Tuesday, December 16, 2025

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များအတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။ အပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံနေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်းဇယားသည် ယမန်နေ့...

နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်မီးပြန်လည်ရရှိ

အကြမ်းဖက်အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုများကြောင့်  မန္တ လေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများထိခိုက်ပျက်စီးခဲ့ပြီး လျှပ် စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပေးပြီးနောက် ၂၃၀...

ရန်ကုန်လေဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးမီးလောင်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်လေ ဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးတွင် ယနေ့ ဒီဇင်ဘာ ၁၆ ရက်နံနက် ၄ နာရီကျော်ခန့်က...
HomeCelebrities' Newsရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးဖို့...

ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးဖို့ ကမ်းလှမ်းမူတွေ ရှိနေပေမယရိုက်ကူးဖြစ်ဖို့ မသေချာသေးပါဘူးသရုပ်ဆောင်ေကျာ်ဆု

‘လူရည်ချွန်’၊ ‘ချစ်သူထွင်းတဲ့အက္ခရာ’ စတဲ့ ရုပ်သံဇာတ်သံဇာတ်တွဲများမှာ ဇာတ်ကောင်စရိုက်ကို သဘာဝကျကျ ပုံဖော်သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်အားပေးမှုရရှိလာသူကတော့ သရုပ်ဆာင်ကျော်ဆုပါ။ သူကတော့ လက်ရှိCanal + မှာထုတ်လွင့်ပြသနေတဲ့ Toxic (အဆိပ်သွေး) ရုပ်သံဇာတ်လမ်းတွဲမှာ မင်းဦး၊ မို့မို့မြင့်အောင်၊ မုဏ်းစတဲ့သရုပ် ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Toxic ( အဆိပ်သွေး) ရုပ်သံဇာတ်လမ်းတွဲမှာ သူ့ရဲ့ပါဝင်သရုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး . . .

“ကျွန်တော်က Toxic (အဆိပ်သွေး) ဇာတ်လမ်းတွဲမှာ သုတေသန ပညာရှင်တစ်ယောက် အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကာရိုက်တာပိုင်းနဲ့ပတ်သက်ပြီး ပြင်ဆင်ခဲ့ ရတာတွေကတော့ ဇာတ်ညွှန်းလက်ထဲရောက်ကတည်း သေချာဖတ်တယ်။ ပြီး တော့အဝတ်အစားပိုင်းတွေပြင်ဆင်တယ်။ အဝတ် အစားပိုင်းကတော့ ကျွန်တော်တို့ ကိုဆင်ပေးတဲ့ ဒီဇိုင်နာတွေရှိတယ်။ အဲ့ဒီဇိုင်နာတွေနဲ့တိုင်ပင်ပြီးတော့ လုပ်ဖြစ်ပါတယ်။ အခက်အခဲကတော့ ကျွန်တော်တို့ ကလော၊ အောင်ပန်း မှာအဓိကထားပြီး ရိုက်ကူးရတယ်။ ရာသီဥတုကလည် အလွန်အေးတယ်။ ရိုက်ကူးတာကလည်း ညဘက်တွေပဲ ရိုက်ကူး တာများတော့ ရာသီဥတု ဒဏ်ကိုခံရတယ်။ အိပ်ရေးပျက်တဲ့ ဒဏ်တွေခံရတယ်။ ကျန်တာကတော့ အဆင်ပြေပါတယ်။ တော်တော်များများအန်တီမို့မို့မြင့်အောင်နဲ့တွဲရတယ်။ တီမို့က အလွန်ကိုဝါရင့်တဲ့ သရုပ်ဆောင်တစ်ယောက်လည်းဖြစ် တယ်။ သူကတော့ အိုင်တင်ကစ အများ ကြီးသင်ပေးပါတယ်။ ဇာတ်လမ်း ကလည်း အလွန်ကိုဆန်းတယ်။ ဒီလို ဇာတ်လမ်းမျိုးက မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖြစ်မလားတောင် မသိဘူး။ အသစ်အဆန်းတစ်ခုတော့ဖြစ်မှာပါ။ ရိုက်ကူး ထားတဲ့ ရိုက်ကွင်း တွေနေရာတွေကလည်းဆန်းတယ်။ အဲဒါကြောင့် ပရိသတ်ကို ဒီဇာတ် လမ်းတွဲကို ပရိသတ်တွေကိုလည်းကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်” လို့ပြောပြခဲ့ပါတယ်။

လက်ရှိမှာ MRTV-4 နဲ့ ၅ နှစ် စာချူပ်ချူပ်ဆိုထားပြီး ရုပ်ရှင်ဇာတ် ကားရိုက်ကူးဖို့ လာကမ်းလှမ်းမှုတွေရှိ ပေမယ့်လည်း ပါဝင်ရိုက်ကူးဖြစ်ဖို့ မသေချာသေးဘူးလို့ပြောလာတဲ့ သရုပ် ဆောင် ကျော်ဆုက . . .

“MRTV-4နဲ့ကတော့ စာချူပ် ၅ နှစ်ချူပ်ဆိုထား ပါတယ်။ ၃ နှစ်ကျန် သေချာတယ်။ စာချူပ်ရှိပေ မယ့်လည်း လွတ်လတ်လပ်လပ် ရှိတဲ့စာချုပ်ပါ။ ရုပ်ရှင်ဇာတ်ကား ကြီးတွေ လာကမ်း လှမ်းမှုတွေ တော့ရှိပါတယ်။ ရိုက်ကူး ဖြစ်ဖို့ မရိုက်ကူးဖြစ်ဖို့ ဆိုတာကတော့ မသေချာသေးပါဘူး။ ဒီဘက်မှာ လည်ရက်တွေ ညှိနှိုင်းရတဲ့အပိုင်း တွေရှိ နေတယ်။ ရိုက်ကူးလို့ရ မယ်ဆိုရင်တော့ ရိုက်ကူးသွားမှာပါ” လို့ သူကပြောပြခဲ့ပါတယ်။

သူကတော့ လတ်တလောမှာ ထိုင်းနဲ့မြန်မာဖက်စပ်ရိုက်ကူး နေတဲ့ ‘ရွှေဖူးစာ ဆုံရာမြေ’ ဘဝ အသားပေး ဟာသရုပ်သံဇာတ်လမ်း တွဲမှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071