Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeMusicပိုးမီ ရဲ့ အမြဲတမ်း...

ပိုးမီ ရဲ့ အမြဲတမ်း အမှတ်ရစေမယ့် သမိုင်းတစ်ခု

အဆိုတော် ပိုးမီကတော့’ နောက်ထပ်တစ်ယောက်မရှိ’ သီချင်းခွေပရိုမိုးရှင်းပွဲကို မတ်လ ၁ ရက်နေ့က ပြု လုပ်ခဲ့ပါတယ်။ သီချင်းတွေဆိုပြီး မိဘတွေကိုထောက်ပံ့ပေးသွားမယ်ဆိုတဲ့အကြောင်းကိုလည်း ပိုးမီက အခုလို ပြောပြခဲ့ပါတယ်။

“အခု အစ်မအခွေလည်းထွက်ပြီး ပရိုမိုးရှင်းပွဲလည်းလုပ်နိုင်ပြီဆိုတော့ တအား ပျော်မိတယ်။ အလွန်းစိုးရိမ်စိတ်တွေတော့များခဲ့ပါတယ်။ ပြီးတော့ ကိုယ်ကတော့ ပြိုင်ပွဲဝင်ကတည်းက ပထမရချင်လို့ပြိုင်ခဲ့တယ်။ ပြိုင်ပွဲမှာကတည်းက ကြိုးစား ခဲ့တယ်။ ပရိသတ်အားပေးမှုတွေလည်းရခဲ့တယ်။ ဒီအတွက်ကိုယ်ကြိုးစားခဲ့သမျှ အရာထင်ခဲ့တယ်။ အခွေထုတ်ဖို့အများကြီးကြိုးစားခဲ့တယ်။ ဒါပေမဲ့     ပိုးမီ အနေနဲ့ အန်တီမေသော်တို့ရဲ့ပံ့ပိုးမှုအောက်မှာရှိနေတဲ့အတွက် သိပ်ခက်ခဲ တယ်ဆိုတာတော့မရှိပါဘူး။ အခွေတွက် ကုန်ကျစရိတ်ကတော့ ပိုးမီအနေနဲ့ မပြောပါနိုင်လောက်အောင်ပါပဲ။ တကယ်ကိုပဲ ပရိသတ်တွေအတွက်      အကောင်းဆုံးဆိုတာတွေကိုပဲပေးထားတာပါ။ ဒီအခွေလေးက ပြီးပြီး ရောပုံစံနဲ့ ထွက်လာခဲ့တာမဟုတ်ဘူး။ ပိုးမီအတွက် ပြန်ကြည့် လိုက်ရင် တစ်ချိန်လုံးအမှတ်ရနေမယ် ပထမဆုံးသမိုင်းတစ်ခု ပေါ့ နော်။ ကိုယ်ကပြိုင်ပွဲကနေတက်လာခဲ့တယ်။ ပြီးတော့ အဆိုတော် တစ်ယောက်ဖြစ်နေပြီ။ အရင်ကဆို ပိုးမီက သာမန်မိန်းကလေး တစ်ယောက်ပါပဲ။

အခုဆိုရင် ပိုးမီရဲ့ဘဝအချိုးအကွေ့လေးတွေ လည်း ပြောင်းလဲလာခဲ့တယ်။ အခုပြန်စဉ်းစားလိုက်ရင် သာမန်ဝန်ထမ်းမိသားစုက ဖြစ်ပါတယ်။ အခု ပိုးမီပွဲလေးတွေ ဆိုပြီး ပိုက်ဆံတွေလည်းရလာတယ်။ မိသားစုကိုလည်း ပရိသတ် ကပေးတဲ့ပိုက်ဆံတွေနဲ့ထောက်ပံ့နိုင်ပြီ။ အဲဒီအတွက် ပရိသတ် တွေကလည်း အလွန်ကျေးဇူးတင်တယ်။ နောက်ထပ်လည်းပိုးမီ သီချင်းတွေလည်းထပ်လုပ်ဖို့ရှိတယ်။ အများကြီးကြိုးစားရဦး မှာပါ။ အမေ့ကိုလည်း ကိုယ်ပိုင်အိမ်ဝယ်ပေးဖို့ကြိုးစားရဦးမယ်။ အခုထိပိုးမီတို့က တိုက်ခန်းသေးသေးလေးမှာ ငှားနေရတယ်။ပိုးမီကြိုးစားသမျှက မိသားစုအတွက်ပါ” လို့ပြောပါတယ်။

တွယ်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071