Tuesday, February 3, 2026

တတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် ကျင်းပနိုင်ရေးအတွက်...

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ် လွှတ်တော်ရုံးအဆောက်အဦးတွင် ပြင်ဆင်ဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။ ယင်းသို့ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို ဇန်နဝါရီ ၂၉...

ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥပဒေပြဌာန်း

နိုင်ငံတော်သမ္မတ က အဖွဲ့ဝင် ၅ ဦးထက်မနည်း ဖြင့် ကောင်စီကို ဖွဲ့စည်းမည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သည့် ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးပြီး ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ...

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၆)ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူစတင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတ ဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၆)ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအား ယနေ့ ဖေဖော်ဝါရီ ၃ ရက်က ပထမနေ့အဖြစ်စတင်ခဲ့သည်။ အဆိုပါ ပထမနေ့ မျက်စိအလင်းအလှူတော်၌...

တိုက်ကြီးမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မီး လောင်မှုဖြစ်...

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၁၀ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စု၊...
HomeArticlesကြုံတောင့်ကြုံခဲ ကြည့်ရှုရမည့် နိုင်ငံတကာ...

ကြုံတောင့်ကြုံခဲ ကြည့်ရှုရမည့် နိုင်ငံတကာ ရုပ်သေးပွဲတော်တွင် နိုင်ငံပေါင်း ၉ နိုင်ငံ၏ ရုပ်သေးအကများအား မြင်တွေ့ရမည်

နိုင်ငံတကာရုပ်သေးပွဲတော်ကြီးကို မတ်လ၂၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။အဆိုပါနေ့ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဇာတ်ရုံအပြင်မှာ ကပြတင်ဆက်မှာဖြစ်ပြီး မွန်းလွဲ ၁ နာရီမှာတော့ ဇာတ်ရုံအတွင်းမှာလည်း ကပွဲအနေနဲ့ ကပြတင်ဆက်သွား မှာဖြစ်ပါတယ်။ မြန်မာ့ရုပ်သေးအနေနဲ့က ဗြိတိသျှကိုလိုနီခေတ်အစောပိုင်းကာလတွေ မှာတော့ အရှိန်အဟုန်ကောင်းခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီကာလတုန်းကလို အရှိန် အဟုန်ကောင်းဖို့အတွက် ရုပ်သေးပညာရှင်များက ကြိုးစားလျက်ရှိနေကြပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းမှာ ခုလို နိုင်ငံတကာရုပ်သေးပွဲတော်ကြီးကို ပြုလုပ်ခြင်းဖြစ် တယ်လို့သိရပါတယ်။ နိုင်ငံတကာရုပ်သေးပညာရှင်တွေ ပါဝင်ကပြတင်ဆက်ကြမယ့် ဒီလို ရုပ်သေးပွဲတော်မျိုးကိုတော့ မြန်မာနိုင်ငံမှာ အရင်တုန်းက တစ်ကြိမ်တစ်ခါမှ ပြသ ခဲ့ခြင်းမရှိခဲ့ဘဲ အခုပြုလုပ်မယ့် ရုပ်သေးပွဲတော်ကြီးက ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“နိုင်ငံတကာကရုပ်သေးပညာရှင်တွေကို ဖိတ်ကြားလိုက်ပြီ။ သူတို့ ရုပ်သေးတွေနဲ့ သူတို့အမြတ်တနိုး လာကကြမယ်။ အဲဒီအချိန်မှာ ဦးထွေး စိုးရိမ်တာက ဒါကဦးထွေး တစ်ယောက်တည်းရဲ့ ခံစားချက်ပါ။ တို့မြန်မာ လူမျိုးတွေက လေးလေးစားစားနဲ့ တစ်မြတ်တနိုးနဲ့ ကြည့်ကြပါ့မလားပေါ့။ အားပေးကြပါ့မလားလို့ စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ ဦးထွေးတို့ဆိုရင် ခံစားရတယ်။ ဦးထွေးတို့ နိုင်ငံခြားသား ကိုပြတယ်။ နိုင်ငံခြားသားတွေက ပိုက်ဆံလည်းပေးတယ်။ လေးလေးစားစားလည်း လာကြည့်ကြတယ်။ ဦးထွေးတို့မြန်မာလူမျိုးကို ရုပ်သေးပွဲလာကြည့်ဖို့ဆိုရင် ဘယ် လောက်ပေးရမှာလဲလို့မေးတယ်။ နိုင်ငံခြားသားကိုတောင်းတဲ့ နှုန်း ဦးထွေးတို့ မတောင်းဘူး။ လျှော့တောင်းတာတောင်မှ ပိုက်ဆံပေးရမယ်ဆိုရင် လာမကြည့်ဘူး။ ပိုက်ဆံမပေးနဲ့ အလကားလာကြည့်ပါဆိုတော့လည်း လာကြည့်လားဆိုတော့ မကြည့် ဘူး။ တချို့ကျတော့ ရောက်လာတယ်။ ရုပ်သေးပွဲဒီအချိန်ပြမယ်ဆိုရင် နောက်ကျမှ ရောက်လာတယ်။ တချို့ကျတော့လည်း ပြီးအောင်မကြည့်ဘဲ ပွဲတစ်ဝက်မှာပဲ ပြန်သွား တယ်။ အဲဒီတော့ဦးထွေး တော်တော်စိတ်မကောင်းဘူး။ မြန်မာလူမျိုးတွေရဲ့ မြန်မာ့ ရုပ်သေးအပေါ်ကို စိတ်ဝင်စားမှုကနည်းတယ်။ အဲဒီတော့ဦးထွေးလိုချင်တာက ကိုယ့် မြန်မာ့ရုပ်သေးကိုလည်း ကိုယ့်မြန်မာလူမျိုးတွေ ခံစားတတ်အောင် လုပ်ပေးရမယ်။ ဦးထွေးဒီပွဲမှာ စိုးရိမ်တာ အဲဒါပါပဲ။ ဖိတ်ကြားထားတဲ့ နိုင်ငံတွေက တကယ့်နိုင်ငံကြီးတွေ ပါ။ အဲဒါကိုဦးထွေးတို့ မြန်မာလူမျိုးတွေ အားပေးစေချင်တယ်။ ပရိသတ်မရှိမှာကို ဦးထွေးစိတ်ပူတယ်။ ဒါကြောင့် ဒီပွဲကို မြန်မာပြည်သူတွေ လာရောက်အားပေးစေချင် ပါတယ်။ ကိုယ့်မြန်မာတွေရဲ့ အနုပညာ ချစ်စိတ်၊ ယဉ်ကျေးမှု အဆင့်အတန်းကို ပြသရ မယ့်ပွဲကြီးလို့ ဦးထွေးကတော့မြင်ပါတယ်” လို့ ထွေးဦး မြန်မာရုပ်သေးအဖွဲ့မှ ရုပ်သေးပညာရှင် ဦးခင်မောင်ထွေး ကပြောပြပါတယ်။ အဆိုပါပွဲတော်ကြီးမှာတော့ ရုပ်သေးပညာရှင်ကြီးများနဲ့ မျိုးဆက်သစ်ရုပ်သေးပညာရှင်များက ပူးပေါင်းစီစဉ် ကပြ တင်ဆက်ကြမှာဖြစ်ပြီး ပြခန်းတွေလည်းပါဝင်ပြသမယ်လို့ သိရပါတယ်။

  လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071