Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeCelebrities' Newsစိုင်းစိုင်း တေး အယ်လ်...

စိုင်းစိုင်း တေး အယ်လ် ဘမ် နဲ့ အ တူ ကျွန်တော်တို့ ပြန်လာပြီ စိုင်းစိုင်းခမ်းလှိုင်

 Snare အဖွဲ့ရဲ့ အခွေသစ်မှာ ပါဝင်တဲ့ Snare၊ စိုင်းစိုင်းခမ်းလှိုင်တို့ရဲ့ သီချင်းသစ်က ‘လွမ်းနာကျ’ လို့ အမည်ရပါတယ်။ ဒါဟာ သူတို့ Frenzo အဆိုတော်တွေရဲ့ ပွဲဦးထွက် သီချင်းသစ်တွေလို့ ဆိုရမှာပါ။ နောက်မှာဆက်တိုက်ထွက်လာမယ့် သီချင်းသစ်တွေ၊ တေးအယ်လ်ဘမ်တွေအကြောင်းကိုလည်း စိုင်းစိုင်းခမ်းလှိုင်က….

“၂ဝ၁၈ ခုနှစ်မှာတော့ ကျွန်တော်တို့ Frenzo Production ရဲ့ Come Back Album တွေ၊ ကျွန်တော်တို့ ပြန်လာတဲ့ Album  တွေ တန်းစီပြီးတော့ ထွက်လာမှာဖြစ်ပါတယ်။ အခု ၂ဝ၁၈ ပွဲဦးထွက်အနေနဲ့ နေဝင်းနဲ့ ဖြိုးလေးတို့ Snareအဖွဲ့ရဲ့ ‘ပူးတွဲချန်ပီယံ’ ဆိုတဲ့ အခွေလေး အရင်ဆုံးထွက်ပါတယ်။ ပြီးရင် G.Fatt အခွေထွက်ဖို့ရှိပါတယ်။ ပြီးရင် စိုင်းစိုင်းရဲ့ စိုင်းစိုင်းထွက်ဖို့ရှိပါတယ်။ ပြီးရင် အမရာဖုန်းရဲ့ အယ်လ်ဘမ်ထွက် ဖို့ရှိပါတယ်။ ပြီးရင် ဘန်နီဖြိုးရဲ့ အခွေထွက်ဖို့ရှိပါတယ်။ ဒီအခွေတွေ အားလုံးကို ၂ဝ၁၈ ထဲမှာပဲ တင်ဆက်သွားဖို့ ကျွန်တော်တို့ အားလုံး အတူတကွ ဝိုင်းပြီးတော့ ကြိုးစားနေကြပါတယ်” လို့ပြောပါတယ်။

နောက်တစ်ခုထူးခြားတာက Snare အဖွဲ့ရဲ့ အခွေမှာဆိုရင်Parental Advisory ဆိုတဲ့ စာတန်းလေးကပ်ပြီး ရောင်းတာတွေ့ ရပါတယ်။ အဓိကကတော့ မိဘခွင့်ပြုချက်ပေါ့။Frenzoရဲ့ နောက်ထပ် ထွက်မယ့်အခွေတွေမှာလည်း ဒီလိုမျိုးတွေပါဝင်လိမ့် မယ်ထင်ပါတယ်။ “မိဘများရဲ့ အကြံပြုချက်၊ မိဘများရဲ့ ခွင်ြ့ပုချက် ရယူပြီး တော့ နားဆင်ပါဆိုတဲ့ Label လေးကို ကျွန်တော်တိှု့Snare အဖွဲ့ရဲ့ အခွေမှာ ကပ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟစ်ဟော့ပ်အခွေဖြစ်တဲ့အတွက် ဟစ်ဟော့ပ်စာသားတွေဟာ လမ်းပေါ်က အမှန်တရားတွေ၊ ရပ်ကွက်ထဲက အမှန်တရားတွေကို ဂျာနယ်တစ်ခုလိုမျိုးတင်ပြထားတဲ့ စာသားတွေလည်းပါဝင်ပါ တယ်။ ဒါကို သူတို့က အရိုးရှင်းဆုံးတင်ပြတဲ့ အချိန်မှာ လမ်းပေါ် မှာ သုံးစွဲတဲ့ ဘန်းစကားတွေကို နေဝင်းနဲ့ဖြိုးလေးက အမြောက် အမြားသုံးစွဲထားတာ တွေ့ရပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က နေပြီးတော့ ကလေးသူငယ်တွေ နားထောင်တယ်ဆိုရင်လည်း မိဘ တွေက အရင်နားထောင်ပြီးတော့ မိဘတွေက ခွင့်ပြုတယ်ဆိုမှ ကလေး သူငယ်တွေက နားထောင်ပါဆိုတဲ့ နိုင်ငံတကာ ပုံစံအတိုင်း ကျွန်တော်တို့ ကပ်ထားတာဖြစ်ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပြခဲ့ပါတယ်။

 မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071