Sunday, February 1, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomePopular Academy2017 Academy၂၀၁၇ ခုနှစ် အကယ်ဒမီ...

၂၀၁၇ ခုနှစ် အကယ်ဒမီ (၁၁) ဆု အတွက် စံချိန်စံညွှန်း သတ်မှတ်ချက်များ

၂ဝ၁၇ ခုနှစ်မြန်မာ့ရုပ်ရှင် ထူး ချွန်ဆု (အကယ်ဒမီဆု)ချီးမြှင့်ပွဲ အခမ်းအနားကို ၂ဝ၁၈ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင်မင်းဓမ္မလမ်းရှိ Myanmar EventPark ၌ ကျင်းပမည်ဖြစ်သည်။ အကယ်ဒမီ စာရင်းဝင် ဇာတ်ကား၅၃ ကားထဲမှ အကောင်းဆုံးထူးချွန်သူများကို ဆု (၁၁) ဆု ချီးမြှင့်မည်ဟု သိရသည်။ ဆု (၁၁) ဆုလုံးကို ပေးအပ်ချီးမြှင့် သွားသည့်အခါ အကယ်ဒမီ စံချိန် စံညွှန်း သတ်မှတ်ချက်များနှင့် အညီ အကဲဖြတ်အဖွဲ့က အသေအချာရွေး ချယ်သွားမည်ဟု သိရသည်။ ရုပ်ရှင် လောကသားများအပြင် ပရိသတ် များပါသိချင်နေကြသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ၊ မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြှင့်တင်ရေး အကယ် ဒမီ ထူးချွန်ဆုပေးရေး အကဲဖြတ်အဖွဲ့ ၏ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများအ တွက် အကဲဖြတ်အမှတ်ပေးရန် စံချိန် စံညွန်းများကို ဖော်ပြလိုက်ပါသည်။

ရုပ်ရှင်ထူးချွန်ဆု ”အကယ်ဒမီ” ဆုချီးမြှင့်ရန် ရည်ရွယ်ချက်

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုသည် မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြင့်မား တိုးတက်ရေးကို ရည်ရွယ်ရှေးရှု၍ ချီးမြှင့်ခြင်းဖြစ်သည့် အားလျော်စွာ

(က) အများပြည်သူအကျိုးငှာ ဦးတည်ရည်ရွယ်ချက်ဖြင့် အနုပညာ ရသ၊ အတတ်ပညာရသပြည့်ဝသော မြန်မာရုပ်ရှင်ဇာတ်ကား ကောင်းများ ထွက်ပေါ်လာစေရန်၊

(ခ) အနုပညာ၊ အတတ်ပညာပြည့် စုံစွာဖြင့် မြန်မာရုပ်ရှင်ဇာတ်ကား ကောင်းများကို ဖန်တီးပေးနိုင်သည့် ရုပ်ရှင်ဒါရိုက်တာများ ပေါ်ထွက်လာ စေရန်

(ဂ) စာပေရသ၊ ရုပ်ရှင်ရသများဖြင့် ရုပ်ရှင်ကားကောင်းများကို ပေါ်ထွက် လာအောင် ရေးသားပေးနိုင်သည့် ဇာတ်ညွှန်းဆရာကောင်းများ ပေါ် ထွန်းလာစေရန်၊

(ဃ) သဘာဝကျသော အမူအရာ၊ ခံစားမှုပါသော အပြောအဆို၊ လိုက် ဖက်သော အဝတ်အစား ပြင်ဆင်မှု တို့ဖြင့် ထူးခြားစွာ သရုပ်ဆောင်နိုင် သော သရုပ်ဆောင်များ ပေါ်ထွက် လာစေရန်၊

(င) တိုးတက်လာသော နည်းပညာ များကို အံဝင်ခွင်ကျ အသုံးပြု၍ ပရိသတ်တို့အား အနုပညာမြောက်စွာ တင်ပြပေးနိုင်သည့်(အသံ၊ တည်း ဖြတ်၊ ဓာတ်ပုံ) အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန်

(စ) မြန်မာ့ရနံ့သင်းသော တေးဂီတ အသုံးပြု၍ ဇာတ်လမ်းကို မြန်မာ့ဟန် ပန်ဖြင့် ပံ့ပိုးပေးနိုင်သော ဇာတ်ပို့ တေးဂီတပညာရှင်များပေါ်ထွက် လာစေရန်၊

(ဆ) ထူးခြားပြောင်မြောက်သော အနုပညာရသ၊ အတတ်ပညာရသ များ ဖန်တီးပေးနိုင်သူ အထူးဆု ပညာရှင်များ ပေါ်ထွန်းလာစေရန်

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုနှင့် ပတ်သက်သည့် ကန့်သတ်ချက်

(၁) မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြင့်မားရေးအတွက် နှစ်တစ်နှစ်အ တွင်း အကောင်းဆုံး ထူးချွန်ဆု ၁၁ ဆုအပြင် (ထူးခြားသော အနုပညာ ရှင်၊ အတတ်ပညာရှင် ထွက်ပေါ်လာ ပါက ပေးရန်ရည်ရွယ်ထားသော )အထူးဆုပေးရန် ရည်ရွယ်ချက်ရှိပါ သည်။ သို့သော် အမှန်တကယ် စံချိန်မီသော အနုပညာ၊ အတတ်ပ ညာ ထူးချွန်သူများကို ပေးအပ်မည် ဖြစ်ပါသည်။ စံချိန်မီခြင်းမရှိလျှင် ပေးမည်မဟုတ်ပါ။

(၂) ထူးချွန်သူတစ်ဦးကိုသာလျှင် ပေးပါမည်။ ပူးတွဲဆု ပေးမည်မဟုတ် ပါ။

(၃) နိုင်ငံခြားရုပ်ရှင်များကို ကူးယူ မှီငြမ်းနေသော ရုပ်ရှင်ဇာတ်ကားများကို (က) ဇာတ်ကားဆု၊ (ခ) ဒါရိုက်တာ ဆု၊ (ဂ) ဇာတ်ညွှန်းဆုများ ပေးမည် မဟုတ်ပါ။ (အခြားသော သရုပ် ဆောင်ပိုင်း၊ ဓာတ်ပုံ၊ ဂီတ၊ တည်း ဖြတ်၊ အသံအစရှိသော ဆုများကို လည်း ပုံတူကူးချကြောင်း တွေ့ရှိပါ က ဆုပေးမည်မဟုတ်ပါ။)

(၄) ဇာတ်ညွှန်းဆုနှင့်ပတ်သက်၍ ဇာတ်ညွှန်းစာအုပ် မတင်ပြပါက အကဲဖြတ်ပေးမည်မဟုတ်ပါ။

(၅) နည်းပညာများနှင့် ပတ်သက်၍ နိုင်ငံခြားပညာရှင်များကို ဆုပေးမည် မဟုတ်ပါ။

(၆) ဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆုများ နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရုပ်ရှင်ဇာတ်ကား၏ ထုတ်လုပ်သူနှင့် ဒါရိုက်တာတို့၏ ယုတ္တိတန်တန် မှန် မှန်ကန်ကန် တင်ပြလာသော ဇာတ် ဆောင်၊ ဇာတ်ပို့အမည်စာရင်းကို အ တည်ပြုပေးပါမည်။ (ရုပ်ရှင်ဇာတ်ကား ကြည့်ပြီး ဇာတ်ဆောင်ဇာတ်ပို့အငြင်း ပွားဖွယ်ရှိပါက အကဲဖြတ်အဖွဲ့မှ ညှိနှိုင်းသတ်မှတ်မည်ဖြစ်ပါသည်။)

ဒါရိုက်တာဆုစံချိန်စံညွှန်း

(၁) ဇာတ်လမ်းအစမှ အဆုံးသို့တိုင် စိတ်ဝင်စားအောင် ဇာတ်ကောင် တို့၏ သဘာဝကျသော လှုပ်ရှားမှု၊ ပီပြင်သော ပြောဆိုမှုတို့ကို ညွှန် ကြားဆွဲဆောင် ပြသနိုင်ရခြင်း
(၂) လိုက်ဖက်သော အဝတ်အစား၊ ယုတ္တိရှိသော နောက်ခံရှုခင်းရှုကွက် များနှင့်အတူ အရုပ်(ဓာတ်ပုံ)၏ ကောင်းခြင်း၊ အသံ၏ကောင်းခြင်း တို့ဖြင့် ဖွဲ့စည်းပြသပေးနိုင်ခြင်း၊
(၃) ပံ့ပိုးမှု ပေးစွမ်းနိုင်သော ဂီတမှူး၊ ပြေပြစ်သော အရုပ်အသံတည်းဖြတ် ပညာရှင်တို့နှင့် ပူးပေါင်းလုပ်ဆောင် နိုင်သော အရည်အသွေးရှိခြင်း၊
(၄) ပုံတူကူးချမှီငြမ်းခြင်းမဟုတ်ဘဲ ပင်ကိုစိတ်ကူး၊ စိတ်သန်းဖြင့် ဆန်း သစ်တီထွင်နိုင်ခြင်း၊
(၅) အနုပညာရသမြောက် ဖော်ကျူး နိုင်ရုံမက မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့စရိုက်တို့ကို ဖော်ပြနိုင်စွမ်းရှိ ကာ ဘာသာတရားကိုးကွယ်မှု၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု တို့ကို မထိခိုက်စေဘဲ ပြသနိုင်စွမ်း ရှိခြင်း၊
ဇာတ်ကားဆုစံချိန်စံညွှန်း
(၁) လူမျိုး၊ ဘာသာ၊ အမျိုးသားယဉ် ကျေးမှု၊ ဓလေ့စရိုက်၊ တိုင်းရင်းသား ညီညွှတ်ရေးကိစ္စများကို မထိခိုက်စေ ဘဲ အနုပညာပြောင်မြောက်စွာဖြင့် ပရိသတ်စိတ်ဝင်စားအောင် တင်ပြ နိုင်သည့် ရုပ်ရှင်ဇာတ်ကား၊
(၂) ကြည့်ရှုသူ ပရိသတ်များအတွက် ကောင်းမွန်သောသင်ခန်းစာ ပေး နိုင်သည့် ရုပ်ရှင်ဇာတ်ကား၊
(၃) ရုပ်ရှင်တစ်ကားလုံး ခြုံကြည့်လျှင် ဇာတ်ညွှန်း၏ ကောင်းမွန်ခြင်း၊ ဒါရိုက်တာ၏ ညွှန်ကြားမှုကောင်းမွန် ခြင်း၊ သရုပ်ဆောင်အသီးသီး၏ နေရာမှန် သရုပ်မှန် သရုပ်ဆောင် နိုင်ခြင်းတို့ ညီညွှတ်မျှတသည့် ရုပ်ရှင် ဇာတ်ကား၊
(၄) ယုတ္တိရှိသော ရိုက်ကွင်းနေရာ ဒေသများ၊ ဆီလျော်သော ဝတ်စား ဆင်ယင်မှုနှင့် မိတ်ကပ်များ၊ အံဝင် ခွင်ကျ ဇာတ်ဝင်ပစ္စည်းများဖြင့် တင်ပြထားသည့် ရုပ်ရှင်ဇာတ်ကား၊ (၅) စကားပြောသံ၊ ဂီတသံ၊ အထူး ပြုလုပ်ချက်အသံတို့ဖြင့် ဖွဲ့စည်းထား သော အသံ၏ ကောင်းမွန်မှု၊ ပြတ် သားကြည်လင်၍ အလင်းအမှောင်၊ အလှုပ်အရှားတို့ဖြင့် ဖွဲ့စည်းထား သော အရုပ်၏ ကောင်းမွန်မှုဖြင့် ပြည့်စုံသော ရုပ်ရှင်ဇာတ်ကား။
(ဆက်လက်ဖော်ပြပါမည်။ )

အယ်ဒီတာတစ်ဦး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071