Tuesday, May 5, 2026

၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ၏...

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်တို့ကကြီးမှူး၍ ရန်ကုန်မြို့၌ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ၏ စုပေါင်းတံခွန်စိုက်ဒိုင်းကို ရန်ကုန်တိုင်းအသင်းဆွတ်ခူးကဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲကို...

အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၅၂)ဦးအပါအဝင် “ဝ”၊...

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်းအွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၅၂)ဦးအပါအဝင် "ဝ"၊ ရှမ်း၊ လားဟူလူမျိုး (၅၆)ဦးကို မေ ၄ ရက်က ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များက မိုင်းပန်မြို့ရှိ...

ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် အိန္ဒိယရေတပ်ဦးစီးချုပ်တို့တွေ့ဆုံ

နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေး ချမ်းရေးကိုတိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi တို့ ယနေ့...

အိန္ဒိယရေတပ် အရာရှိ၊ စစ်သည်(၅၂၇)ဦးပါသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စီးရန်ကုန်မြို့သို့ရောက်ရှိလာ

အိန္ဒိယရေတပ် အရာရှိ၊ စစ်သည်(၅၂၇)ဦးပါသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စီးသည် မြန်မာနိုင်ငံတော်သို့ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယနေ မေ ၄ ရက်ညနေပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အိန္ဒိယရေတပ်မှစစ်ရေယာဉ် INS Satpura(F-48)နှင့်...
HomePopular Academy2017 Academyပရိသတ် တွေနဲ့ ...

ပရိသတ် တွေနဲ့ အလှူ အတန်း တွေလုပ်ဖို့ စီစဉ်နေသူ သင်ဇာဝင့်ကျော်

ခုလတ်တလောမှာတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇာတ်ကားရိုက်ကူးမှုတွေနည်းပါးလာပြီး ဇာတ် ကားကိုရွေးချယ်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဇာတ်ကို ရွေးချယ်ပြီး ရိုက်ကူးတာနဲ့ပတ်သက်လို့ သင်ဇာဝင့်ကျော်က ခုလတ်တလောမှာတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇာတ်ကားရိုက်ကူးမှုတွေနည်းပါးလာပြီး ဇာတ် ကားကိုရွေးချယ်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

 “များသောအားဖြင့် သင်ဇာ့ဆီလာတဲ့ဇာတ်တွေက ကိုယ်နဲ့ ကာရိုက်တာကိုက်တဲ့ ဇာတ်တွေများပါတယ်။ ဒီကြားထဲမှာ ကိုယ့်အတွက် အလုပ်မဟုတ်တဲ့ကားတွေဆို လက်မခံဖြစ်ဘူး။ ငြင်းတယ်။ ကိုယ်ကြိုက်တဲ့ ဇာတ်ပဲရွေးပြီးရိုက်ဖြစ်တယ်။ ကိုယ်မကြိုက်တဲ့ဇာတ်ကားတွေလာပြီ ဆိုရင်တော့ ငြင်းပါတယ်။ ကိုယ်ပညာပြနိုင်တဲ့ ဇာတ်ကားမျိုးပဲရိုက်ကူးဖြစ် တယ်”လို့ ပြောပါတယ်။

ဇာတ်ကားရိုက်ကူးမှုနည်းတဲ့အတွက် ပရိသတ်တွေက သူမဇာတ်ကားကို မကြည့်ဖြစ်ပေမယ့်လည်း ပရိသတ်တွေနဲ့ အမြဲတမ်း ထိတွေ့မှုရှိနေပုံကိုလည်း သင်ဇာဝင့်ကျော်က . . .

“ပရိသတ်တွေက သင်ဇာ့ကို တအားချစ်ကြတယ်လေ။ တစ်ခုခုဆို ကိုယ်စိတ်ရှုပ်တာပဲဖြစ်ဖြစ်၊ စိတ်ညစ်တာရှိတာပဲဖြစ်ဖြစ် ဖေ့စ်ဘုတ်မှာ ပို့စ်တစ်ခုတင်တိုင်း ပရိသတ်တွေက ဂရုစိုက်ပေးတယ်လေ။ အဲဒီလိုမျိုး မေးကြတော့ သူတို့ကိုလည်း တကယ်ချစ်တယ်။ တကယ်လည်း တန်ဖိုးထားတယ်။ ဒီနှစ်မွေးနေ့မှာလည်း ရှင်းရှင်းပြောရရင် သူတို့ကို မတွေ့လိုက်ရဘူး။ အဲဒါကြောင့်မို့ သူတို့နဲ့တွေ့လိုက်တယ်။ ပြီးတော့ လည်း ပရိသတ်တွေနဲ့အလှူအတန်းလုပ်တာလေးတွေ၊ ပရဟိတ လုပ်တာလေးတွေလုပ်ဖို့အတွက် အစီအစဉ်လေး ချထားတာလေး တွေရှိတယ်။ ပရိသတ်နဲ့ကိုယ်နဲ့လည်း မစိမ်းဘဲ ကိုယ်လည်းကုသိုလ်ရ၊ သူတို့လည်း ကုသိုလ်ရ၊ အဲဒီလိုမျိုးလေးတွေလုပ်ဖို့ရှိတယ်”လို့ ပြောပါတယ်။  မတ်လ ၂၃ ရက်နေ့မှာ ပြုလုပ်မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲနဲ့ပတ်သက်ပြီးတော့လည်း သင်ဇာဝင့်ကျော်က . . .

“ဒီနှစ်အကယ်ဒမီပွဲတက်ဖြစ်မှာပါ။ ဒီနှစ်က မအူဝဲ တအားကောင်းတယ်။ တခြားသူတွေလည်း ကောင်းပါတယ်။ ရသင့်ရထိုက်တဲ့သူတွေကိုပဲ ရစေချင်ပါတယ်”လို့ ပြောပါတယ်။  လက်ရှိမှာတော့ သရုပ်ဆောင်သင်ဇာဝင့်ကျော်က တက္ကစီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတယ်လို့ သိရပါ တယ်။

သဲစုလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071