Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeMusicသီချင်းဆိုရင်း ပွဲနောက်မှာ စာကျက်ကာတက္ကသိုလ်ဝင်တန်းကို...

သီချင်းဆိုရင်း ပွဲနောက်မှာ စာကျက်ကာတက္ကသိုလ်ဝင်တန်းကို နှစ်ချင်းပေါက်ဂုဏ်ထူး ၂ဘာသာ ထွက်အောင် ဖြေဆိုနိုင်ခဲ့သူ ဝိုင်းလမင်းအောင်

ငယ်ငယ်လေးကတည်းက ဂီတလောကမှာ လင်းလက်တောက်ပခဲ့တဲ့ ကြယ်ပွင့်တစ်ပွင့်ဆိုတော့ ပညာရေးနဲ့ ပတ်သက်ရင် အားနည်းလိမ့်မယ်လို့ ဝိုင်းလမင်းအောင်ကို တချို့ကထင်ကြမှာပါ။ အခြေခံပညာ အထက်တန်းကျောင်း တက်စဉ်ကတည်းက ကျောင်းစာတစ်ဖက်၊ ဂီတတစ်ဖက်နဲ့ ဖြတ်သန်းခဲ့တဲ့ အဆိုတော်လေး ဝိုင်းလမင်းအောင်က တကယ်တမ်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုတဲ့အခါမှာ ဓာတုဗေဒ၊ ဘောဂဗေဒ ဘာသာရပ်တွေမှာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။

“ကျွန်တော်တို့အချိန်တုန်းကတော့ သီချင်းဆိုတဲ့ပွဲ တွေကလည်း တောက်လျှောက်ပဲ။ ၉ တန်းလောက် အထိက ဖေဖော်ဝါရီလဆို စာမေးပွဲဖြေရ တယ်။ ကျွန်တော်တို့က ပွဲဆက်တွေကလည်း နွေရာသီဆိုရင်လာပြီ။ အဲဒီအချိန်မှာဆို ဆယ်တန်းရောက်တဲ့ အချိန်မှာကျွန်တော်က ဖေဖော်ဝါရီလက နေစပြီးတော့ နားလိုက်တာ။ စာနဲ့ ပတ်သက်တဲ့ကိစ္စကွိုကငိန ခေါ်ပြီး တော့ လုပ်လိုက်တာပေါ့နော်။ အဲဒီလိုမျိုး လုပ်ခဲ့ရတာ ပါ” လို့ ဝိုင်းလမင်း အောင်က ပြောပါ တယ်။ ရှေ့မှာပြော ခဲ့သလို ဂီတဘက်ကို အချိန်ပေးနေရတော့ သူ့ ကို ပညာရေးဘက်မှာ မထွန်း ပေါက်တော့မှာကို စိုးရိမ်နေတဲ့ သူတွေ၊ ဖြစ်ထွန်းမှာ မဟုတ်ဘူးလို့ ထင်နေတဲ့ သူတွေနဲ့လည်း ကြုံတွေ့ခဲ့ရကြောင်း ဝိုင်းလမင်းအောင်က ပြောပါတယ်။ သူဘယ်လိုကြိုးစားခဲ့ရလဲဆိုတာကို ဝိုင်းလမင်းအောင်က…

“တချို့တွေကတော့ ပြောကြတယ်။ ဖေဖော်ဝါရီလမှာ ကျွန်တော်က ပွဲတွေဆက်တိုက်များနေတာကိုး။ ဘယ်လိုလုပ် မလဲပေါ့။ စာမေးပွဲက နီးနေပြီ။ ဒါပေမဲ့ ကျွန်တော်မရပ်ဘူး။ အဲဒီအတိုင်း ဆက်တိုက်သွားနေဖြစ်တယ်။ ဒါပေမဲ့ ပွဲတွေကြား ထဲမှာ စာကျက်ရတယ်။ တစ်ခါတလေဆိုရင် ဖုန်းနဲ့လှမ်းလှမ်း သင်ပြီးလုပ်ခဲ့ရတာ။ ကျွန်တော်က ဘော်ဒါတွေဘာတွေလည်း မတက်ဖြစ်တဲ့အခြေအနေဆိုတော့ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ခဲ့ရတာ။ တစ်ခါတလေကျရင် မနက် ၃ နာရီ လောက် ကတည်းက ထပြီး လုပ်ရတာတွေလည်းရှိတယ်” လို့ ပြောပါ တယ်။ ဝိုင်းလမင်းအောင်ပြောတဲ့အထဲမှာ ကြိုက်နှစ်သက်တဲ့ စကားလည်းရှိ ပါသေးတယ်။ အဲဒါက “မိဘတွေက ငွေရေး ကြေးရေးတတ်နိုင်တော့လည်း ဘော်ဒါတွေဘာတွေ ပို့ကြ တယ်လေ။ ကျပ် ၁၇ သိန်း။ ကျပ် သိန်း ၂ဝ အဲဒီလောက် ထားပြီးတော့မှ ကျတယ်ဆိုရင်လည်း မနည်းဘူး။ အဲဒီတော့ အဓိကကတော့ ကိုယ်ကြိုးစားမှုအပေါ်မှာပဲ မူတည်တယ်။ ကြိုးစားမှလည်းရမှာပေါ့” လို့ ဝိုင်းလမင်းအောင်က ပြောပါ တယ်။

အချိန်တွေက အကုန်မြန်လွယ်တယ်။ တက္ကသိုလ်ဝင်တန်း ဆိုတဲ့အချိန်ကာလဟာ တကယ်တမ်း တွက်ကြည့်ရင် ခဏ တာလေးပါ။ အဲဒီကာလကို ဖြတ်သန်းတဲ့အခါ ကြာလွန်းတယ် ထင်ရပေမယ့် တိုတောင်းလှတဲ့အချိန်ကာလလေးမှာ အချိန်ကို အကျိုးရှိရှိအသုံးပြုရင်း တက္ကသိုလ်ဝင်တန်းကို အမှတ် ကောင်း ကောင်းနဲ့ အောင်မြင်သွားရင် အကောင်းဆုံးပါပဲ။ တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုကြမယ့် ညီငယ်၊ ညီမငယ်တွေအတွက် ဝိုင်းလမင်းအောင် အမှတ်တရစကားလေးပြောပေးပါလို့ ဆိုတော့…

“အမှတ်တရစကားပြောရမယ်ဆိုရင် အဓိကက စာလုပ်တဲ့ အချိန် မှာ ဆရာကို အားမကိုးပါနဲ့လို့။ ကိုယ့်ကြိုးစားအားထုတ်မှုက အဓိက ပါ။ အမြဲတမ်း ဒီပုစ္ဆာလာရင် ဒီလိုပဲတွက်ရမယ်မတွေးထားဘဲနဲ့ သူက မေးခွန်းလှည့်လိုက်တဲ့အချိန်ကျရင် အိုင်ဒီယာက မထွက်တော့ဘူး။ အဲဒီအတွက် ကိုယ့်အားကိုယ်ကိုးပြီးလည်းလုပ်ကြပါ။ ဆယ်တန်းဆိုတာ တစ်သက်မှာ တစ်ခါဖြေတာ အကောင်းဆုံးပါပဲ။ အမြဲတမ်း ခဏ ခဏ ပြန်ဖြေရင် စိတ်တွေလည်းလေတယ်။ တချို့ကျတော့လည်း ဇွဲကြီးပါတယ်။ ၄နှစ်လောက်ဖြေပြီးမှ အောင်သွားတာတို့ ကျွန်တော်တို့ ယဉ်ကျေးမှု တက္ကသိုလ်မှာလည်း တွေ့နေရတယ်။ ကျွန်တော့်ထက် အသက်ကြီးတဲ့သူတွေ အများကြီးပဲ။ အဓိကက တကယ်ကြိုးစားမယ်ဆိုရင် ကျကျ၊ အောင် အောင်ပါ။ ကျသွားရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ကြိုးစားရမှာ ကိုယ့်တာဝန်ပါ။ ဆက်ပြီး ကြိုးစားနေရမှာပဲ။ အောင်မြင်သွားရင် တော့အကောင်းဆုံးပေါ့” လို့ ဝိုင်းလမင်းအောင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071