Thursday, May 14, 2026

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ်...

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင်...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...
HomeArticlesရေအိုင်ငယ်လေးတစ်ခု

ရေအိုင်ငယ်လေးတစ်ခု

ရေအိုင်ငယ်ကလေးတစ်ခု။ လမ်း ဘေးမှာ။ ရေအိုင်ငယ်ကလေး ဟာ မြေသားချိုင့်နေရာထက် မိုး တစ်ကြိမ်နှစ်ကြိမ် ရွာချလိုက်တော့ ရေဝပ်ပြီး ဖြစ်ပေါ်လာတာ။ ရေအိုင် ငယ်ကလေးထဲမှာ ရေအနည်းငယ်ရှိ ရဲ့။ ရေအိုင်ငယ်ကလေးအနီးမှာ လမ်းဘေးမြက်ရိုင်းပင်တချို့။ ရေ အိုင်ငယ်ကလေးထက် ရေမျက်နှာ ပြင်မှာ လမ်းပေါ်ကခဲလုံး သေးသေး လေးတွေကျလာရင် ဂယက်ဝိုင်းက လေးတွေ ပေါ်လာတတ်တယ်။ လမ်း ပေါ်ကို ယာဉ်တွေဖြတ်သွားတဲ့အခါ ကတ္တရာစေးကွာနေတဲ့နေရာက ခဲ လုံးကလေးတွေ လွင့်စင်လာတတ် တယ်။ သာမန်အားဖြင့် ရေအိုင် ငယ်ကလေးကို လူတွေသတိပြုမိ မယ်မထင်ဘူး။ ရေအိုင်ငယ်ကလေး က လမ်းဘေးမြက်ရိုင်းပင်တွေနဲ့ ချုံ ပုတ်တွေကြားထဲမှာ ရောက်နေတာ လေ။ ဆာလောင်မွတ်သိပ်နေတဲ့ လမ်းဘေးခွေးတစ်ကောင်ဟာ ဒီရေ အိုင်ငယ်ကလေးထဲကရေကို တပျပ် ပျပ်နဲ့ လာသောက်တယ်။

ရေအိုင် ငယ်ထဲမှာ ရေကနည်းနည်းပဲ ရှိပေ မယ့် ခွေးတစ်ကောင်အတွက်တော့ ဖြင့် လုံလောက်တယ်လို့ ပြောနိုင်ပါ တယ်။ အိုင်ငယ်ကလေးတစ်ခု။ လမ်း ဘေးမှာ။ ရေအိုင်ငယ်ကလေး ဟာ မြေသားချိုင့်နေရာထက် မိုး တစ်ကြိမ်နှစ်ကြိမ် ရွာချလိုက်တော့ ရေဝပ်ပြီး ဖြစ်ပေါ်လာတာ။ ရေအိုင် ငယ်ကလေးထဲမှာ ရေအနည်းငယ်ရှိ ရဲ့။ ရေအိုင်ငယ်ကလေးအနီးမှာ လမ်းဘေးမြက်ရိုင်းပင်တချို့။ ရေ အိုင်ငယ်ကလေးထက် ရေမျက်နှာ ပြင်မှာ လမ်းပေါ်ကခဲလုံး သေးသေး လေးတွေကျလာရင် ဂယက်ဝိုင်းက လေးတွေ ပေါ်လာတတ်တယ်။ လမ်း ပေါ်ကို ယာဉ်တွေဖြတ်သွားတဲ့အခါ ကတ္တရာစေးကွာနေတဲ့နေရာက ခဲ လုံးကလေးတွေ လွင့်စင်လာတတ် တယ်။ သာမန်အားဖြင့် ရေအိုင် ငယ်ကလေးကို လူတွေသတိပြုမိ မယ်မထင်ဘူး။

ရေအိုင်ငယ်ကလေး က လမ်းဘေးမြက်ရိုင်းပင်တွေနဲ့ ချုံ ပုတ်တွေကြားထဲမှာ ရောက်နေတာ လေ။ ဆာလောင်မွတ်သိပ်နေတဲ့ လမ်းဘေးခွေးတစ်ကောင်ဟာ ဒီရေ အိုင်ငယ်ကလေးထဲကရေကို တပျပ် ပျပ်နဲ့ လာသောက်တယ်။ ရေအိုင် ငယ်ထဲမှာ ရေကနည်းနည်းပဲ ရှိပေ မယ့် ခွေးတစ်ကောင်အတွက်တော့ ဖြင့် လုံလောက်တယ်လို့ ပြောနိုင်ပါ တယ်။  မိုးမရွာတာ သီတင်းနှစ်ပတ် ကျော်ပြီ။ နေရောင်ပြင်းပြင်းက လမ်း မပေါ်မှာ။ ချုံပုတ်ဟာ ငြိမ်သက်လို့။ မြက်ရိုင်းပင်တွေဟာ နွမ်းဖျော့လို့။ ရေအိုင်ငယ်ကလေးထဲကရေဟာ သီ တင်းနှစ်ပတ်ကျော်လာတော့ တဖြည်းဖြည်းနဲ့ လျော့နည်းခန်း ခြောက်လာတယ်။ နေ့လယ်ခင်းဆို နေရောင်တဝင်းဝင်းက ပူပြင်းလို့။ ဆွေးနေတဲ့ သစ်ရွက်တစ်ရွက်က ရေ အိုင်ငယ်ကလေးထဲမှာ လဲလျောင်း လို့။ ရေအိုင်ငယ်ကလေးဘေးက လမ်းမပေါ်မှာ ယာဉ်တွေ နေ့နေ့ည ည ဖြတ်မောင်းကြ။ တစ်ရက်ပြီးတစ် ရက် ပူပြင်းတဲ့နေရောင်ဟာ လမ်းမ ထက်မှာ။ ရေအိုင်ငယ်ဟာခန်းပေါ့။ ရေအိုင်ငယ်ဟာ ခုတော့စိုစွတ်တဲ့ မြေသားနေရာငယ်တစ်ခုသာမျှ။ နွေ ရက်တွေပါပဲ။ ပူတယ်လေ။ လေပွေ ဟာ လမ်းမထက်ကို ဖြတ်သန်းသွား ပေါ့။ လမ်းဘေးချုံပုတ်နားမှာ လမ်း ဘေးမြက်ရိုင်းတွေထဲမှာ စိုစွတ်မြေ သားနေရာငယ်တစ်ခု။ ဆာလောင် နေတဲ့ လမ်းဘေးခွေးတစ်ကောင် ရောက်လာပြန်ချေပေါ့။ သူဟာ စို စွတ်တဲ့မြေသားနေရာငယ်မှာ ရပ်နေ တယ်။ ပြီးတော့ စိုစွတ်တဲ့မြေသား ငယ်နေရာထက်မှာ ဝပ်ပြီးလဲလျောင်း လိုက်တယ်။ ချုံနံပုတ်က သူ့နဘေးမှာ ခွေးဟာ မြေသားစိုစွတ်အေးမြမြ ထက်မှာ လဲလျောင်းလို့။ နွေနေက ခြစ်ခြစ်တောက်ပူလို့။

နေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071