Thursday, May 7, 2026

အိန္ဒိယ-ဗီယက်နမ် ဆက်ဆံရေး အဆင့်မြှင့်တင်

နူးဒေလီ၊ မေ ၆ ရက် ဗီယက်နမ်သမ္မတ တိုလမ်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့သည် ၎င်းတို့၏ နှစ်နိုင်ငံဆက်ဆံရေးကို “ပိုမိုအားကောင်းသော ဘက်စုံမဟာဗျူဟာမြောက်...

TikTok က ထိုင်း၌ ဒေါ်လာ...

မေလ ၆ ရက် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (ဘီအိုအိုင်) သည် စုစုပေါင်းတန်ဖိုး ဘတ် ၉၅၈ ဘီလျံ(အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ) တန်ဖိုးရှိသော...

အီလွန်မတ်စ်၏ xAI ကုမ္ပဏီ က...

ဆန်ဖရန်စစ္စကို၊ မေလ ၆ ရက် အမေရိကန်လုပ်ငန်းရှင် အီလွန်မတ်စ်က ၎င်း၏ ဉာဏ်ရည်တုနည်းပညာကုမ္ပဏီဖြစ်သော xAI သည် သီးခြားကုမ္ပဏီတစ်ခုအဖြစ် ဆက်လက်လည်ပတ်တော့မည်မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ “xAI...

ထိုင်းက ရေနံတင်ပို့မှု ပိတ်ပင်ချက်ကို ရုပ်သိမ်းဖို့...

အရန်ရေနံသိုလှောင်ထားနိုင်မှုနှင့် သိုလှောင်မှုများပြားလာခြင်းတို့ကြောင့် သန့်စင်ပြီးရေနံတင်ပို့မှုအပေါ် ပိတ်ပင်ထားမှုကို အာဏာပိုင်များက ရုပ်သိမ်းရန် စဉ်းစားနေကြောင်း ထိုင်းနိုင်ငံ စွမ်းအင်လုပ်ငန်းဌာန(ဒီအိုအီးဘီ) ညွှန်ကြားရေးမှူးချုပ် ဆာရာဝပ် ကောထာသစ်က ပြောကြားခဲ့သည်။      ပြည်တွင်းရေနံချက်စက်ရုံ...
HomeMyanmar Theatrical Traditionညစ်ညမ်းတဲ့ ပြက်လုံးကို မပြက်ဘဲ...

ညစ်ညမ်းတဲ့ ပြက်လုံးကို မပြက်ဘဲ သစ်ဆန်းတဲ့ ပြက်လုံးကိုပဲ အဓိကထား တင်ဆက်နေတဲ့ မေတ္တာရွှေစင် အငြိမ့်အဖွဲ့

လူငယ်၊ လူကြီးစုစည်းညီညွတ်မှုတွေနဲ့အတူ အနုပညာလမ်းခရီးကို လျှောက်လှမ်း နေတဲ့ အငြိမ့်အဖွဲ့ကတော့ မေတ္တာရွှေစင်အငြိမ့်အဖွဲ့ပဲ ဖြစ်ပါတယ်။ ဒီအငြိမ့်အဖွဲ့မှာ တော့ ချစ်ချော၊ ပွမ်ပွမ်၊ မေတ္တာမြင့်မြတ်ဟိန်း၊ ရှုးရှဲ၊ ဒိုမီနိုတို့က လူရွှင်တော်များအဖြစ် တင်ဆက်ကြပြီး ဝမ်းကေဇင်ကတော့ ခေါင်းဆောင်မင်းသမီးအဖြစ် အတွဲညီညီနဲ့သွား နေကြတာပဲဖြစ်ပါတယ်။

မေတ္တာရွှေစင်အငြိမ့်အဖွဲ့က လူကြီးလူငယ်မျှအောင်ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် လူငယ်တွေ လိုအပ်ရင်လည်း လူကြီးတွေက ထောက်ပြမှု တွေနဲ့အတူ အကောင်းဆုံးလုပ်ဆောင်ကြ တယ်လို့ သိရပါတယ်။ “အဖွဲ့မှာကလူငယ်၃ယောက်နဲ့ လူကြီး ၂ ယောက်ပါတယ်ပေါ့။ လူကြီး ၂ ယောက် ရံပေးတဲ့အတွက် ကျွန်တော်တို့မှာ အမှား လည်းမရှိတော့ဘူး။ လူကြီးတွေ ကလည်း ကျွန်တော်တို့ကို လွှတ် ပေးပါတယ်။ ပြောစရာရှိတာပြော လုပ်စရာရှိတာလုပ်ပေါ့။ ပွဲပြီး တော့မှ ဒါကတော့ မလုပ်သင့် ဘူး။ ဒါကတော့ မပြောသင့် ဘူးဆိုတာကို ပြန်ပြောပြကြ တယ်။ ထိန်းကွပ်ပေးပါတယ်။ ဦးချစ်ချောတို့ဆိုရင်လည်း ဒီပြက်လုံးကတော့ ကောင်း တယ်၊ ဒီပြက်လုံးကတော့ မကောင်းဘူးဆိုတာမျိုးကို ပြောပြတယ်။ သူတို့လည်း နေရာ မယူဘူး။ လူငယ်တွေကိုနေရာပေးတယ်” လို့ အဖွဲ့နဲ့ ပတ်သက်လို့ လူကြီးနဲ့လူငယ်တို့ အကြားက အပြန်အလှန် နားလည်မှုရှိကြပုံတွေအကြောင်းကို မေတ္တာရွှေစင်အငြိမ့်အဖွဲ့ မှ မေတ္တာမြင့်မြတ်ဟိန်းက ပြောပါတယ်။

အငြိမ့်အဖွဲ့တစ်ဖွဲ့တည်မြဲဖို့ဆိုတာ ငွေကြေး အရှုပ်အရှင်းကင်းကင်းနဲ့ လုပ်ဆောင်ရတာမျိုးပဲဖြစ်ပြီး သူတို့အဖွဲ့အနေနဲ့ကတော့ ငွေကြေးပိုင်းဆိုင်ရာကို အဓိက ဂရုတစိုက်နဲ့ တစ်ယောက်နဲ့တစ်ယောက် အမြင်ရှင်း အောင် လုပ်ဖြစ်တယ်လို့ လူရွှင်တော်ပွမ်ပွမ်ကလည်းပြောပါတယ်။

“ငွေကြေးပေါ်မှာ တအားမက်မောလာရင် အဖွဲ့ကမမြဲတော့ဘူး။ ကျွန်တော်  တို့ကတော့ ငွေကြေးနဲ့ပတ်သက်ပြီး မပြောကြတော့ဘူး။ ပေး သလောက်ပဲယူတယ်။ စိတ်တူကိုယ်တူပဲလုပ်ကြတယ်” လို့ လူရွှင်တော်ပွမ်ပွမ်က ပြောပါတယ်။ မေတ္တာရွှေစင်အငြိမ့် အဖွဲ့က ပြက်လုံးပိုင်း ဆိုင်ရာနဲ့ ပတ်သက်လို့လည်း အထူး ဂရုစိုက်လေ့ရှိကြပြီး အောက်လုံးတွေကို မပြက်ဘူးလို့ လည်းသိရပါတယ်။  “ပြက်လုံးကိုသန့်သန့်လေးပဲ ပြက်ပါတယ်။ ညစ်ညမ်းတဲ့ဟာသကို မပြောပါဘူး။ သစ်ဆန်းတဲ့ ဟာသကိုပဲပြက်ပါတယ်။ ကျွန်တော် တာဝန်ယူပါတယ်။ ညစ်ညမ်းပြက်လုံး မပါစေရပါ ဘူး’ လို့ ပြက်လုံးပိုင်းနဲ့ ပတ်သက်လို့ လူရွှင်တော် ချစ်ချောက ပြောပါတယ်။

  လင်းအက္ခရာ

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071