Monday, May 26, 2025

သဘာဝဘေးကြောင့် လူအစုလိုက်အပြုံလိုက် ဒဏ်ရာရပါက ပြင်ဆင်ကုသနိုင်ရန်...

သဘာဝဘေး အန္တရာယ်ကြောင့် လူအစုလိုက်အပြုံလိုက် ထိခို-က်ဒဏ်ရာရရှိခဲ့ပါက ပြင်ဆင်ကုသနိုင်ရန် ဇာတ်တိုက်လေ့ကျင်မှုကို မေလ (၂၃) ရက် နေ့လယ်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ...

(၄၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်၏ အခွန်စည်းကြပ်မှု၊...

မလေးရှားနိုင်ငံ၌ ယ​နေ့​မေလ၂၆ရက် တနင်္လာနေ့တွင် ၄၆ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးကျင်းပ​နေပြီဖြစ်သည်။ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ အထူးသဖြင့် အမေရိကန်၏ အကောက်ခွန်ကိစ္စ၊...

လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများနှင့် သမိုင်းဝင်အမွေအနှစ်များကို နစက ဥက္ကဋ္ဌလိုက်လံကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၂၅ ရက်နံနက်ပိုင်းက လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများကို လိုက်လံကြည့်ရှုခဲ့သည်။ နစက ဥက္ကဋ္ဌသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊...

NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့်...

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက...
HomeCelebrities' Newsသီချင်းတွေရေးပေမယ့် သီချင်းဆိုရမှာတော့ ကြောက်ခဲ့တယ်...

သီချင်းတွေရေးပေမယ့် သီချင်းဆိုရမှာတော့ ကြောက်ခဲ့တယ် တေးရေးေoကြီး

တေးရေးဝေကြီးလို့ ဆိုလိုက်ရင် ရေးသားသမျှ သီချင်းတိုင်းနီးနီး အောင်မြင်ပြီး တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ်တွေရဲ့ရင်ထဲကို တန်းရောက်အောင် ရေးသားနိုင်သူလို့သိကြမှာပါ။ အခုတော့ ဝေကြီးက သီချင်းရေးတဲ့ အလုပ်အပြင် သီချင်းဆိုတာကိုလည်း စတင်နေပါပြီ။ ဟာသသရုပ်ဆောင် ပွင့်ရဲ့ ဘေဘီပွင့် တေးအယ်လ်ဘမ်မှာတော့ ပွင့်အတွက် သီချင်းလေးပုဒ်ရေးပေးထားတဲ့အပြင် ကိုယ်တိုင်လည်း ပါဝင်သီဆိုပေးထားပါတယ်။ ပထမဆုံးသီဆိုဖြစ်တဲ့ သီချင်းအကြောင်းကိုတော့ …

“ကျွန်တော်နဲ့ မပွင့်နဲ့က အရင်ကတည်းက မောင်နှမတွေလိုမျိုး ခင်မင်ကြတယ်။ မပွင့်ကလည်း သူ့အခွေထဲမှာ ကျွန်တော်ကိုလည်း သီဆိုပေးဖို့ ပြောတော့ ကျွန်တော်ကလည်း ကိုယ့်အစ်မလိုမျိုးဆိုတော့ မငြင်းရက်ပါဘူး။ တကယ်ဆို ကျွန်တော်က အဆိုကောင်းလွန်းလို့ ချေတာမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင်ကိုက သီချင်းဆိုရမှာကြောက်နေလို့ပါ။ မပွင့်တစ်ယောက်တည်းဆိုဖို့ ပြုံးပြုံးလေးလို့ နာမည်ပေးထားတဲ့ သီချင်းလေးကို ကိုယ် ပါဝင်ပြီးသီဆိုဖြစ်ခဲ့တယ်။ အချစ်သီချင်းပုံစံမျိုး မဟုတ်ဘူး။ ခွန်အားပေးတဲ့ ပုံစံမျိုးလေးပါ။ အခုကတော့ ကျွန်တော်က ကြောက်ကြောက်လန့်လန့်ဆိုလိုက်တာမျိုးဆိုတော့ နောက်ပိုင်းသီချင်းဆိုဖို့ သေသေချာချာ စီစဉ်ဖြစ်ရင်တော့ ဆိုမှာပါ” လို့ ဝေကြီးက ပြောပြပါတယ်။ သီချင်းတွေရေးပေမယ့် သီချင်းဆိုဖို့တော့ ကြောက်တယ်ဆိုတဲ့ ဝေကြီး အတွက် ပထမဆုံးသီချင်းဆိုခြင်းကို လုပ်ဆောင်ပြီးပြီဖြစ်တာကြောင့် နောက်ပိုင်းမှာ တေးရေးဆရာ တစ်ဦးအပြင် အဆိုတော်အနေနဲ့ရော ရပ်တည်ဖြစ်မလားဆိုတာ ဆက်လက်မေးမြန်းတော့ …

“သီချင်းဆိုရတာကြောက်တယ်ဆိုတာကလည်း တကယ်တော့ ကျွန်တော် က မဆိုနိုင်လို့ပါ။ ဆိုနိုင်ရင်တော့ ကြောက်စရာမလိုဘူးပေါ့နော်။ ကျွန်တော် က အဆိုပိုင်းကို သိပ်ပြီး မကျွမ်းကျင်သေးတဲ့အတွက် အမှား ပါမှာဆိုးလို့ပါ။ ကြိုးတော့ ကြိုးစားကြည့်တယ်။ တအား ကြီး အဆိုတော်ဖြစ်ရမယ်လို့တော့ စိတ်မတင်း ထားပါဘူး”လို့ ဝေကြီးက ပြောပြပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071