Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesမြို့ပြ နဲ့ အမှိုက်ပြဿနာ

မြို့ပြ နဲ့ အမှိုက်ပြဿနာ

မြို့တစ်မြို့ သန့်ရှင်းသာယာလှပဖို့ အတွက် မြို့ပြအင်္ဂါရပ်တွေနဲ့ ညီညွတ်ဖို့ လိုအပ်ပါတယ်။ အထူး သဖြင့် စီးပွားရေးမြို့တော်လို့ ပြောဆို သတ်မှတ်တဲ့ ရန်ကုန်မြို့၊ အထက် မြန်မာနိုင်ငံရဲ့ စည်ကားတဲ့မြို့တော် မန္တလေးမြို့တို့ရဲ့ သန့်ရှင်းလှပမှုဟာ အရေးကြီးပါတယ်။ ခုထက်ထိ နေရာ တော်တော်များများမှာ တွေ့နေရတဲ့ အမှိုက်တွေဟာမြို့ပြကို အကျည်းတန် စေတာ အမှန်ပါပဲ။

လူသားတွေ နေထိုင်တဲ့ မြို့၊ ရွာ တွေမှာ အမှိုက်ရှိတာက မထူးဆန်း ပါဘူး။ ဒါပေမဲ့ အမှိုက်ကို စနစ်တကျ စွန့်ပစ်မှုမရှိတာ၊ အမှိုက်သိမ်းစနစ်မှာ အားနည်းချက်တွေရှိနေတာ၊ စည်း ကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေက ပြဿနာဖြစ်လာနေပါတယ်။ ဒေါ် အောင်ဆန်းစုကြည်က ဦးဆောင်ပြီး အမှိုက်ကောက်ပြချိန်ကတော့ အမှိုက် ကောက်သူတွေ အများကြီးပေါ်လာ ခဲ့ပေမယ့် နောက်ပိုင်းမှာ အရင်က အတိုင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ် နေကြဆဲဆိုတာကို စိတ်မကောင်း စရာ တွေ့မြင်လာရပါတယ်။

ကျွန်မတို့တွေက ”စင်ကာပူလို ဖြစ်ချင်လိုက်တာ” ”ဂျပန်လိုဖြစ်ချင် လိုက်တာ”စသဖြင့် ပါးစပ်ကလွယ် လွယ်လေး ပြောတတ်ကြပါတယ်။ ဒါ ပေမဲ့ ကျွန်မတို့ဘက်က မလွဲမသွေ လိုက်နာရမယ့် စည်းကမ်းတွေကို တော့ မေ့လျော့နေကြပါတယ်။ ရန် ကုန်မြို့ဟာ လူဦးရေ ၅ သန်းအ ထက် နေထိုင်နေတဲ့မြို့ဖြစ်ပြီး တစ် နေ့တစ်နေ့ ထွက်ရှိတဲ့ အမှိုက်တန်ချိန် ဟာ ၁၆ဝဝ တန် နီးပါးရှိပါတယ်။

ဆင်ခြေဖုံးနေရာတွေကို မဆို ထားနဲ့ ရန်ကုန်မြို့တွင်း မြို့နယ်တွေ မှာတောင် အမှိုက်ကို ပစ်ချင်သလို ပစ်နေတာဟာ ပြည်သူတွေရဲ့ စည်း ကမ်းမဲ့မှုကို ဖော်ပြနေပါတယ်။ ရန် ကုန်မြို့တွင်း ၆ မြို့နယ်မှာရှိတဲ့ နောက်ဖေးလမ်းကြားတွေက အမှိုက် တွေကို အစိုးရသစ်တက်လာပြီး နောက်ပိုင်း စည်ပင်က ရှင်းလင်းပေး ခဲ့ပါတယ်။ ဒါ့အပြင် နောက်ဖေးလမ်း ကြားတွေကို ကွန်ကရစ်ခင်းပေးခဲ့ သလို တချို့နေရာတွေမှာ နောက် ဖေးလမ်းကြား ဥယျာဉ်ပါ ဖန်တီးပေး ခဲ့တာပါ။ ပြဿနာက တိုက်ခန်းတွေ ရဲ့ အပေါ်ထပ်မှာ နေထိုင်သူတွေက လမ်းကြားထဲကို အမှိုက်တွေ ဆက် ပစ်ချမှု တချို့ရှိနေတာပါပဲ။

နောက်ဖေးလမ်းကြားတိုင်းမှာ ဃဃွှဠ တပ်ဆင်ဖို့ ဆိုတာကလည်း အခက်အခဲရှိနိုင်ပါတယ်။ ဥပမာ .. ကျွန်မ ၄၁ လမ်း အောက်လမ်းမှာ နေထိုင်ခဲ့စဉ်က ဗိုလ်အောင်ကျော် လမ်းဘက်က ညဘက်မှာ အမှိုက် ထုပ် ပစ်ချသံတွေ မကြာခဏကြားရ လေ့ရှိပါတယ်။ တစ်ခါတလေမှာ ပု လင်းတွေပစ်ချတဲ့အသံပါ ကြားရတာ ပါ။ ဒါ့အပြင် အဲဒီလမ်းထဲမှာပဲ ဘယ် သူ့ခွင့်ပြုချက်နဲ့ ဖွင့်မှန်းမသိ၊ စည်ပင် ဥပဒေနဲ့လည်း မညီညွတ်ဘဲ လမ်း ဘေးဈေးသည်တွေကို နံနက်ခင်းတစ် ခင်းလုံး ဈေးရောင်းခွင့်ပေးထားပါ တယ်။ ငါးညှီနံ့တွေ၊ သားငါးနံ့တွေ ကြောင့် စိတ်ညစ်ခဲ့ရသလို နေ့လယ် ရောက်တာနဲ့ ဈေးသည်တွေ ထားပစ် ခဲ့တဲ့ အမှိုက်တွေဟာ ဟိုနား၊ သည် နား အများကြီးပါ။

ရေမြောင်းတွေ ရေစီးရေလာ ကောင်းမွန်ဖို့ မိုးတွင်းမှာ ရွာချလိုက် တဲ့ မိုးရေတွေ ရေမြောင်းတွေက တစ်ဆင့် မြစ်တွေ၊ ချောင်းတွေထဲကို အလွယ်တကူ စီးဝင်နိုင်ဖို့ အမှိုက် ကင်းစင်ဖို့ လိုပါတယ်။ ဒါပေမဲ့ စည်း ကမ်းမဲ့သူ အများစုဟာ ရေမြောင်း တွေထဲကို ဖိနပ်စုတ်၊ ဖော့ဘူးခွံ၊ ပု လင်းခွံ၊ ကြွပ်ကြွပ်အိတ် စသဖြင့် တွေ့ကရာ ပစ်ချကြတာပါ။ ရန်ကုန် မြို့မှာရှိတဲ့ ရေမြောင်းအကြီးတွေမှာ ပဲဖြစ်ဖြစ်၊ ရေမြောင်းသေးသေးလေး တွေမှာပဲဖြစ်ဖြစ် အမှိုက်တွေ ပြည့် နေတာ သိပ်ရှက်စရာကောင်းပါတယ်။ အမှိုက်တွေပိတ်ဆို့နေတော့ မိုးတွင်း မှာ ရေနုတ်မြောင်းတွေက ရေကောင်း ကောင်းမစီးနိုင်ဘဲ ရေကြီးရေလျှံမှု တွေ ဖြစ်ရပါတော့တယ်။

စည်ပင်က ရေမြောင်းထဲက အမှိုက်တွေ ဆယ်တာ၊ မြောင်းဖော် တာတွေရှိပေမဲ့ အမှိုက်တွေကို ဆက် ပစ်ချနေတော့ ငွေကုန်ရကျိုးမနပ်ပါ ဘူး။ မြို့နယ်တော်တော်များများမှာ စည်ပင်က အမှိုက်ပုံးတွေ ချထားပေး ထားတာ တွေ့ရပါလျက်နဲ့ အမှိုက်ကို ဖြစ်သလို ပစ်နေတာတွေကို ထိထိ ရောက်ရောက် အရေးယူသင့်ပါ တယ်။ ကမ္ဘာလှည့်ခရီးသွားတွေ ဝင် ထွက်သွားလာနေတဲ့ ”ပုဂံညောင်ဦး လို မြို့မှာ အမှိုက်တွေ တွေ့နေရတာ မဖြစ်သင့်သလို အမှိုက်ပုံးတွေ ဒီ ထက် ပိုချပေးရမှာပါ။ ပုဂံမှာ အမှိုက် ကောက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ် တာ ကောင်းမွန်ပေမဲ့ ဒီထက်ပိုပြီး အရေးကြီးတဲ့အချက်က အမှိုက်စည်း ကမ်းမဲ့ မပစ်အောင် ပညာပေးဖို့နဲ့ အရေးယူဖို့ပါပဲ။

ရန်ကုန်မှာ အထင်ကရ အများ ပြည်သူ အပန်းဖြေရာနေရာဖြစ်တဲ့ အင်းလျားကန်ဘောင်မှာ အမှိုက်ပုံး တွေ စီစဉ်ထားပေးပါတယ်။ ဒါပေမဲ့ လာရောက်အပန်းဖြေသူ တချို့က အမှိုက်တွေကို အမှိုက်ပုံးထဲ မထည့် ဘဲ ထားပစ်ခဲ့တာတွေကြောင့် ကန် ဘောင်ကို ကြွက်ဖောက်မယ့် အန္တ ရာယ် စိုးရိမ်နေရပါတယ်။ ကြွက်ရန် ကို သေသေချာချာ မနှိမ်နင်းနိုင်ရင် ကန်ဘောင်ရဲ့ ကြံ့ခိုင်မှုကိုပါ ထိခိုက် လာမှာဖြစ်ပါတယ်။ ဒါကြောင့် တစ် ဖက်က ”အမှိုက်မပစ်ရ တွေ့ရှိက ဒဏ်ငွေငါးသောင်း”ဆိုတာမျိုးနဲ့ မပြီး ဘဲ တိုင်ကြားနိုင်မယ့် ဖုန်းနံပါတ်တွေ ထားပေးထားပြီး အရေးယူဖို့ လိုနေ ပါတယ် အမှိုက်သိမ်းစနစ်မှာလည်း အားနည်းချက်တွေ ရှိနေတာတွေ့ရ ပါတယ်။ ခေါင်းလောင်းတီးပြီး လှည်း နဲ့ အမှိုက်သိမ်းတဲ့စနစ်ကို တချို့မြို့ နယ်တွေမှာ ကျင့်သုံးပါတယ်။ ပြဿ နာက ခေါင်းလောင်းတီးတဲ့အချိန် သတ်သတ်မှတ်မှတ်မရှိတာပါ။ မနက် ၁ဝ နာရီဖြစ်ချင်ဖြစ်နေသလို နေ့ လယ် ၁ နာရီလည်း ဖြစ်ချင်ဖြစ်နေ ပါတယ်။ အထပ်မြင့်တိုက်ခန်းတွေမှာ နေထိုင်သူတွေအနေနဲ့ ခေါင်းလောင်း သံကြားတာနဲ့ ၅ လွှာ၊ ၆ လွှာကနေ အမှိုက်ဆင်းပစ်ဖို့ မလွယ်ကူပါဘူး။ တကယ် လို့ အချိန်သတ်သတ်မှတ်မှတ် ထား ပေးရင် ပိုအဆင်ပြေပါလိမ့်မယ်။ အမှိုက်ပုံးထားပေးတာက အကောင်း ဆုံးဖြစ်ပေမယ့် သန့်ရှင်းရေးဝန်ထမ်း တွေက မှန်မှန်လာသိမ်းရမှာပါ။

မြို့လယ်ခေါင်ဖြစ်တဲ့ ဆိပ်ကမ်း သာလမ်း၊ ၃၉ လမ်း၊ လမ်း ၄ဝ လို နေရာတွေမှာ ညဘက်အမှိုက်ပုံးတွေ ပြည့်လျှံ၊ အပြင်ဘက်မှာ အမှိုက်ထုပ် တွေ ပစ်ထားတာက တော်တော်အရုပ် ဆိုးပါတယ်။ အမှိုက်ပုံးပြည့်တာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကို အနီး ပတ်ဝန်းကျင်မှ ပြည်သူတွေက လှမ်း ဆက်အကြောင်းကြားသင့်သလို တစ် ဖက်က တာဝန်ရှိသူမှလည်း ဖုန်းကိုင် သင့်ပါတယ်။ အမှိုက်ထဲမှာ ပါဝင်တဲ့ ပလပ်စတစ်အိတ်တွေဟာ သဘာဝ ပတ်ဝန်းကျင်ကိုပါ ထိခိုက် စေနိုင်တာ ကို မကြာခင်က ဖြစ်ပွားခဲ့တဲ့ ထိန်ပင် အမှိုက်ပုံ မီးလောင်မှုက သက်သေပြ နေပါတယ်။

ဧပြီလ ၂၁ ရက်နေ့က စတင် လောင်ကျွမ်းခဲ့တဲ့ ထိန်ပင်အမှိုက်ပုံ မီးဟာ ဧပြီ ၂၈ ရက်နေ့အထိ အပြီး သတ်ငြှိမ်းသတ်နိုင်ခြင်း မရှိသေးပါ ဘူး။ ဧက ၃ဝဝ ကျော် ကျယ်ဝန်းတဲ့ အမှိုက်ပုံဧရိယာမှာ ဧက ၁ဝဝ ကျော် မီးလောင်တဲ့အတွက် ငြှိမ်းသတ်ဖို့ တော်တော်ခက်ခက်ခဲခဲကြိုးစားခဲ့ရ ပါတယ်။ ပိုဆိုးတာက အမှိုက်ပုံမီး လောင်ရာက ထွက်ပေါ်လာတဲ့ မီးခိုး ငွေ့တွေဟာ လှိုင်သာယာသာမက တခြားမြို့နယ်တွေထိ ပျံ့နှံ့ရောက်ရှိ ခဲ့တာပါ။ အသက်ရှုကျပ်လို့ ဆေးစုံ တက်ရသူတွေရှိခဲ့သလို အမှိုက်ပုံမီး ကို ငြှိမ်းသတ်ဖို့ မီးသတ်အင်အား အများအပြား နေ့ရော၊ ညပါ အသုံး ပြုခဲ့ရပါတယ်။ အနှစ်နှစ်အလလက ရှိခဲ့တဲ့ ပလပ်စတစ်အိတ်တွေ မီး လောင်တဲ့ထဲ ပါဝင်လို့ အခြေအနေ ပိုဆိုးခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အမှိုက်စွန့်ပစ်မှု၊ သိမ်းဆည်းမှု၊ အမှိုက်ကြောင့် ဖြစ် ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုး တွေကို ပေါ့ပေါ့ဆဆ သဘောမထား သင့်ပါဘူး။ မြို့ပြမှာ နေထိုင်သူတိုင်း အမှိုက်ကို စနစ်တကျပစ်တတ်သူတွေ ဖြစ်ဖို့၊ အချိန်မှန်၊ နည်းစနစ်မှန် အမှိုက်သိမ်းဆည်းဖို့ မြို့ပြသန့်ရှင်း သာယာစေဖို့ အမှိုက်ပြဿနာကို သေသေချာချာအဖြေရှာသင့်ပြီ ဖြစ် ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါ တယ်။

သွေး (စစ်ကိုင်း)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071