချင်တာမျိုတွေ။ ဟုတ်ပြီသူသွားချင်တဲ့ နေရာကိုယ်သွားပေးလိုက်တယ်။ ဒါပေမဲ့ မကျေနပ်ဘူး။ ငါကလုပ်ပေး ရတယ်။ သူကလုပ်ပေးရတယ်။ အဲဒါနဲ့ပဲ ရန်ဖြစ်ကြတာပါ။ ကျန်တာကတော့ ဘာမှမရှိပါဘူး”လို့ ပြောပြခဲ့ပါတယ်။

ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုလည်း တည်ထောင်ထားပြီးဖြစ်တဲ့သူမက လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားထားပြီး သရဲကားတစ်ကား ရိုက်ကူးဖို့ စီစဉ်သွားမှာ ဖြစ် ကြောင်းလည်း ပြောပြခဲ့ပါ တယ်။

သတင်းဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here