Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesတော်ပြီ

တော်ပြီ

ကျုပ် ဒုတိယနှစ် ကျောင်းသားဘဝ နန်းရှေ့ဘားမှာ သူငယ်ချင်းတွေနဲ့ သောက်ကြတော့ အရက်ခွက်ကို မော့ချပြီး ဘေးကရေခွက်ကို အမြန်ကောက်မော့တယ်။ ဒါပေမဲ့ ရေခွက်မဟုတ် အရက် တွေဖြစ်နေတယ်။ တော်ပြီ။ တော်ပြီ။ နှဲသံက တတော်တော် တတီတီ မြည်နေတယ်။ ပထမနှစ်သင်တန်းသားရဲ့အသံမို့ တတော် တော်တတီတီ။ တော်ပြီ။ ကျုပ်တစ်ကနေစပြီး ရေတွက်နေ လိုက်တာ ၁၉၉၃အရောက်မှာ ရပ်သွားတယ်။ တော်ပြီ။ အလှူထမင်း ရုံမှာ ကျုပ်ဝင်စားတော့ ဝက်သားတုံးကြီးတွေ အဆီတဝင်းဝင်းနဲ့။ တော်ပြီ။ ကျုပ်ကိုတွေ့ရင် ပြုံးပြတတ်တဲ့ကောင်မလေး သူ့ဦးလေးကြီးတွေက ရွာပြန်ပို့လိုက်ပြီ။ တော်ပြီ။ ဒီအ ကြောင်းတွေ စိတ်မဝင်စားဘူး။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်။ ချက်ဆိုနား ခွက်က မီးတောက်ရမယ်။ ဟောဒီမှာ ကြည့်။ (သူ့ပါးစပ်ပြဲကြီး ကိုဟ၍ ပြသည်။) အံသွားတွေ တစ်ချောင်းမှ မရှိတော့ဘူး။ တော်ပြီ။ ဒါပေမဲ့ တစ်ထောင်တန် တစ်ရွက်လောက်ပါ ရင်ပေးခဲ့ဦး။ တော်ပြီ။ တော်ပြီလား။ တော်ပြီ။ လူကြီးတွေဟာ လူငယ်တွေရဲ့ ဖတ်စာအုပ်တွေပါပဲ။ ဒါပေမဲ့ တော်ပြီ။ ဟော လာပြန်ပြီ။ ပထမနှစ်သင်တန်း သားရဲ့ နှဲသံတတော်တော်တတီတီ။ တော်ပါပြီကွာ။ အိုင်းရစ်ပန်းများက ဒေါ်လာ ၅၃.၉သန်းတဲ့။ ဗင်းဆင့်ဗင်ဂိုးရဲ့ ပန်းချီကားလေ။

တော်ပါပြီ ဗျာ။ ဒီနားလေးမှာ ၅ဝ တန်တစ်ရွက်များ မတွေ့မိလိုက်ကြဘူးလား။ ငါးဆယ်တန်တော့ မတွေ့ပါဘူးကွာ။ ၅ဝဝ တန်တစ်ရွက်တော့ စောစောက မြင်လိုက်တယ်။ တော်ပြီ။ ကြီး တော်ရဲ့နွားတွေကို ကျောင်းခဲ့တာ ရာသီတွေ အလီလီပြောင်းခဲ့ပါပြီ။ တော်ပြီ။ ဝါကိုပင်မဆိုရလို့ ငိုကြတဲ့များဒကာတဲ့။ ဘယ့်နှယ်တုံး ဘိုးကုရဲ့။ တော်ပြီ။ လူတစ်ယောက်အကြောင်း အကုန်သိသွားရင် ပျင်းစရာ ကောင်းမနေဘူးလား။ ဟောပြောရင်းဆိုရင်း အရက်တစ်ခွက် မော့သောက်လိုက်ပြီ။ တော်ပါပြီ။ ညဥ့်ကနက်ပြီ။ ၁၂ နာရီထိုးပြီ။ ကင်း တဲမှ သံချောင်းခေါက်သံ ၁၂ ချက် ထွက်ပေါ်လာတယ်။ဒုတိယနှစ် ကျောင်းသားဘဝ နန်းရှေ့ဘားမှာ သူငယ်ချင်းတွေနဲ့ သောက်ကြတော့ အရက်ခွက်ကို မော့ချပြီး ဘေးကရေခွက်ကို အမြန်ကောက်မော့တယ်။ ဒါပေမဲ့ ရေခွက်မဟုတ် အရက် တွေဖြစ်နေတယ်။ တော်ပြီ။ တော်ပြီ။ နှဲသံက တတော်တော် တတီတီ မြည်နေတယ်။ ပထမနှစ်သင်တန်းသားရဲ့အသံမို့ တတော် တော်တတီတီ။ တော်ပြီ။ ကျုပ်တစ်ကနေစပြီး ရေတွက်နေ လိုက်တာ ၁၉၉၃အရောက်မှာ ရပ်သွားတယ်။ တော်ပြီ။ အလှူထမင်း ရုံမှာ ကျုပ်ဝင်စားတော့ ဝက်သားတုံးကြီးတွေ အဆီတဝင်းဝင်းနဲ့။ တော်ပြီ။ ကျုပ်ကိုတွေ့ရင် ပြုံးပြတတ်တဲ့ကောင်မလေး သူ့ဦးလေးကြီးတွေက ရွာပြန်ပို့လိုက်ပြီ။ တော်ပြီ။

ဒီအ ကြောင်းတွေ စိတ်မဝင်စားဘူး။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်။ ချက်ဆိုနား ခွက်က မီးတောက်ရမယ်။ ဟောဒီမှာ ကြည့်။ (သူ့ပါးစပ်ပြဲကြီး ကိုဟ၍ ပြသည်။) အံသွားတွေ တစ်ချောင်းမှ မရှိတော့ဘူး။ တော်ပြီ။ ဒါပေမဲ့ တစ်ထောင်တန် တစ်ရွက်လောက်ပါ ရင်ပေးခဲ့ဦး။ တော်ပြီ။ တော်ပြီလား။ တော်ပြီ။ လူကြီးတွေဟာ လူငယ်တွေရဲ့ ဖတ်စာအုပ်တွေပါပဲ။ ဒါပေမဲ့ တော်ပြီ။ ဟော လာပြန်ပြီ။ ပထမနှစ်သင်တန်း သားရဲ့ နှဲသံတတော်တော်တတီတီ။ တော်ပါပြီကွာ။ အိုင်းရစ်ပန်းများက ဒေါ်လာ ၅၃.၉သန်းတဲ့။ ဗင်းဆင့်ဗင်ဂိုးရဲ့ ပန်းချီကားလေ။ တော်ပါပြီ ဗျာ။ ဒီနားလေးမှာ ၅ဝ တန်တစ်ရွက်များ မတွေ့မိလိုက်ကြဘူးလား။ ငါးဆယ်တန်တော့ မတွေ့ပါဘူးကွာ။ ၅ဝဝ တန်တစ်ရွက်တော့ စောစောက မြင်လိုက်တယ်။ တော်ပြီ။ ကြီး တော်ရဲ့နွားတွေကို ကျောင်းခဲ့တာ ရာသီတွေ အလီလီပြောင်းခဲ့ပါပြီ။ တော်ပြီ။ ဝါကိုပင်မဆိုရလို့ ငိုကြတဲ့များဒကာတဲ့။ ဘယ့်နှယ်တုံး ဘိုးကုရဲ့။ တော်ပြီ။ လူတစ်ယောက်အကြောင်း အကုန်သိသွားရင် ပျင်းစရာ ကောင်းမနေဘူးလား။ ဟောပြောရင်းဆိုရင်း အရက်တစ်ခွက် မော့သောက်လိုက်ပြီ။ တော်ပါပြီ။ ညဥ့်ကနက်ပြီ။ ၁၂ နာရီထိုးပြီ။ ကင်း တဲမှ သံချောင်းခေါက်သံ ၁၂ ချက် ထွက်ပေါ်လာတယ်။ တော်ပြီ။ ဒီကိစ္စ ကို ဘယ်လိုသဘောရသလဲ တော်ပါပြီဗျာ။ ဟော နားထောင်စမ်းပါ၊ တော်ပါတော့ဗျို့တဲ့။ အေးပါကွာ တော်ပြီ။

 နေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071