မိဘမဲ့ကလေးများကို ရှင်ပြု၊ နားသအလှူတော်မင်္ဂလာပြုလုပ်ပေးခဲ့တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

0
320

သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ ပရဟိတအသင်းမှကြီးမှူး ကျင်းပတဲ့ မေတ္တာမွန်ပရဟိတကျောင်းမှ မိဘမဲ့ကလေး ငယ်များအား ရှင်ပြု၊ သီလရှင်ဝတ်ပေးခြင်း အလှူတော် မင်္ဂလာအခမ်းအနားကို မေလ ၅ ရက်နေ့က လှည်းကူးမြို့ နယ်၊ ဘား လားကျေးရွာ၊ မေတ္တာမွန်ပရဟိတကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

မိဘမဲ့ကလေးငယ်တွေကို ရှင်ပြု၊ သီလရှင်ဝတ်ပေး ဖြစ်ပုံကို မေးကြည့်တဲ့အခါမှာတော့ ခိုင်နှင်းဝေက …

”ဒီနေ့အစ်မတို့ လှည်းကူးမြို့ထဲမှာရှိတဲ့ မေတ္တာမွန် ပရဟိတကျောင်းမှာ မိဘမဲ့ကလေးတွေကို ရှင်ပြု၊ နားသ လုပ်ပေးတာပါ။ စုစုပေါင်း ကိုရင် ၅၂ ပါးပါ။ အစ်မတို့ ဒီကျောင်းမှာလည်း အမြဲတမ်းလှူဒါန်းဖြစ်တယ်။ ဒီကျောင်းက ကလေးတွေလည်း သံယောဇဉ်ဖြစ်တယ်။ ဒီလိုရှင်ပြုတဲ့အလှူလေးကိုလုပ်ဖြစ်တာဟာ ရှင်ပြုခြင်းက သားသမီးတွေကို ဘုရားသားတော် သမီးတော်ဖြစ်အောင် လုပ်တဲ့အတွက် အစ်မလည်း မိဘအနေနဲ့ သူတို့အတွက် သာသနာ့ဘောင်ကို သွတ်သွင်းပေးသလိုပါပဲ။ အလွန်ပျော် ပြီး ပီတိဖြစ်ရပါတယ်။ ရင်ထဲမှာ ဝမ်းသာသလိုလို၊ ဝမ်း နည်းသလိုလိုဖြစ်တယ်။ နောက်ပြီးတော့လည်း အစ်မတစ် နှစ်တစ်ခေါက်လှူဖြစ်အောင်လှူမှာပါ”လို့ ပြောပါတယ်။

”ရင်ထဲမှာလည်း တဒုန်းဒုန်းနဲ့ ရင်တုန်သလို၊ ရင်ခုန်သလို၊ ပျော်သလို ဝမ်းနည်းသလိုနဲ့ အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်မ ကလေးလေးတွေကို ဗုဒ္ဓဘုရားရဲ့ သားသမီးအဖြစ် ခံယူခွင့်ပေးတဲ့အတွက် အလှူရှင်များကိုထပ်မံကျေးဇူးတင်ပါတယ်” လို့ ခိုင်နှင်းဝေက ပီတိစကားဆိုခဲ့ ပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here