Saturday, June 14, 2025

KBZ စင်တာက ငလျင်ဒဏ်ကြောင့် ပျ-က်စီးခဲ့သည့်...

KBZ Center Mandalay က မန္တလေးမြို့ရှိငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် ဘုန်းကြီးကျောင်းများအပါအဝင် စာသင်တိုက်များ၊ သီလကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ် ရာနှင့်ချီစတင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ယနေ့...

မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်အတွက် ခရိုင်အဆင့် စုဖွဲ့လေ့ကျင့်များပြုလုပ်

မွန်ပြည်၊ မော်လမြိုင်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်အဆင့်စုဖွဲလေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ စုဖွဲ့လေ့ကျင့်ရာတွင် မော်လမြိုင်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီ(၁၁)ခုရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မီးသ-တ်တပ်ဖွဲ့၊ လူမူကယ်ဆယ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များဖြင့်...

MNL League Cup 2025...

MNL League Cup 2025 ကွာတားဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်ခဲ့ပြီဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ဇွန် (၁၄)ရက် နံနက်ပိုင်း၌ Glory Goal...

ကျိုက်ထိုမြို့မှ ကိုဗစ်ကူးစက်ခံရသူ အမျိုးသားလူနာ ဆေးရုံဆင်းခွင့်ပြု

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ ကိုဗစ်ရောဂါ ကူးစက်ခံထားရသော အမျိုးသားလူနာမှာ ကျန်းနာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံက သိရသည်။ အသက် (၂၅) နှစ်အရွယ် အဆိုပါအမျိုသားမှာ...
HomeMusicပရိုဂျူဆာရွေးပေးတဲ့သီချင်းတွေကိုဆိုပြီး အခွေထုတ်လိုက်တဲ့ ထက်အိမ်

ပရိုဂျူဆာရွေးပေးတဲ့သီချင်းတွေကိုဆိုပြီး အခွေထုတ်လိုက်တဲ့ ထက်အိမ်

အိပ်မက်ဆုံရာပြိုင်ပွဲဝင် ထက်အိမ်ကတော့’ ရေ’လို့ အမည်ရတဲ့ အခွေကိုထုတ်ခဲ့ပါတယ်။ အဆိုပါ အခွေမှာ ပြန်ဆိုတေးတွေများတဲ့အတွက် ပရိသတ်ဝေဖန်မှုအတွက် စိုးရိမ်နေကြောင်းကိုတော့ …

“ကျွန်တော် ဒီအခွေကို စီစဉ်တာ ကြာပါပြီ။ ဒီထဲမှာ သီချင်း ၁၂ ပုဒ် လောက်ပါတယ်။ ပြန်ဆိုတေး ၁ဝ ပုဒ်လောက်ပါတယ်။ တစ်ခွေလုံး မှာ ပြန်ဆိုထားတဲ့ သီချင်းတွေများပေမယ့် ပြန်ဆိုတေးအနေနဲ့ ထွက်တာမဟုတ်ပါဘူး။ ကျွန်တော်ရဲ့ ကိုယ်ပိုင်သီချင်း ကို ခေါင်းစဉ်တင်ထားတယ်။ ပြိုင်ပွဲဝင်တုန်းက ဆိုထားတဲ့ သီချင်းတွေ လည်းပါတယ်။ ပြန်ဆိုတေးဆိုတဲ့အခါမှာ လည်း အရမ်းတာဝန်ကြီးတယ်။ ကျွန်တော်တို့မှာ မှားသွားရင် သူတို့ရဲ့ ပရိသတ်တွေ ငြိုငြင်သွားမှာလည်း စိုးရတယ်။ ကျွန်တော်တို့ကလည်း ကြိုးစားပြီးတော့ အကောင်းဆုံးဖြစ်အောင်ဆိုလိုက်တာပဲ။ ဒီသီချင်းတွေက ကျွန်တော်ရဲ့ ပရိုဂျူဆာ ဦးသိန်းတန်ကိုယ်တိုင်က ကျွန်တော်ကို ဆို စေချင်လို့ ရွေးပေးထားတဲ့ သီချင်းတွေပါ။ ဘယ်အဆိုတော်မဆို သီချင်း တွေချစ်လို့ သီချင်းဆိုတယ်။ သီချင်းကိုပျက်သွားအောင် ဘယ်သူမှာလုပ်ဆိုမှာမဟုတ်ဘူး။ ဒီလို့ဆိုတဲ့အတွက် ဝေဖန်တာတော့ရှိမှာပေါ့။ ဝေဖန်တာ တော့နေရာတိုင်းမှာရှိတယ်။တကယ် တမ်းဝေဖန်တာကလည်း ကောင်းတဲ့ ဝေဖန်မှုနဲ့မကောင်းတဲ့ဝေဖန်မှုတွေလည်း ရှိတယ်။ ကောင်းတဲ့ဝေဖန်မှု ဆိုရင်တော့ နားထောင်လိုက်မယ်။ မကောင်း တဲ့ ဝေဖန်မှုဆိုရင်တော့ သိပ်ဂရုစိုက်ဖြစ်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

အခွေထွက်နိုင်ပြီဖြစ်လို့ အရမ်း ပျော်နေတယ်ဆိုတဲ့ အကြောင်းကိုလည်း ထက်အိမ်က အခုလိုပြောပြခဲ့ပါတယ်။ “ကျွန်တော် သီချင်းခွေလေး ထွက်ပြီဆိုတော့ အရမ်းပျော်မိတယ်။ ပရိသတ်အားပေးမှုကိုတော့ အရမ်းကြီးမျှော်လင့် မထားပါဘူး။ ကျွန်တော်က ပြိုင်ပွဲကတည်းက အရမ်းမမျှော်လင့်မထားတော့လေ။ ကျွန်တော်က အစွမ်းကုန် ကြိုးစား ထားတဲ့အတွက် ပရိသတ်တွေ စိတ်ကျေနပ်မယ်လို့လည်းယုံပါတယ်။ ကျွန်တော်ရဲ့ ‘ရေ’သီချင်းခွေလေးကို  ဖေဖော် ဝါရီလမှာစပြီး ဖြန့်ချိပြီးပါပြီ”လို့ ထက်အိမ်က ဆိုပါတယ်။

 ချယ်ရီ

ဓာတ်ပုံ – ဇွဲမာန်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071