Monday, June 15, 2026

မတ္တရာမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင်...

ထိုသို့ဆောင်ရွက်နေရာ အရည်အချင်းစစ်ဆေးမှုတွင်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၇၉၂၂ ဦး ရှိကာ စုစုပေါင်း ၇၆၂၄ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ စာရင်းများအရ Grade-1တွင် ၇၄၇ ဦး၊...

ငလျင်ဒဏ်သင့် SME လုပ်ငန်းရှင်များအတွက် UNDP...

ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသအတွင်း ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် အငယ်စားနှင့် အလတ်စား စီးပွားရေး (SME) လုပ်ငန်းများ ပြန်လည်နာလန်ထူလာနိုင်ရေးအတွက် ရည်ရွယ်၍ "Grant...

ဗြိတိန်မှာ အသက် ၁၆ နှစ်အောက်...

ဗြိတိန်မှာ ၂၀၂၇ ခုနှစ် နွေဦးကစပြီး အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်ပင်တားမြစ်တော့မယ်လို့ ဝန်ကြီးချုပ် ခီယာ...

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

ပေကျင်း၊ ဇွန် ၁၅ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅...
HomeCelebrities' Newsထပ္မံႀကိဳးစားခြင့္ရတဲ့ Miss Universe...

ထပ်မံကြိုးစားခွင့်ရတဲ့ Miss Universe Myanmar2018 ပြိုင်ပွဲအတွက် အလှမယ် အမရာ ငြိမ်း ရဲ့ ပြင်ဆင်မှု

အလှမယ် အမရာငြိမ်းကMiss Universe Myanmar 2018 ပြိုင်ပွဲကို ထပ်မံဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြောင်းလဲမှုတွေများစွာ ပြုလုပ်ခဲ့သူပါ။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာလည်း သိသိသာသာပြောင်းလဲလာတာကို မြင်တွေ့ရသလိုစိတ်ဓာတ်ပိုင်းမှာလည်း အတွေ့အကြုံကောင်းတွေကနေပြန်လည် သုံးသပ် သင်ယူနေတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ အတွေ့အကြုံ များစွာ ရရှိခဲ့တဲ့ အမရာငြိမ်းရဲ့ ကြိုးစားမှုများက …

“အမရာငယ်ငယ်ထဲက Miss Universe ပြိုင်ပွဲတွေကိုကြည့်ရှုရင်း နဲ့Beauty Peagent ဆိုတာကို စသိခဲ့တာပါ။ Miss Universe Myanmar ကို ပထမဆုံးစပြီး ကြိုး စားခဲ့တာပါပဲ။ ဒါပေမဲ့ လိုအပ်တာ တွေရှိတယ်။ မဖြစ်ခဲ့ဘူး။ အခုတော့ အတွေ့အကြုံတွေလည်း အများကြီး ရခဲ့ပြီဖြစ်တဲ့အတွက် နောက်ထပ် တစ်ကြိမ် နိုင်ငံကိုယ်စားပြုဖြစ်ချင်ပါ သေးတယ်။ အမရာက ဧပြီလဆန်းမှာ ဖိလစ်ပိုင်နိုင်ငံဆီ ကိုယ့်ဘာသာ ထရိန်နင်ဆင်းဖို့သွားရောက်ခဲ့ပါတယ်။Body Beauty ပိုင်းကို အဓိကထား ပြီးအမရာပြင်ပါတယ်။ အမရာက လက်ပြင်ကျယ်တဲ့ အတွက် ကြောင့် Boxing ထိုးဖို့လည်း လေ့ကျင့်နေ ပါတယ်။ နောက်ပြီး English ကိုလည်း ပိုပြီး တိုးတက်လာအောင် လေ့လာတယ်။ ဝိတ်တွေကျဖို့ လည်း အမရာက အများကြီးဒုက္ခခံခဲ့ရပါတယ်။ နဂိုကတည်းက ကရင်လည်း ဖြစ်တယ်။ အရိုး အဆစ်တွေကလည်း ကြီးတဲ့အတွက် လူကောင် သေးသွားဖို့ဆိုတာသိပ်ပြီးမဖြစ် နိုင်ပါဘူး။ ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် Gym ဆော့ ရင်လည်းယောက်ျား တစ်ယောက်လို အလေး အများကြီးနဲ့ကို လေ့ကျင့်ရပါတယ်။ ဒါကြောင့် လည်း ကိုယ် ကြိုးစားတာတွေက အရာထင်မယ် လို့လည်းမျှော်လင့်ပါတယ်”လို့ သူကပြော ပြပါတယ်။

အလှမယ်အတော်များများက ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ပြီး မြန်မာနိုင်ငံဆီပြန်လည်ရောက်ရှိတဲ့အခါ သရုပ် ဆောင်ပိုင်း အနုပညာဘက် ဆီဘက်ကူးပြောင်း သွားတာ တွေ့ရပါတယ်။ အမရာငြိမ်းကရော သရုပ်ဆောင် တစ်ဦး အနေနဲ့ ဆက်လက်ရပ်တည်မလား။ အလှမယ်တွေ သရုပ် ဆောင်အဖြစ် ဆက်လက်ရှေ့ဆက်မလားဆိုတဲ့အပေါ် အလှမယ် အမရာငြိမ်း ရဲ့ အမြင်က …

“အနုပညာလောက လက်ငါးချောင်းတောင် အတို အရှည်မညီကြပါဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ် ယောက်ရဲ့ စိတ်ထားတွေခံယူချက် တွေထပ်တူညီကြဖို့ဆိုတာ ခဲယဉ်းပါတယ်။ အမရာရဲ့ ခံယူချက်ကတော့ နိုင်ငံကိုယ်စားပြု အလှမယ်တစ် ယောက်ဖြစ်ချင်တယ်။ ဒါကြောင့် ညီမ ပထမ တစ်ကြိမ်ကြိုးစားတယ်။ ပြည်တွင်းမှာ ကိုယ်စားပြုဖြစ်ခဲ့ တယ်။ ဒါပေမယ့် နိုင်ငံတကာမှာတော့ နေ ရာမရခဲ့ဘူး။ ဒါကိုအမရာက ကျေနပ်မှုမရှိတဲ့အတွက် နောက်ထပ် အခုကြိုး စားယှဉ်ပြိုင်ဦးမယ်။ တချို့ကျတော့ လည်း အနုပညာကိုဝါသနာပါသူတွေရှိတယ်။ ကမ္ဘာ့နိုင်ငံ အနှံ့ အပြားမှာလည်း အလှမယ်ဖြစ်ပြီးသွားရင် Presenter ဘက်ကိုကူးပြောင်းသွားကြတာ၊ မင်းသမီးဘက်ကို ကူးပြောင်းကြတာတွေ လည်းရှိတယ်။ ဒါကတော့ ကိုယ့်ရဲ့ right နဲ့ကိုယ်ပါပဲ။ ခံယူချက်ခြင်းလည်း မတူနိုင်ပါဘူး။ အမရာက သရုပ်ဆောင်ဖို့အတွက်ကျတော့ ကိုယ်တိုင်ကလည်း ဝါသနာမပါဘူး။ ကိုယ့်ကို လာကမ်း လှမ်းတာမျိုးလည်း ရှိသလို၊ အမရာလည်း ကြိုးစားကြည့် ဖူးပါတယ်။ သရုပ်ဆောင် တစ်ယောက် ဖြစ်လာဖို့အထိ စိတ်နှစ်တာမျိုး အမရာဝါသနာမပါပါဘူး။ Modelling ကို ပိုပြီးအားသန် ပါတယ်။ ဒီအထဲမှာလည်း Model ဘက်ကိုပိုပြီး အားသန်ပါတယ်”လို့ အမရာက ပြောပြပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071