ဗန်ကောက်၊ ဩဂုတ် ၇
ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းတည့်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်ခဲ့သည်။
ထိုသို့သွားရောက်စဉ် နိုင်ငံတော်သမ္မတသည် မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ထိုင်းနိုင်ငံ၌ ပညာသင်ကြားလျက်ရှိသည့် ပညာသင်များအား တွေ့ဆုံ၍ ဩဝါဒစကားပြောကြားခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
