Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesမြန်မာ့ရုပ်ရှင်ထူးချွန်ဆု အမှတ်ပေးသတ်မှတ်ချက်များ

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အမှတ်ပေးသတ်မှတ်ချက်များ

နှစ်စဉ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပေးအပ်ပွဲ ကျင်းပမည့်အချိန် နီးကပ်လာချိန်ဆိုလျှင် အသံ ဗလံမျိုးစုံ ထွက်လာမြဲဖြစ်သည်။ ရုပ် ရှင်ထူးချွန်ဆု စိစစ်နေသော ကာလ အတွင်း အကဲဖြတ်အဖွဲ့၏ စံညွှန်း သတ်မှတ်ချက် အတိုချုပ်များကို တင်ပြလေ့ရှိသည်။ ဖတ်မိသူလည်းရှိ သည်။ မဖတ်မိသူလည်း ရှိပေမည်။ နေရာအခက်အခဲကြောင့် အကျဉ်း ချုပ်သာ တင်ပြနိုင်ခြင်းဖြစ်သည်။ တစ်ဦးတစ်ယောက်က ရေးဆွဲသတ် မှတ်ခြင်းမျိုးမဟုတ်ပေ။ အခြေခံ အဖွဲ့အသီးသီးက ကိုယ့်အခြေခံ အတွက် အကြံပေးချက်များကို တူ သည်များ စုပေါင်းခြင်း၊ ဖြည့်စွက်ခြင်း များဖြင့် ရေးသားပြုစုကြခြင်းဖြစ် သည်။ အခြေခံမူများက ရုပ်ရှင်ထူး ချွန်ဆု စတင်ပေးအပ်ခဲ့သော ၁၉၅၂ ခုနှစ်မှ ယနေ့အထိ ရှိပြီးဖြစ်ပေသည်။

သို့သော် တစ်နှစ်တစ်ကြိမ် ရုပ် ရှင်အစည်းအရုံးမှ ရုပ်ရှင်ထူးချွန်ဆု စိစစ်ရေးရွေးချယ်ရေးကော်မတီကို ဖွဲ့စည်းပေးလျက်ရှိသည်။ ထို့သို့ဖွဲ့ စည်းရာတွင်လည်း အခက်အခဲများ စွာရှိသည်။ ၂ဝ၁၇ ခုနှစ်အတွက် ရုံ တင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားစုစု ပေါင်းမှာ ၅၃ ကားရှိသည်။ ရုံတင် ပြသသော ရုပ်ရှင်ဇာတ်ကားတိုင်း ရုပ်ရှင် ထူးချွန်ဆုစာရင်းဝင်ဇာတ် ကားများဖြစ်သည်။ အကဲဖြတ်ကိုရွေး ချယ်ရာတွင် ဇာတ်ကား ၅၃ ကား တွင် ပါဝင်သော အနုပညာရှင်၊ အတတ်ပညာရှင်များကို ထည့်သွင်း ၍ မရသောစည်းကမ်းရှိသည်။ မိမိ ပါဝင်ရိုက်ကူးခဲ့သောကားကို မိမိ ကိုယ်တိုင်အမှတ်ပေး၍ မရခြင်းဖြစ် ပေသည်။ ထို့ကြောင့် စိစစ်အကဲဖြတ် အဖွဲ့ရွေးချယ်ရာတွင် လူ ရှားပါးမှုနှင့် ကြုံရမည်ဖြစ်သည်။ တချို့က စာရင်း ဝင်ရုပ်ရှင်ဇာတ်ကားထဲတွင် မပါဝင် သော်လည်း ကျန်းမာရေးမကောင်း ခြင်း၊ အကြိမ်ပေါင်းများစွာ ၂ လ ၃ လ ကြည့်ရှုရသည်ကို အချိန်မပေးနိုင် ခြင်းတို့လည်း ရှိပေသည်။

သက်ဆိုင်ရာအလွှာကို တာဝန် ပေးရွေးချယ်ရစေသည်။ ဥပမာစက် မှုအခြေခံအလွှာဆိုလျှင် အသံဆု စိစစ်ရေးနှင့် ဓာတ်ပုံဆုစိစစ်ရေး အတွက် လူရွေးချယ်ပေးရမည်ဖြစ် သည်။ ထို့အတူ ဇာတ်ညွှန်းအလွှာက ဇာတ်ညွှန်းထူးချွန်ဆု စိစစ်ရေး အတွက်လည်းကောင်း၊ တည်းဖြတ် အလွှာက တည်းဖြတ်ထူးချွန်ဆုစိစစ် ရေးအတွက်လည်းကောင်း စသည် စသည်ဖြင့် ရွေးချယ်ပေးကြရခြင်းဖြစ် သည်။

၂ဝ၁၆ ခုနှစ်နှင့် ကွဲပြားခြား နားသောမူလည်းရှိသည်။ ၂ဝ၁၆ ခု နှစ်က ဒါရိုက်တာစိစစ်ရေးတွင် ၇ ဦး ပါဝင်၍ ကျန်အဖွဲ့ဝင်များက ၅ ဦး စီပါဝင်ရသည်။ ၂ဝ၁၆ ခုနှစ်က ဒါ ရိုက်တာစိစစ်ရေးအဖွဲ့က သတ်မှတ် ထားသော ဆု ၁၁ ဆုလုံးကို အမှတ် ပေးရသည်။ အဓိကသရုပ်ဆောင် (ကျား)(မ)နှင့် ဇာတ်ပို့သရုပ်ဆောင် (ကျား)(မ)ဆုများအတွက် စိစစ်အကဲ ဖြတ်ရေးအဖွဲ့ဝင် ၃၇ ဦးစလုံးက မဲ ပေးကြရသည်။ ဥပမာဇာတ်ညွှန်းထူး ချွန်ဆုစိစစ်ရေးအဖွဲ့ဝင်များဆိုလျှင် သရုပ်ဆောင် ၄ ဆု၊ ဇာတ်ညွှန်း ၁ ဆု၊ ဇာတ်ကား ၁ ဆုပေးကြရသည်။ တည်းဖြတ်စိစစ်ရေးအဖွဲ့ဝင်ဆိုလျှင် သရုပ်ဆောင်အဓိကနှင့် ဇာတ်ပို့ (ကျား) (မ) ၄ ဆု၊ တည်းဖြတ် ၁ ဆု၊ ဇာတ်ကား ၁ ဆုပေးကြရသည်။

၂ဝ၁၇ ခုနှစ်တွင် အကဲဖြတ် အဖွဲ့ဝင်များနှင့် အစည်းအရုံး အမှု ဆောင်များ အကြိမ်ကြိမ်အစည်း အဝေးလုပ်ကြသည်။ အကဲဖြတ်အဖွဲ့ တွင် (၁) အသံဆုစိစစ်ရေး၊ (၂) ဇာတ်ညွှန်းဆု စိစစ်ရေး၊ (၃)တည်း ဖြတ်ဆုစိစစ်ရေး၊ (၄) ဓာတ်ပုံဆု စိ စစ်ရေး၊ (၅) အဓိက သရုပ်ဆောင်နှင့် ဇာတ်ပို့ဆုစိစစ်ရေး၊ (၆) ဒါရိုက်တာ ဆုစိစစ်ရေး၊ (၇) ရုပ်ရှင်တေးဂီတဆု စိစစ်ရေးဟူ၍ ၇ ဖွဲ့ရှိသည်။ တစ် ဖွဲ့လျှင် ခေါင်းဆောင်တစ်ယောက် စီရွေးချယ်ရာ စုစုပေါင်း ၇ ဦးရရှိ သည်။

ရုပ်ရှင်ထူးချွန်ဆုစာရင်းဝင် ဇာတ်ကား ၅၃ ကားကို ပထမအကြိမ် ကြည့်ရှုစဉ်က အမှတ်ပေးသည့်ပုံစံမှာ (သုည)နှင့် (တစ်)ဖြစ်သည်။ ရုပ်ရှင် ထူးချွန်ဆု တစ်ဆုဆုရနိုင်လျှင်(တစ်) မှတ်ပေး၍ တစ်ဆုမှမဝင်နိုင်ဟုယူဆ လျှင် (သုည)ပေးသည်။ အကဲဖြတ် ပုဂ္ဂိုလ် ၃ဝ ကျော်ရှိသည့်အနက် တစ်ဝက်ကျော်အမှတ်ရလျှင် ထပ်မံ ကြည့်ရန် ဆုံးဖြတ်သည်။ နောက် တစ်ကြိမ် ကြည့်မည့်ကားစာရင်းတွင် မပါဝင်သော်လည်း အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်များက ကြည့်ရှုချင်လျှင်လည်း ပြသပေးသည်။ ဥပမာ တည်းဖြတ် အဖွဲ့ဝင် ၅ ဦးစလုံးက လည်းကောင်း၊ အသံ အဖွဲ့ဝင် ၅ ဦးစလုံးက လည်း ကောင်း၊ ဇာတ်ညွှန်းအဖွဲ့ဝင် ၅ ဦး စလုံးကလည်းကောင်း စသဖြင့် တောင်းဆိုလာလျှင် ပြသပေးသည်။

အကြိမ်ကြိမ်ကြည့်ရှုပြီး နောက် ဆုံးအမှတ်ပေးသောစနစ်မှာလည်း ၂ဝ၁၆ ခုနှစ်နှင့်မတူပေ။ ယခင်က ဆိုလျှင် မိမိအကဲဖြတ်၍ သတ်မှတ် ထားသော စည်းကမ်းနှင့်ညီညွတ်သူ ကို နာမည်ရေးရသည်။ ဘာကြောင့် ပေးရသည့် အကြောင်းကို ပြည့်စုံခိုင် လုံစွာရေးရသည်။ ၂ဝ၁၇ ခုနှစ်တွင် အမှတ်ဖြင့်ပေးရန် ဆုံးဖြတ်ထားကြ သည်။ (၁)မှတ်၊ (၂)မှတ်၊ (၃) မှတ်၊ (၄) မှတ်၊ (၅)မှတ်အထိ ပေးနိုင်ကြ သည်။ အနည်းဆုံး (၁)မှတ်မှ အများ ဆုံး (၅)မှတ်အထိ ပေးရခြင်းဖြစ် သည်။ အကဲဖြတ် (၁)က မင်းသား (က)ကြီးကိုပေး၍ အကဲဖြတ် (၂)က မင်းသား (ခ) ကွေးကို ပေးနိုင် ကောင်းသည်။ သို့သော် အမှတ်ပေး သူများအားလုံးကို အမှတ်တွေပေါင်း မှသာ နောက်ဆုံးအဖြေမှန်ထွက်မည် ဖြစ်သည်။

ထိုသို့အမှတ်ပေးရာတွင် ၂ဝ၁၆ ခုနှစ်နှင့် ကွာခြားမှုတစ်ခုရှိသည်။ သ ရုပ်ဆောင်ဆုအတွက်ဆိုလျှင် ထူးချွန် ဆုအကဲဖြတ်အဖွဲ့ဝင်အားလုံးက ပေး ကြရသည်။ ၂ဝ၁၇ ခုနှစ်အတွက် သရုပ်ဆောင်ထူးချွန်ဆုအတွက် အကဲဖြတ်အဖွဲ့ဝင်များနှင့် အဖွဲ့ အသီးသီးက ခေါင်းဆောင် ၇ ဦးက သာ ပေးကြရမည်ဖြစ်သည်။ ဥပမာ တည်း ဖြတ်ထူးချွန်ဆုဆိုလျှင် တည်း ဖြတ်ထူး ချွန်ဆုစိစစ်ရေးအဖွဲ့ဝင်များ နှင့် ခေါင်းဆောင် ၇ ဦးကသာ အမှတ်ပေးရမည်ဖြစ်သည်။ ဇာတ် ညွှန်းဆုဆိုလျှင် ဇာတ်ညွှန်းစိစစ်ရေး အဖွဲ့ဝင်များနှင့် ခေါင်းဆောင် ၇ ဦး က ပေးကြရမည်ဖြစ်သည်။ စိစစ် အကဲဖြတ် အဖွဲ့ဝင်အားလုံးပေးရမည့် ဆုများမှာ (၁) အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆုနှင့် (၂) အကောင်းဆုံး ရုပ်ရှင် အထူးဆုတို့ဖြစ်သည်။

အကဲဖြတ်အဖွဲ့ဝင်များအားလုံး က သတ်မှတ်ထားသောဆုများကို ရွေးချယ်၍ စာအိတ်တွင်ပိတ်ကာ သတ်မှတ်ထားသော ပုံးတွင် ထည့်ရ ပါမည်။ အဖွဲ့ဝင်များအားလုံးစုံလျှင် ပုံးကို ချိတ်ပိတ်ထားမည်ဖြစ်သည်။ ရုပ်ရှင်ထူးချွန်ဆုအမှတ်ပေးထား သော စာရွက်များကို ဖွင့်ဖောက် အမှတ်ပေါင်းမည့်သူများမှာ နောက် ထပ်တစ်ဖွဲ့ဖြစ်ပါမည်။ ထိုအဖွဲ့က အမှတ်ပေါင်းပြီးမှသာ အဖြေမှန်ကို သိကြရမည်ဖြစ်ပါသည်။

အေးကြူလေး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071