Wednesday, April 15, 2026

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင်...

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့်...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ်...

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော...

ဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်

ဧပြီလ ၁၁ ရက် အမေရိက-ဖိလစ်ပိုင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်နိုင်ငံ ပါဝင်လာခြင်းသည် “အလွန်အရေးပါသော ကိစ္စရပ်” တစ်ခုဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော်...
HomeCelebrities' Newsသမီးတွေရဲ့ ဝါသနာအကြောင်း စမိုင်းပြောပြ

သမီးတွေရဲ့ ဝါသနာအကြောင်း စမိုင်းပြောပြ

သမီးနှစ်ယောက်ရဲ့ မိခင်သက်လတ်ပိုင်း အမျိုးသမီးဖြစ်နေပြီဖြစ်တဲ့ သရုပ်ဆောင်စမိုင်းအတွက်တော့ မိသားစု က နံပါတ်တစ်ပါပဲလို့ ဆိုပါတယ်။ စမိုင်းက အမြဲတမ်းလည်း မိသားစုကို အချိန်ပေးသလို ခင်ပွန်းနဲ့ သမီးနှစ်ယောက်ကလည်း စမိုင်းရဲ့ အနုပညာလှုပ်ရှားမှုတွေအတွက် အဓိကပံ့ပိုးပေးတာကို တွေ့ရပါတယ်။ မိခင်တစ်ယောက်အနေနဲ့ မေမေစမိုင်းရဲ့ သမီးတွေအပေါ် စောင့်ရှောက်မှုက …

“ကိုယ်ဘက်ကလည်း မိခင်တစ်ယောက်အနေနဲ့ သမီးနှစ်ယောက်ကို ရင်အုပ်မကွာ စောင့်ရှောက်တဲ့ သဘောပါ။ အစ်မက မိသားစုနဲ့ အမြဲ သွားလာဖြစ်တယ်။ ခရီးတွေလည်း ထွက်တယ်။ ပရိသတ်တွေလည်း သိပါတယ်။ အချိန်တွေတိုင်းကို သူတို့နဲ့ ကုန်ဆုံးချင်တယ်။ အဓိကကတော့ ကလေးတွေကလည်း တဖြည်းဖြည်း အသက်ကြီးလာကြမယ်ဆိုရင် သူတို့ တွေကိုယ်နဲ့နေတုန်းလေး သူတို့နဲ့ ကိုယ့်ရဲ့ အချိန်လေးတွေကို ကုန်ဆုံးတယ်။ သူတို့တွေ အပျိုကြီးတွေဖြစ်ပြီး ရည်းစားတွေ ဘာတွေရသွားတဲ့အခါကျရင် သူတို့နဲ့ အတူရှိဖို့ဆိုတာ သိပ် ပြီး မလွယ်တော့ဘူးလေ။ ဒါကြောင့် ပါ”လို့ စမိုင်းက ပြောပြပါတယ်။ စမိုင်းအနေနဲ့လည်း သရုပ်ဆောင် အလုပ်ကို ပြန်လည်လုပ်ကိုင် ချိန်မှာတော့ သမီးတွေက လည်း အမေဖြစ်သူကို အပြည့်အဝအားပေး သလို သူတို့ကိုယ်တိုင်လည်း အနု ပညာဝါသနာ ပိုးကိုယ်စီရှိတယ်လို့ စမိုင်းကဆိုပါတယ်။ သမီးနှစ်ယောက်ရဲ့ ဝါသနာအကြောင်းကိုလည်း စမိုင်းက အခုလိုပြောပြပါတယ်။ “အစ်မရုပ်ရှင် ဇာတ်ကားရိုက်ကူးတဲ့အချိန်ဆိုရင် ကလေးနှစ်ယောက်ကလည်း လိုက်ချင် တယ်။

အစ်မက အခုရှုတင်ကို မလိုက်နဲ့ နေပူတယ်။ နေပြင်းတယ်လို့ ပြောပေမယ့်လည်း သူတို့တွေက အမေ နောက်ကတော့ တကောက်ကောက်ပါပဲ။ သမီးအကြီးက အစ်မလိုပဲ အနုပညာကို ဝါသနာပါတယ်။ ဓာတ်ပုံရိုက်ရတာ Post ပေးရတာကိုလည်း သူကကြိုက် တယ်။ ဒါပေမဲ့ သူက နည်းနည်းလေးလည်း အေးတယ်။ အသက်ကလည်း ၁၃ နှစ်ဆိုတော့ အနုပညာလုပ်ဖို့က ငယ်လည်း ငယ်သေးတယ်လို့ အစ်မထင်တယ်။ နောက်တစ်နှစ် လောက် နေရင်တော့ သူလုပ်ချင်ရင်ပေးလုပ်မယ်။ တဖြည်းဖြည်းနဲ့ အစ်မတို့လည်း စောင့်ကြည့် ရမှာပေါ့။ အငယ်လေးကတော့ အခု ဆယ်နှစ်ပြည့်တော့မယ်” လို့ စမိုင်း က ပြောပြပါတယ်။

မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071