Make-up Special Effect နဲ့ ပတ်သက်လို့ အကယ်ဒမီဆုမျှော်လင့်မိတယ် ကိုအောင်ကျော်ထွန်း

0
205

Make-up Special Effect ပညာရှင် ကိုအောင်ကျော်ထွန်းက ရုပ်ရှင်ဇာတ်ကား တော်တော် များများမှာ ဇာတ်ရုပ်နဲ့လိုက်ဖက်တဲ့ Special Effect မိတ်ကပ်တွေ ပြင် ဆင်ပေးလျက်ရှိပါတယ်။ သူ့ကိုယ် တိုင် ပြင်ဆင်ပေးဖြစ်တဲ့အခါမှာလည်း ဇာတ်ရုပ်နဲ့ အံဝင်မှုရှိအောင်ရယ် သရုပ်ဆောင်တွေရဲ့ မျက်နှာတွေမှာထိခိုက်မှုမရှိရလေအောင်ရယ် အထူး ဂရုတစိုက်ပြုလုပ်ပေးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုပြင်ဆင်ပေးမှု တွေနဲ့အတူပဲ Make -up Special Effect ပညာရပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက် ပြီးတော့ အသိအမှတ်ပြုတဲ့ အကယ် ဒမီဆုဆိုတာမျိုး မျှော်လင့်မိတယ်လို့ ကိုအောင်ကျော်ထွန်းက ပြောပါတယ်။

”Make -up Special Effect ခေါင်းစဉ်အောက်မှာ အကယ်ဒမီဆုပေးခဲ့ တာမျိုးမရှိခဲ့ဖူးဘူး။ မျှော်တော့မျှော် လင့်တယ်။ ဒါပေမဲ့ ရှေ့မှာပေးထား ဖူးတဲ့ အလေ့အထမရှိခဲ့တဲ့အခါကျ တော့ ဒီနှစ်မှာစပြီးတော့ပေးမယ်ဆို ရင်တော့လည်း ပျော်တာပေါ့လေ။ တာတေကြီးဇာတ်ကား မှာဆိုရင် လည်း တော်တော်များများလုပ်ပေးထားပါတယ်။ ကိုလူမုန်းကို ပုဆိန်ကြီး နဲ့လုပ်ထားတာတို့၊ ပြီးတော့ နေတိုးရဲ့ ခေါင်းပြတ် Effect တွေကိုလည်း လုပ်ထားတယ်။ သုံးတဲ့ပစ္စည်းတွေက လည်း ဟောလိဝုဒ်ကပစ္စည်းတွေကိုတိုက်ရိုက်မှာပြီးသုံးပါတယ်။ မင်း သားတစ်ယောက်ကို မိတ်ကပ်လိမ်းပြီး ဆီလီကွန်တွေကပ်တယ်။ တကယ်လို့ အဲဒီမင်းသားမျက်နှာမှာ ကမ်မီကယ် လောင်သွားရင် မလျော်ခိုင်းပါဘူးလို့ ဘယ်သူ့မှမပြောဘူး။ ကျွန်တော်တို့ဘက်ကတာဝန်တအားကြီးပါတယ်။ ကျွန်တော်လျော်ရမယ့်ပိုက်ဆံက ကျွန်တော်တို့အိမ်တွေပါ ကုန်သွား မယ်လေ။ ကျွန်တော်တို့အတွက် တအား အန္တရာယ်ကြီးပါတယ်။ ဒါ ပေမဲ့ အသိအမှတ်ပြုဖို့ကို တအား တောင်းဆိုနေရပါတယ်”လို့ ကိုအောင် ကျော်ထွန်းက ပြောပါတယ်။

Make -up Special Effect ကို အကယ်ဒမီလိုမျိုး ဆုပေးလိုက်ပြီ ဆိုရင် မျိုးဆက်သစ်လူငယ်တွေ အ တွက်လည်း ဒီပညာရပ်နဲ့ပတ်သက်လို့ …

ကြိုးစားချင်စိတ်တွေဖြစ်ပေါ်လာမှာပဲဖြစ်ကြောင်း၊ သူတို့ကြိုးစားမှုတွေနဲ့အတူ ရုပ်ရှင်လောကအတွက်လည်းအထောက်အကူဖြစ်စေမယ်လို့ ထင် မိပါကြောင်း သူကဆက်ပြောပါတယ်။Make -up Special Effect နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရုပ်ရှင် အ စည်းအရုံးမှာ အလွှာတစ်ခုအနေနဲ့ထည့်သွင်းပေးဖို့အရင်ကတည်းက တောင်းဆိုခဲ့ဖူးပြီး အခုရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကိုလည်း ထပ်မံ တောင်းဆိုထားပါကြောင်း ကိုအောင် ကျော်ထွန်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here