ကာလာစုံမိတ်ကပ်ခြယ်သမှုများမှ သဘာဝဆန်တဲ့ပြင်ဆင်မှုကို ပြောင်းလဲလာတဲ့ အကယ်ဒမီ မိတ်ကယ်ခြယ်သမှု

0
152

နှစ်စဉ်ကျင်းပ ပြုလုပ်နေကျ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပေးအပ်ပွဲကြီးအတွက်လည်း ရင်ခုန်သံတွေ ပြင်းထန်နေကြသလို အကယ်ဒမီဆုပေးပွဲ လျှောက်လမ်းမှာ တက်ရောက် လာကြတဲ့ မင်းသားမင်းသမီးများရဲ့ အကယ်ဒမီဖက်ရှင်နဲ့ အကယ်ဒမီ မိတ်ကပ်ပြင်ဆင်မှုတွေကိုလည်း ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်အားပေးကြပါတယ်။ မိတ်ကပ်ပြင်ဆင်မှုနဲ့ ပတ်သက်လို့လည်း အရောင်အသွေးစုံလင်တဲ့ ပြင်ဆင်ခြယ်သမှုတွေက တဖြည်းဖြည်း လျော့နည်းလာပြီး အနောက်တိုင်းဆန်တဲ့Natural Look ပုံစံကိုပဲ အပြိုင်အဆိုင် ပြင်ဆင်လာကြတာ တွေ့ရပါတယ်။ ဒီလိုပြောင်းလဲလာတဲ့အပြင်အဆင် တွေနဲ့ အကယ်ဒမီပွဲတက်မိတ်ကပ်တွေကို ခြယ်မှုန်းကြမယ့် မိတ်ကယ်အလှ ဖန်တီးရှင်များရဲ့ ပြင်ဆင်မှုစကားသံတွေကိုလည်း မေးမြန်းတင်ဆက်လိုက်ပါတယ်။

မိတ်ကပ်ကျော်မိုး

အကယ်ဒမီပေးပွဲက ညဘက်လုပ်တာဆိုတော့ အရင်ကဆို ပွဲထဲမှာထင်းနေအောင် နှုတ်ခမ်းနီ အရင့်ကြီးတွေ ဆိုးကြတယ်။ ကာလာကလည်း ရင့်တဲ့ဘက်သွားတဲ့အရောင်တွေကိုခြယ်သကြတာများပါတယ်။ အခုတော့ ခေတ်နဲ့ လည်းအညီ လူတွေက သဘာဝဆန်တဲ့ Natural Look ဘက် သွားတာကိုပဲ လိမ်းတာများလာတယ်။ Nude ဘက်ကို သွားပြီး မျက်လုံးပိုင်းပြင်ဆင်မှုကို အသားပေးပြင်ဆင်တယ်။ ဆံပင်ထုံးဖွဲ့မှုမှာလည်း အရင်ကဆို Heavy ဖြစ်တဲ့ပုံစံနဲ့ Accessory တွေအားဖြည့်တယ်။ အခုတော့ ကပိုကရိုလေးပုံစံ ဆံပင်လေးတွေ ဖြာကျနေပြီးတော့ ပေါ့ပေါ့ပါးပါးလေး ဖြစ်အောင် မေမိုးတို့လုပ်ပေးတယ်။ ပွဲကလည်း အချိန်နည်းနည်းကြာတော့ ပုံစံမပျက်လေးလှနေအောင်ံHair Spary တော့ များများ သုံးပေးရတာပေါ့။

မိတ်ကပ် ညီညီမောင်(စမ်းချောင်း)

မနှစ်ကလည်း သုသုက မမြတ်လေးတို့၊ ဒီးဒီတို့ဆိုရင် ပုံမှန်အနေအထားလေးပဲ ခြယ်ပေးခဲ့တယ်။ဒီနှစ် အတွက်လည်း သုက မိတ်ကပ် အပြင်အဆင်ကိုအားလုံး Nude ဘက်သွား တာပဲပြင်ဆင်ပေးမှာပါ။ ဟိုးအရင်ခေတ်တွေ ကလို ကာလာအရောင် အစိမ်းကြီးတွေ၊ အပြာကြီးတွေ တင်တာလည်း ခေတ်မစားတော့ဘူးလေ။ နောက်ပြီး မျက်တောင်တု အကြီးတွေတပ်တာလည်း ခေတ်မရှိတော့ဘူး။ အခုကမျက်တောင်ဆိုရင် လည်း တကယ့်ကိုHuman Hair နဲ့လုပ်ထားတဲ့၊ တကယ့်ကို အစစ် နဲ့တူတဲ့မျက်တောင်ကိုပဲ တပ်ကြတော့တယ်။ ဒီဇိုင်နာရဲ့ ဖက်ရှင်ဖန်တီး မှုတွေကလည်း ဖြတ်ဆက်ပုံစံတွေ ခေတ်စားလာတော့ အနောက်တိုင်းနဲ့ မြန်မာရောစပ်ထားတဲ့ ဝတ်စုံတွေဖြစ်လာ တဲ့အခါ သုတို့ကလည်း ဘိုဆန်တဲ့ အပြင်အဆင်တွေကို ခြယ်သပေးရတယ်။ အရင်ခေတ်ကလို အကယ်ဒမီဆိုတာနဲ့ သဇင်တွေကိုပြေးမြင်ပြီး ဆံထုံးအကြီးကြီးတွေ သိပ်လုပ်ကြမှာ မဟုတ်တော့ပါဘူး။ ကိုယ်ကလည်း ခေတ်နဲ့အညီ သပ်သပ်ရပ်ရပ်လေးနဲ့ ခမ်းခမ်းနားနားလေးဖြစ်အောင်ပြင် ဆင်ပေးမှာပါ။

မိတ်ကပ် မေဦး

ဒီနှစ် အကယ်ဒမီဆုပေးပွဲမှာပြင်ဆင်ပေးဖို့အတွက်တော့ ခါတိုင်းနှစ်တွေက မေဦးလိမ်းခြယ်သခဲ့တဲ့ မိတ်ကပ်ပုံစံ တွေကို ပြန်ပြီးတော့ကြည့်တယ်။ အရင်လိမ်းခြယ်သခဲ့တာတွေက ရင်ထဲမှာမကျန်ခဲ့ဘူးလို့ ခံစားရတယ်။ ဒီနှစ်ကတော့ မေဦး ကိုယ်တိုင် အလှပြင်ပေးရမယ့် လူတွေအားလုံးကို ထူးထူး ခြားခြားလေးအလှပြင်ပေးမယ်။ ဘယ်နှခါပြန်ကြည့်ကြည့် အရသာရှိတဲ့ပုံစံကြည့်ရင်လည်း ရင်ထဲမှာစွဲနေတဲ့ ပုံစံလေးတွေ ဖြစ်အောင်ပဲ အလှပြင်မှာပါ။ လက်ရှိ ခေတ်စားနေတာ ကတော့Nude Color။ ဒါကလည်း Trend နဲ့ တော့ဆိုင်တာပေါ့နော်။ လူကြိုက်များနေတဲ့ ပုံစံတစ်ခုကို ကိုယ့်ရဲ့ Style လေးနဲ့ ပေါင်းစပ်ပြင်မှာပါ။ Foundation ကိုပါးပါးလေးနဲ့ မျက်လုံးလေးကို ဦးစားပေးပြီးခြယ်သမယ်။ ဒီနှစ်အတွက်တော့ မအူဝဲ၊ ကစ်ကစ် (ဝတ်မှုံရွှေရည်)၊ မိုးဟေကိုနဲ့ စံရတီမိုးမြင့်၊ နောက်ပြီး မမေသူနဲ့ မခင်စံပယ်ဦးတို့ကို အလှပြင်ပေးမှာပါ။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here