Wednesday, May 6, 2026

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင် လျှောက်ထားရန်...

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီအသစ်များအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) တင်ပြရန်...

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် Smart...

ရက်ပေါင်း (၁၀၀)အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားရန်...

ဟံသာဝတီယူနိုက်တက်အသင်း ပဲခူးမြို့ Grand Royal...

လာမည့် ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ် (MNL) ရာသီသစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက်...

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက်...
HomeArticlesလွမ်းမိတဲ့အတိတ်ကရုပ်ရှင်ခြံများနဲ့ ရုပ်ရှင်ခေတ်

လွမ်းမိတဲ့အတိတ်ကရုပ်ရှင်ခြံများနဲ့ ရုပ်ရှင်ခေတ်

“ဒေါင် …ဒေါင် …ဒေါင် …ဒေါင် ..ဒေါင် ..ဒေါင် ..”

အဆက်မပြတ်ထွက်ပေါ်လာတဲ့ သံချောင်းခေါက်သံကြောင့် ခပ်လှမ်း လှမ်းမှဖြစ်သော်ငြား၊ တစ်ယောက် တစ်ပေါက် တွတ်တိုးရယ်မောနေကြ သော ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ ရုတ် ခြည်းငြိမ်သက်သွားပုံက မီးကိုရေနှင့် ဖျန်းခြင်းကမှ ရှဲခနဲ မြည်ဦးမယ်။ သူ တို့တွေက အလိုက်တသိ နားလည်မှု ရှိစွာ ငြိမ်သက်သွားကြတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော်က အေဝမ်း ရုပ် ရှင်ခြံကြီးအတွင်းမှ မြင်ခဲ့တွေ့ခဲ့ကြုံခဲ့ ဖူးတဲ့မြင်ကွင်းတွေကို ဒီနေ့များ ကျုပ် လွမ်းမိခဲ့တယ်။

ကုန်းမော့နဲ့ မြေပြန့်တို့ကို သစ် ရိပ်၊ ဝါးရိပ်တို့က ခြုံသိုင်းရစ်ဝိုင်းနေ ပုံက ငှက်ကျေးသာရကာပျော်စံရာ မြိုင်ဟေမာနှယ် ..ကျယ်ပျောရှုမဆုံး ပုံက မှန်းဆတွေးကြည့်ရင် လွမ်းစရာ ငေးမိစရာ။ ရန်ကုန်မြို့ရဲ့ ရှစ်မိုင်က အေဝမ်းရုပ်ရှင်ခြံနဲ့ စတူဒီယိုများပါ။ အဲဒီအချိန်တုန်းက စိန်မောင်ရုပ်ရှင် ခြံ၊ ပန်းသာရုပ်ရှင်ခြံ၊ မဟာဝိဇ္ဇာဓိုရ် ရုပ်ရှင်ခြံ၊ သာဓုရုပ်ရှင်ခြံ၊ နယူးဘားမား ရုပ်ရှင်ခြံ၊ အဲဒီလို ရုပ်ရှင်ခြံကြီးများနဲ့ မြန်မာ့ရုပ်ရှင်လောကကြီးက အနု ပညာအားပြိုင်၊ ရုပ်ရှင်ကြည့်ပရိသတ် များရဲ့ ထုတ်လုပ်ရေးကုမ္ပဏီနဲ့ဒါရိုက် တာတို့ကို ယုံကြည်စိတ်ချမှု ဂုဏ် သိက္ခာအတွက် ဂရုစိုက်ရိုက်ကူးကြ တဲ့ ရုပ်ရှင်အနုပညာကာလတစ်ခုရှိခဲ့ ဖူးခြင်းက ဒီကနေ့ လွမ်းမောစရာပါ။

အဲဒီအချိန်များက ဒါရိုက်တာ ဟာ ရိုက်ကွင်းဘုရင်ခေတ်၊ ကုမ္ပဏီ များရဲ့ စိတ်ချယုံကြည်မှုနဲ့ ရိုက်ကူးရ မယ့်ဇာတ်လမ်းအပေါ် နိုင်နင်းစွာ စီစဉ်ညွှန်ကြားသင်ပြရိုက်ကူးနိုင်ခြင်း အတွက် ငှားရမ်းတာဝန်ပေးခံရသူဖြစ် သလို၊ ဇာတ်လမ်းရဲ့ ဇာတ်ကောင်စရိုက် အံဝင်လိုက်ဖက်မယ့် သရုပ်ဆောင်မင်း သား၊ မင်းသမီးကို စဉ်းစားရွေးချယ်ငှားရမ်းစေခိုင်းနိုင်တဲ့ ပါဝါလည်းရှိ တယ်။ အခုခေတ်လို ဈေးခေါ်မင်းသား နဲ့ အဆင်ပြေပြီး၊ မင်းသားကားရိုက် ရက်ပေးလို့ ဒါရိုက်တာဖြစ်ရတာမျိုး မရှိခဲ့ဘူး။ သရုပ်ဆောင်တွေဟာ ဒါရိုက်တာခေတ်ကာလမှာ ဇာတ် ကောင်စရိုက်နဲ့ ဟန်ပန်လေယူလေ သိမ်းကအစ ဒါရိုက်တာရဲ့ သွန်သင် ညွှန်ပြမှုအတိုင်း ကြိုးစားကြရတယ်။

အဲဒီအချိန်က ထုတ်လုပ်ရေးပိုင် ရှင်ရဲ့ မိသားစုလိုက် ဝိုင်းဝန်းဖတ် ကြည့်တဲ့ စာရေးဆရာရဲ့ လုံးချင်း ဝတ္ထုကို ခေတ်အခြေပြမှုနဲ့ ပရိသတ် ကို ပေးချင်တဲ့Message ရှိတဲ့ ဝတ္ထုမျိုးကို ဝယ်ယူပြီး၊ အဲဒီတော့မှ ဒါရိုက် တာကို ငှားရမ်းတာဝန်ပေးတာ၊ ဒါ ရိုက်တာက ဇာတ်လမ်းကို ဇာတ်ညွှန်း ရေးဆရာ လိုက်ဖက်နိုင်နင်းရာ ရွေး ချယ်အပ်တယ်။ ပြီးတော့ ကားရိုက် ကူးမှုမှာ ဒါရိုက်တာရဲ့ စိတ်ကြိုက်ရိုက် ကူးမှုအချိန်ကာလ ရှုတင်စရိတ်ကို ရှင်းရတယ်။ သရုပ်ဆောင်မင်းသား၊ မင်းသမီးကလည်း ဘယ်နှရက်ပဲပေး မယ်ဆိုတဲ့ ကန့်သတ်ချုပ်ကိုင်မှုမရှိ ဘူး။ ဒါကြောင့် ဇာတ်ကားတစ်ကား ဟာ အနည်းဆုံးနှစ်လသုံးလ တချို့ ခြောက်လ တစ်နှစ်ကြာတယ်။ ဒါပေ မယ့် သရုပ်ဆောင်များကလည်း သူ တို့ရဲ့ သရုပ်ဆောင်မှုမှာ တကယ့် သဘာဝထဲက ဇာတ်ကောင်ဖြစ်နေ စေမှုအတွက် အထူးဂရုစိုက်ကြသလို သူတို့ရဲ့ စွမ်းနိုင်ခြင်း ဂုဏ်သိက္ခာ အတွက် ကြိုးစားကြတယ်။

အဲဒီအကြောင်းတွေ ပြောရင်း နဲ့ အေဝမ်းရုပ်ရှင်ခြံထဲမှာ အကယ်ဒမီ မင်းသမီး ဒေါ်ဝါဝါဝင်းရွှေရဲ့ “ဘဲ ဥမ” ဇာတ်ကားရဲ့ ရိုက်ကွင်းကို ပြန် သတိရမိတယ်။ ဟိုးတုန်းကတော့ မင်းသမီးဝါဝါဝင်းရွှေဟာ ခပ်သွယ် သွယ် ချောချောပေါ့ဗျာ။ ကျုပ်လည်း ကျုပ်ဆရာဦးသစ်ဦးနဲ့ပေါ့ဗျာ။ ရုပ် ရှင် ရိုက်ကွင်း ရှစ်မိုင် အေဝမ်းခြံထဲ ရောက်သွားခဲ့တယ်။ မျက်နှာချင်းဆိုင် ဈေးဆိုင်တန်းလေးရယ်။ ဈေးသည် တွေရယ်။ အဲဒီဈေးသည်တွေထဲမှာ ဝါဝါဝင်းရွှေနဲ့ စန္ဒရားခင်နုနုတို့ကို ဈေးသည်တွေရဲ့ ဝတ်စားဆင်ယင်မှု နေထိုင်မှု သဘာဝပုံစံအတိုင်း တွေ့ လိုက်ရသလို ဈေးလာဝယ်သူတွေရဲ့ လှုပ်လှုပ်ရှားရှားကြားက အော်ဟစ် ရောင်းနေကြပုံက ရပ်ကွက် ဟင်း ချက်စရာ ဈေးတန်းလေးအတိုင်း၊ အဲဒီမှာ ဈေးပြိုင်ရောင်းရင်း ဝါဝါဝင်း ရွှေနဲ့ စန္ဒရားခင်နုနုတို့ စကားများကြ ပုံ။ နောက်ထဘီတိုတိုနဲ့ ဈေးဆိုင်ပေါ် က ခုန်ဆင်းလာပြီး ဖက်သတ်ကြပုံ၊ အဲဒီနေရာမှာ အကယ်ဒမီကင်မရာ မင်း ချစ်မင်းလူကလည်း မပြောမဖြစ် အမှတ်တရရှိခဲ့တယ်။ ကင်မရာမင်း ချစ်မင်းလူဟာ အနုပညာကို သဘာဝ တရားနဲ့ မြင်သိခံစားစိတ်ရှိပြီး အင် မတန်ကင်မရာမြင်ကွင်းအယူအဆ ကို ဆန်းသစ်အမြင် ဖြစ်စေချင်သူလို့ ဆိုရမယ်။ အဲဒီမှာ ဝါဝါဝင်းရွှေနဲ့ စန္ဒ ရားခင်နုနုတို့ နှစ်ယောက်သား မြေ ကြီးပေါ်မှာ ဖက်သတ်နေပုံကို ရိုက် ကူးပြီး ဒေါ်ဝါဝါဝင်းရွှေက အဲဒီဇာတ် ကားမှာ သူ ကိုယ်တိုင် ဒါရိုက်တာဖြစ် တာကြောင့် ကိုချစ်မင်းလူဟာ စကား ကလည်း နည်းနည်းထစ်တော့။

“အ ..အစ်မ ..အစ်မ .. က မိန်း ..မိန်းကလေးဖြစ်နေလို့ အခုလို သတ်တဲ့ပုံကို ကျ ..ကျွန် တော် ..ရိုက် ..ရိုက်ချင်တာတစ် မျိုးရှိတယ်ဗျ။
ဒေါ်ဝါဝါဝင်းရွှေကလည်း အကယ်ဒမီမင်းသမီး ဒါရိုက်တာတစ် ယောက်ဖြစ်ပေမယ့် မာန်မာနမရှိဘူး ဗျ။ အဲဒီမှာ …

“မောင်လေး မင်းဘယ်လိုရိုက် ချင်တာလဲပြော ..”

“ဟိုလေ ..အ ..အစ်မက ကျွန်တော်ကို ဖက်ထား၊ ကျွန်တော် က အစ်မမျက်နှာကို ကင်မရာနဲ့ ရိုက် ရင်း လှိမ့်မယ်။ အဲဒါဆို အစ်မတို့ နှစ် ယောက် ဖက်ပြီးသတ်နေတာ၊ မျက် နှာတွေက အပေါ်ရောက်သွားလိုက် အောက်ရောက်သွားလိုက်နဲ့ တကယ် ကြည့်လို့ကောင်းမယ် ..”

ဒါရိုက်တာ ဒေါ်ဝါဝါဝင်းရွှေက လည်း ကင်မရာမင်း ချစ်မင်းလူရဲ့ အကြံÓဏ်ပေးမှုကို ချက်ချင်းသ ဘောကျလက်ခံပြီး၊ ကင်မရာမင်း ချစ်မင်းလူအကြံပြုတဲ့အတိုင်း ရိုက် ဖြစ်ကြတယ်။ အဲဒီမှာ ပြောရဦးမယ်။ ကင်မရာမင်း ချစ်မင်းလူက ဝတယ်။ ဗိုက်ရွှဲတယ်။ မင်းသမီးတွေက ခပ် သွယ်သွယ်တွေ ဆိုတော့ ဖက်ပြီးလှိမ့် တဲ့အခါ ဘေးက တစ်ပတ်လည်အောင် ဝိုင်းတွန်းပေးရတာပေါ့ဗျာ။ အဲဒီ သရုပ်ဆောင် ဒါရိုက်တာ ဒေါ်ဝါဝါ ဝင်းရွှေရဲ့ “ဘဲဥမ” ဇာတ်ကား ရုံတင် ပြသတော့ ရန်ကုန်မြို့လယ်ကောင်မှာ ကြိတ်ကြိတ်တိုး အောင်မြင်ခဲ့ပါတယ်။

ကျုပ်ဒါတွေ ပြောနေတာ။ တခြားကြောင့်မဟုတ်ဘူး။ ဒီနေ့မြန် မာ့ဗီဒီယိုရုပ်ရှင်ဇာတ်ကားတွေကို ပရိသတ်တွေ စိတ်ဝင်စားမှုနည်းလာ ကြသလို ဒီနေ့ရုံ ၁ဝဝ စီမံကိန်းတွေ လုပ်နေကြတယ်။ ဘယ်လောက် အဆင်ပြေမလဲ စဉ်းစားစရာပါ။ ဘာ ကြောင့်လဲဆိုတော့ ရုပ်ရှင်ဆိုတာ ဗီဒီယိုပဲဖြစ် ဖြစ်၊ သရုပ်တူ စရိုက်တူ သရုပ်ဆောင်ရတာဖြစ်သလို တချို့ လိမ်ရတာတွေ အများကြီးပါတယ်။ အဲဒီမှာ ရုပ်ရှင်ခြံကြီးတွေ ပျက်စီး ပျောက်ကွယ်ခဲ့တော့ ပြည်သူတွေ ဝိုင်းခြာပတ်လည်မှာ ရိုက်ကြရတော့ လက်သီးထိုးတာ၊ ကန်တာကအစ၊ မထိဘဲ သရုပ်ဆောင် ပြနေမှန်းသိ နေမှတော့ ပရိသတ်များရဲ့ စိတ်မှာ ပေါ့ပျက်ခဲ့ကြတာတော့ အမှန်ပဲ။ လူဆိုတာ လိမ်နေမှန်းသိရင် အထင် မကြီးကြတာအမှန်ပဲ။ အခုမင်းသား ဝေဠုကျော်ကတော့ ရုပ်ရှင်ခြံလုပ် ထားတယ်လို့ ကြားမိတယ်။ ဒါ ကြောင့် ခရိုနီပြောပြော အင်မတန် ချမ်းသာတဲ့ ငွေရှင်ကြီးတွေဟာ၊ ရသ မျှမြေကွက်ဝယ်ပြီး စီတီးမတ်ခ်ကက် ဆောက်လုပ်ဖို့ပဲ စိတ်ကူးရှိကြတယ်။ နောက်တစ်မျိုးက ဘေးမဲ့ဥယျာဉ်ခြံကြီး တွေမှာ ဆက်တင်တွေ ဆောက်ပြီး ရုပ်ရှင်ရိုက်ကူးဖို့ နိုင်ငံတော်က စီစဉ် ပြီး ငှားမယ်ဆိုရင် ရုပ်ရှင်ရိုက်ကူးရေး အပြင် ပရိသတ်များရဲ့ အနှောင့် အယှက်ကင်းကင်းနဲ့ ရိုက်ကူးရေး အဆင်ပြေနိုင်မယ်ထင်မိရဲ့လို့ နှစ် ပေါင်း ၃ဝ ကျော်က ရုပ်ရှင်ခြံကြီးများ နဲ့ ရုပ်ရှင်ခေတ်ရဲ့ အောင်မြင်မှုကို လွမ်း မိသလို တင်ပြလိုက်ရပါတယ်ဆိုပါ တော့ဗျာ။ ။

အောင်ဟိဏ်း (ကျိုက်ထော်)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071