Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesဖုန်မှုန့်ကလေး

ဖုန်မှုန့်ကလေး

ငါ က လေတိုက်ရင်လွင့်ပါသွားတဲ့ ဖုန်မှုန့်တွေဖြစ်သွားမှာ။ မင်းက တော့ ဆာဟာရ သဲကန္တာရထဲက သဲ ပွင့်တွေအဖြစ် ရောက်ရှိသွားနိုင်တာ။ မင်းဆီကို လူသူအရောက်အပေါက် နည်းလို့ မင်းဟာ ဆာဟာရသဲကန္တာ ရထဲက သဲပွင့်တွေထဲမှာ ရောနှော သွားလိမ့်မှာ။ ကန္တာရခရီးသွားတွေ ဟာ ကုလားအုပ်ကိုစီးလို့ ပူပြင်းတဲ့ သဲကန္တာရကို ဖြတ်သန်းသွားကြ တယ်။ ခရီးသွားကုန်သည်တစ်ဦးဟာ ကုလားအုပ်ကုန်းနှီးမှာ ချိတ်ထားတဲ့ ရေဘူးကိုမော့လို့ တစ်ကျိုက်သောက် လေရဲ့။ ဟိုးဝေးဝေးဆီမှာ စွန်ပလွံ ပင်၊ ပိရမစ်၊ ဗျစ်ရည်အိုး မျက်စိတဆုံး သဲပင်လယ်။ ဆာဟာရသဲကန္တာရထဲ က သဲပွင့်ကလေးတွေကိုကြည့်ပြီး ဘယ်သူမှ မင်းကို မှတ်မိတော့မယ် မဟုတ်ဘူး။ ငါကတော့ လေတိုက်ရင် လွင့်ပါသွားတဲ့ ဖုန်မှုန့်တွေလေ။ နွေ ဦးနေ့ရက်တွေဆို လေပွေဟာ လမ်း ပေါ်မှာ လျှောက်သွားလို့၊ ဖုန်မှုန့်တွေ ဟာ အရပ်မျက်နှာအသီးသီးကို လွင့် ချေပေါ့။ ငါဟာ လေထဲက ဖုန်မှုန့် မျှ သာ။ နွေဦးနေ့ရက်များရဲ့ လေပွေ ဟာ ဗာဒံပင်က နီကျင်ကျင်သစ်ရွက် တွေကို ကြွေကျစေပေါ့။ ကြွေကျသွား တဲ့သစ်ရွက်တွေကို လွင့်ပါစေပေါ့။ လွင့်ပါသွားတဲ့သစ်ရွက်ခြောက်ကို လူ တွေ မေ့လျော့စေပေါ့။ ကန္တာရထဲက သဲမှုန့်တွေပေါ်မှာ ဖြတ်သွားတဲ့ ကု လားအုပ်ခြေရာအောက်မှာ မင်းရှိ ကောင်းရှိနိုင်တာ။ သဲပွင့်တွေဟာ တစ်ခုနဲ့တစ်ခု အတူတူပဲလား။ သဲပွင့် တွေဟာ တစ်ခုနဲ့တစ်ခုမတူဘူးလား။ ဟောဒီသဲပွင့်ကလေးက ဘာကြောင့် နေရောင်ထဲမှာ တလက်လက်ဖြစ်နေ ရတာလဲ။ ငါကတော့ လေတိုက်ရင် လွင့်ပါတဲ့ဖုန်မှုန့်ပါပဲ။ လေငြိမ်နေတဲ့ အခါ ငါတို့ဟာ ကိုယ့်အဖြစ်ကိုပြန် သတိရမိကြ။ နှစ်ပရိစ္ဆေဒတွေက ငါ တို့ကို ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲ ပစ်ခဲ့တာ။ ခုတော့ဖြင့် ငါကလေတိုက် ရင် လွင့်ပါသွားတဲ့ ဖုန်မှုန့်တွေအဖြစ် ရောက်ရှိခဲ့ပေါ့။

လေငြိမ်တဲ့ နွေဦးနေ့လယ်ခင်း တစ်ခုပါပဲ။ ငါဟာ နေရာအနှံ့ကို ရောက်ရှိခဲ့တာ။ ဒီလိုနဲ့ ပါးလျား ပျောက်ကွယ်သွားရမှာ။ ဒီလိုနဲ့ ပျောက်ကွယ်ပြီး လေမှုန်တဲ့အခါ ငါ့ ကို တစ်ဖန်ပြန်တွေ့ရမှာ။ ကိုင်းတံ ထက်ကြေ<ွကကျပြီး လေထဲလွင့်ပါ သွားတဲ့ သစ်ရွက်ခြောက်ရဲ့ ကိုယ် ထည်မှာ ငါခဏမျှကပ်ငြိရှိနေခဲ့တာ။ တချို့ရက်တွေဆို နွေဦးလေရူးက ဝုန်းခနဲဆောင့်တိုက်လာရင် ငါဟာ အဝေးကို လွင့်ပါသွားရသည်သာပင်။ ခြောက်သွေ့တဲ့နေ့ရက်တစ်ခုမှာ ငါ ဟာ လမ်းပေါ်မှာ ရှိနေနိုင်တာ။ နေ ရောင်တဝင်းဝင်း၊ ခြစ်ခြစ်တောက် ပူလောင်လာတဲ့အခါ ငါဟာ မြေသား ပြင်ထက်မှာ ရှိနေနိုင်တာ။ တိတ် ဆိတ်တဲ့မြို့ကြီးတစ်မြို့ရဲ့ မြေသား ကြမ်းပြင်မှာငါရှိနေနိုင်တာ။ ခုတော့ ဖြင့် ငါဟာစက္ကူပေါ်က ဖုန်မှုန့်က လေးမျှသာ။

နေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071