အသုံးလုံး အဖွဲ့ဝင်ဟောင်းများ၏စေတနာ ဆေးဝါးကုသစောင့်ရှောက်မှု မြောက်လူးကန် ကျေးလက် ပြည်သူများ ဝမ်းသာကြည်နူး

0
251

၁၉၆၄ ခုနှစ်မှ ၁၉၈၄ ခုနှစ်ထိ အသုံးလုံး ကျောင်းသားဟောင်းများ၏စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ စေတနာဝန်ထမ်း ဆေးကုသရေးနှင့် ဟောပြောရေးအဖွဲ့တို့သည် မေလ ၁၁ ရက်နေ့က ပခုက္ကူ မြို့နယ်၊ မြောက်လူးကန်ကျေးရွာရှိ ပုဗ္ဗာရုံဘုန်းတော်ကြီးသင် ကျောင်းသို့ ဒုတိယအကြိမ် မြောက်ရောက်ရှိလာပြီး ကျေးလက်ပြည်သူများအား အခမဲ့ ဆေးဝါးကုသပေးသည့်အပြင် ညပိုင်းတွင် ကျန်းမာရေး၊ ပညာရေး၊ စာဖတ်ရှိန် မြင့်တင့်ရေးအသိပညာပေးဟောပြောပွဲလည်း ပြုလုပ်ခဲ့သည်။

”ကျွန်တော်တို့အဖွဲ့က တက္က သိုလ်၊ ကောလိပ်၊ သိပံ္ပကျောင်းပေါင်းစုံက ကျောင်းသားကျောင်းသူဟောင်းများဖြစ်ပါတယ်။ သမားတော်တွေ၊ အထူးကု ဆရာဝန်ကြီးတွေ၊ အထွေထွေရောဂါကု ဆရာဝန်ကြီးတွေ၊ ပါမောက္ခတွေ ပါဝင်ပါတယ်။၂ဝ၁၂ ခုနှစ်က စတင်ခဲ့တာ ဒီနှစ်ဆိုရင် ရွာပေါင်း ၄၉ ရွာ ရောက်ရှိပြီး အခမဲ့ဆေးဝါးကုသပြီးအသိပညာပေးဟောပြောပွဲတွေ ပြုလုပ် နိုင်ခဲ့ပါတယ်။ တိုင်းနယ်ပြည်နယ်အနှံ့ရောက်ရှိခဲ့ပါပြီ။ ကျန်တဲ့ ကယားပြည် နယ်ကိုလည်းသွားရောက်ဖို့ စီစဉ်နေပါတယ်” ဟု ဆရာကြီး ဦးမျိုးသန့် (မောင်ဖုန်း ပြည့်တက္ကသိုလ်) ကပြောသည်။

ဆရာကြီးဦးမျိုးသန့်(မြန်မာစာဌာနမှုး – တွဲဘက်ပါမောက္ခ)အဖွဲ့ သည်မြောက်လူးကန်ရွာသို့ အဖွဲ့ဝင်အင်အား ၂၈ ဦးဖြင့်လာရောက်ကြပြီး ကျေးလက်ပြည်သူ ၃ဝဝ ဦးကျော်အား အခမဲ့ဆေးဝါးကုသ စောင့်ရှောက်မှုပေး ၍ မေလ ၁၂ ရက်နေ့ကလည်း ပခုက္ကူမြို့နှင့်၃-မိုင်ခန့်ဝေးသော ပေါင်လောင် ကန်ရွာကြီးသို့ သွားရောက်ခဲ့ပြီးအခမဲ့ဆေး ဝါးကုသပေးခဲ့ကြသည်။

မြောက်လူးကန်ပုဗ္ဗာရုံဘုန်း တော်ကြီးသင် ပညာရေးကျောင်းသည်၂ဝဝ၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး၂ဝ၁၈ ပညာသင်နှစ်တွင် ချင်းတိုင်းရင်းသား လေးများအပါ ကျောင်းသားအင်အား ၂၅ဝ ဦး ကျော်တက်ရောက်ကာ ကေဂျီတန်းမှ ၉ တန်းထိ ပညာသင်ကြားနေပြီး ဆရာ၊ ဆရာမ ၁၃ ဦးမှ ပညာ များ သင်ကြားပေးလျက်ရှိနေကြောင်း ကျောင်း ထိုင်ဆရာတော်ဦးဇောတိကမှ ပြောပြသည်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here