Wednesday, June 17, 2026

တရုတ်၏ အကြီးစား မီးရထားတည်ဆောက်ရေးလုပ်ငန်း CRCC...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၇ ရက်...

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံခရီးသွားလုပ်ငန်းပူး ပေါင်းဆောင်ရွက်ရန် MoU ရေးထိုး

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံခရီးသွားလုပ်ငန်းပူး ပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ(MoU)ကို ဇွန် ၁၆ ရက်က ရန်ကုန်မြို့၌ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ကမ္ဘောဒီးယားနိုင်ငံ...

မင်းကင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များပြန်လည်ရွေးချယ်မည်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များကိုပြန်လည်ရွေးချယ်သွားမည်ဖြစ်၍ ဇွန် ၁၆ ရက်နံနက်ပိုင်းက လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကာ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်တာဝန်ပေးအပ်သွားမည်ဖြစ်သည်။ ထို့ပြင်...

တရုတ်၏ အကြီးစား မီးရထားတည်ဆောက်ရေးလုပ်ငန်း CRCC...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၇ ရက်...
HomeMoviesမြန်မာ-တရုတ် ဆက်ဆံရေး၊ AI...

မြန်မာ-တရုတ် ဆက်ဆံရေး၊ AI နည်းပညာနှင့် ဖွံ့ဖြိုးရေးကဏ္ဍများအပေါ် CCTV က နိုင်ငံတော်သမ္မတအား တွေ့ဆုံမေးမြန်း

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံပိုင် China Central Television (CCTV) သတင်းဌာနက ပေကျင်းမြို့တွင် သီးသန့်တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

အင်တာဗျူးတွင် နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်မှ ရရှိလာမည့် ရလဒ်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးပါမှုနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို အဓိကထား မေးမြန်းခဲ့ကြသည်။

ထို့ပြင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်အပေါ် သမ္မတ၏ အမြင်သဘောထားများ၊ တရုတ်နိုင်ငံ၏ “Chinese Modernization” ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းနှင့် ယင်းအတွေ့အကြုံများကို မြန်မာနိုင်ငံအတွက် မည်သို့အသုံးချနိုင်မည်ဆိုသည့် အချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

CCTV သတင်းဌာနက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ပြန်လည်ထူထောင်ရေးနှင့် ခေတ်မီနည်းပညာ အသုံးချမှုများတွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံများအနက် မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံး နမူနာများကိုလည်း မေးမြန်းခဲ့ကြောင်း သိရသည်။

အလားတူ AI နည်းပညာ၊ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် မြှင့်တင်ရေးနှင့် နှစ်နိုင်ငံပြည်သူချင်း ဖလှယ်ရေးကဏ္ဍများအပေါ် အမြင်များကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့အပြင် “Chinese Film Week” အစီအစဉ်တွင် ပြသခဲ့သည့် တရုတ်ရုပ်ရှင်များနှင့် ရုပ်ရှင်အနုပညာကဏ္ဍမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမေးမြန်းခန်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ထင်ဟပ်ဖော်ပြသည့် အင်တာဗျူးတစ်ခုဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၏ အကြီးစား မီးရထားတည်ဆောက်ရေးလုပ်ငန်း CRCC ကို သမ္မတဦးမင်းအောင်လှိုင် သွားရောက်လေ့လာ

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ CRCC သည် တရုတ်နိုင်ငံ၏ အကြီးဆုံး မီးရထားနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးကုမ္ပဏီများအနက် တစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ မီးရထားလမ်း၊ လမ်းမကြီး၊ တံတားနှင့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ လေ့လာရေးခရီးစဉ်အတွင်း CRCC...

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံခရီးသွားလုပ်ငန်းပူး ပေါင်းဆောင်ရွက်ရန် MoU ရေးထိုး

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံခရီးသွားလုပ်ငန်းပူး ပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ(MoU)ကို ဇွန် ၁၆ ရက်က ရန်ကုန်မြို့၌ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. HUOT HAK တို့ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ MoU ရေးထိုးပွဲ၌ ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီး ယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးတို့ကအမှာစကားပြောကြားပြီး အလုပ်သဘောနေ့လယ်စာစားပွဲတွင်လည်း ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ခ ရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးတို့သည် မြန်မာ-က မ္ဘောဒီးယား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး Roadshow၊...

မင်းကင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များပြန်လည်ရွေးချယ်မည်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များကိုပြန်လည်ရွေးချယ်သွားမည်ဖြစ်၍ ဇွန် ၁၆ ရက်နံနက်ပိုင်းက လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကာ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်တာဝန်ပေးအပ်သွားမည်ဖြစ်သည်။ ထို့ပြင် ဌာနဆိုင်ရာတာဝန်ရိသူများကလည်း ရပ်ကွက်/ကျေးရွာများသို့ အသီးသီးကွင်းဆင်းရွေးချယ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071