ဘဘ ဗိုလ်ကလေး တင့်အောင်ကို တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရာတွင် ဂုဏ်ပြု အခမ်းအနား အကအလှ များဖြင့် စီစဉ်ထားကြောင်း သိရ

0
168

၂ဝ၁၇ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် တစ်သက်တာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ခံရမယ့်သူကတော့ စွယ်စုံရအနုပညာရှင်ကြီးဖြစ်တဲ့ ဘဘဗိုလ် ကလေးတင့်အောင်ပါ။ ဘဘစင်ပေါ်မှာ ဆုတက်ယူတဲ့အခါ ဘဘကို တေးသီ ချင်းတွေနဲ့ ဂုဏ်ပြုဖျော်ဖြေဖို့လည်း စီစဉ်ထားပါတယ်။ အသက်အရွယ်အရ၊ ပညာအရ၊ ဂုဏ်အရှိန်အဝါအရ သာလွန်မြင့်မားတဲ့ ဘဘလိုပုဂ္ဂိုလ်မျိုးကို ဂုဏ် ပြုဖို့ စီစဉ်နေတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဂီတမှူးကိုသက် (Oasis) ကို မေးမြန်း ဖြစ်တဲ့အခါမှာတော့ …

”ဘဘဗိုလ်ကလေးတင့်အောင်ကို တစ်သက်တာဆုချီးမြှင့်ပါမယ်။ အဲဒီအ တွက်ကြောင့်မို့လို့ ဘဘရေးခဲ့တဲ့ သီချင်းတွေရယ်၊ နောက်ပြီးဘဘရဲ့ ညီအရင်း ဖြစ်တဲ့ ဒယ်ဒီဂီတလုလင်မောင်ကိုကိုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ‘ငယ်ကျွမ်း ဆွေ’အပိုဒ်ရယ် အဲဒါတွေကို ရောသမမွှေပြီးတော့ Remix လုပ်တယ်။ အဲဒါ တွေကို Performance လုပ်တယ်။ ဘဘကို ခမ်းခမ်းနားနားစင်ပေါ်မှာ ကြိုဆို ပါမယ်။ ဘဘကိုတစ်သက်တာဆုချီးမြှင့်ပြီးတဲ့အခါ ကျရင်လည်း ခမ်းခမ်းနား နားနဲ့အောက်ကို ပြန်လည်ခေါ်ဆောင်သွားပါမယ်။ အဲဒီအတွက်အထူးပြု လုပ် ထားတာဖြစ်ပါတယ်။ ဘဘဆိုတာကလည်း ဦးတို့နိုင်ငံရဲ့ဂုဏ်ထူး ဆောင်ပုဂ္ဂိုလ် ကြီးပါ။ ပညာရှင်ကြီးပါ။ အဲဒီအတွက်ကို လုပ်ပေးခွင့်ရတာကိုပဲ ဂုဏ်ယူလို့ မဆုံးဘူး။ တကယ်လည်း ပီတိဖြစ်ပါတယ်။ တကယ်လည်း ကျေနပ်ပါတယ်”လို့ ပြောပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here