Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesတိုက်ကြက်

တိုက်ကြက်

တိုက်ကြက်ကို ငါမြင်တယ်။ တိုက်ကြက်ဟာ ငါ့ရှေ့ကနေ ဖြတ် သွားတယ်။ ငါက သစ်ပင်ရိပ်မှာ ထိုင် နေတာ။ ခွေးတစ်ကောင်က သစ်ပင် ရိပ်မှာ အေးအေးလူလူအိပ်နေတယ်။ တိုက်ကြက်ဟာ အိပ်ပျော်နေတဲ့ ခွေး အနီးကနေ ဖြတ်သွားတယ်။

တိုက်ကြက်ဟာ ခြေထောက် တစ်ဖက်က နာနေတယ်။ တိုက်ကြက် ဟာ ခွပ်လက်ကျပြီးဖြစ်တယ်လို့ သိနိုင်တယ်။ တိုက်ကြက်ဟာ နာနေ တဲ့ ခြေထောက်တစ်ဖက်နဲ့ ထော့နဲ့ ထော့နဲ့ သွားနေတယ်။ တိုက်ကြက်ရဲ့ ဦးခေါင်းဟာပြောင်နေတယ်။ အမွှေး တစ်မျှင်မျှမရှိ။ တိုက်ကြက်ရဲ့ဦးခေါင်း ဟာ ဈေးထဲက ကြက်သားသည်ရဲ့ ဘန်းထဲမှာ ခင်းထားတဲ့ ကြက်ခေါင်း လိုပါပဲ။ ခြားနားတာက သူဟာ အသက်ရှင်နေတာပါပဲ။ တိုက်ကြက် ရဲ့အမွှေးဟာ ဒုတÄာရောင်။ အစိမ်း ရောင်မှိုင်းပြီး အပြာဘက်ကူးသွား ဟန်အရောင်မျိုးလေ။ ဒုတ္ထာရောင် ဟာ ငါကြိုက်တဲ့ အရောင်ပါပဲ။ တိုက်ကြက်ရဲ့အမွှေးဟာ ဒုတÄာရောင်၊ ဒါပေမဲ့ ဟောင်းမြင်းနေတဲ့အရောင်လေ။ တိုက်ကြက်ရဲ့ လည် ပင်းမှာ လည်ဆံမွှေးသိပ်မရှိတော့ အမွှေးမရှိတဲ့ အရေပြားနဲ့ လည်ပင်းကိုမြင်နေရတယ်။ တိုက်ကြက်ဟာ နာနေတဲ့ ခြေထောက်တစ်ဖက်နဲ့ ဆကာဆကာ လှမ်းလို့သွားနေတယ်။ နာနေပြီဖြစ်တဲ့ တိုက်ကြက်၊ အမွှေးကျွတ်နေပြီဖြစ်တဲ့ တိုက်ကြက်။ သူဟာ ခြေတစ်ဖက်ကို ဆကာဆကာ လှမ်းနေ တယ်။ ငါ သူ့ကိုသဘောကျနေမိတာက ဒီလိုအခြေအနေရောက် နေတာတောင် သူ့မှာ ကြောက်ရွံ့ဟန် စိုးစဉ်းမျှမတွေ့ရ တာပါပဲ။ တိုက်ကြက်ဟာ သစ်ပင်အရိပ်မှာ တစ်နေရာကနေ တစ်နေရာကို ဆကာဆကာ သွားနေတယ်။ သူ့မှာ ချွန်ထက်တဲ့ နှုတ်သီး၊ အရာရာကို သိမြင်နေတဲ့ မျက်လုံး၊ ဒုတ္တာ ရာင် အတောင်ပံနဲ့။ ဆင်ခြေဖုံးကျေးတောပိုင်းကို ရောက်ခဲ့စဉ် အဲဒီတိုက်ကြက်တစ်ကောင်ကို ငါတွေ့ခဲ့တယ်။ သူဟာ ညဥ့် အမှောင်ယံလွန်မြောက်လို့ နံနက်ခင်း မိုးစင်စင်လင်းရင် အတောင်တဖျပ်ဖျပ်ခတ်ပြီး တွန်လိမ့်မယ်ဆိုတာ ငါယုံကြည်ခဲ့ ပါတယ်။

နေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071