မော်​တင်​စွန်း​စေတီ​တော်​ထီးတင်​ပွဲအမှတ်​တရ​တွေအ​နေနဲ့ လက်​ပတ်​နာရီချွတ်​လှူဖြစ်​ခဲ့တဲ့ သရုပ်​​ဆောင် ပွင့်နဒီမောင်

0
181

မော်​တင်​စွန်းဘုရားထီးတင်​ပွဲတုန်းက သွား​ရောက်​ပြီးအနုပညာနဲ့ကုသိုလ်​ယူဖြစ်​ခဲ့တဲ့ ပွင့်​နဒီ​မောင်​က သူကြုံ​တွေ့ခဲ့ရတဲ့အဖြစ်​အပျက်​​တွေအ​ကြောင်း ပြန်​လည်​​ပြောပြပါတယ်​။ တန်​ခိုးကြီး​တော်​မူလှတဲ့​မော်​တင်​စွန်း​စေတီ​တော်​မြတ်​ကြီးဟာ နဂါးသိုက်​ဆက်​​တွေရှိတယ်​လို့လည်းနာမည်​ကြီးလှပါတယ်​။ ​စေ​တီ​တော်​ထီးတင်​ပွဲကိုတစ်​ရက်​ပဲသွားမယ်​လို့ကြံရွယ်​ထားတဲ့ ပွင့်​နဒီ​မောင်​ တစ်​​ယောက်​ ထီးတင်​ပွဲမှာ၂ ရက်​တိုင်​​နေဖြစ်​ခဲ့ပါတယ်​။

“ပိုးအိကတစ်​ရက်​ပဲပထမကသီချင်းဆိုဖို့သွားတာ​ပေါ့။ ဘုရားထီးတင်​က​တော့ ၂ရက်​ ဆိုတာ အရင်​ကတည်းကသိတယ်​။ ဒါ​ပေမဲ့ တစ်​ရက်​က ကားရိုက်​နဲ့ငြိ​နေတာဆို​တော့ တစ်​ရက်​ပဲအနုပညာနဲ့ကုသိုလ်​ ပြုမယ်​ဆိုပြီး​တော့သွားတာ။ ဟို​ရောက်​သွားတဲ့အချိန်​မှာဘာဖြစ်​လို့မှန်းမသိဘူး။ ​မော်​တင်​စွန်းဘုရားတန်​ခိုးကြီးတယ်​ဆိုတာလဲသိတယ်​။ ဒါ​ပေမဲ့ ပိုးအိသမိုင်းကို Detail မသိဘူး။ ဟို​ရောက်​တဲ့အချိန်​မှာ ဘုရားသမိုင်းအ​ကြောင်း မိုက်​နဲ့​ပြောတဲ့အချိန်​မှာ ဘယ်​လိုဖြစ်​သွားမှန်းမသိဘူး။ ​နေချင်​စိတ်​​တေဖြစ်​သွားတယ်​။ ပိုးအိသီချင်းဆိုတဲ့အချိန်​ကအလယ်​အရစ်​ပဲ ထီးတင်​တာ။ ​နောက်​​နေ့ကျ​တော့မှပဲ ​စေတီတစ်​ဆူလုံးတင်​တာ​ပေါ့။ အဲ့ဒီမှာ​နေချင်​စိတ်​​ပေါက်​လာတယ်​။ အင်္ကျီကလဲတစ်​စုံပဲရှိ​တဲ့အခါကြ​တော့ ရွာမှာပဲသွားဝယ်​ပြီး ​နေလိုက်​တာ​ပေါ့” လို့ ပွင့်​နဒီ​မောင်​က ​ပြောပါတယ်​။ ထီး​တော်​တင်​ပွဲ ဌာပနာသွင်းတဲ့အခါမှာလည်း သိပ်​ကိုလှူချင်​လွန်းအားကြီးတဲ့အတွက်​ သူမလက်​မှာပတ်​ထားတဲ့ လက်​ပတ်​နာရီကို ချွတ်​လှူလိုက်​​ကြောင်းကိုလည်း ပွင့်​နဒီ​မောင်​က အခုလို​ပြောပါတယ်​။

” ပိုးအိက ဘုရား၊ တရား ကိုတအားလုပ်​တဲ့အထဲမှာလဲ မပါဘူး။ ဒါ​ပေမဲ့ မလုပ်​တဲ့အထဲမှာလည်း မပါဘူး။ ထီးတင်​ပွဲမှာ ဆရာ​တော်​ ၊ သံဃာ​တော်​​တွေ ၊ ဆရာ​လေး​တွေအများကြီးပဲ။ ပိုးအိတို့က ​နောက်​မှာ​ပေါ့။ အဲ့ဒီအချိန်​မှာ​လေ ငိုချင်​တာဘယ်​လိုမှထိမ်းလို့မရဘူး။ မျက်​ရည်​​တွေ ​ပေါက်​​ပေါက်​ကျလာတယ်​။ ဘာဖြစ်​သွားမှန်းလဲမသိဘူး။ အဲ့ဒီဌာပနာထဲကို ထည့်​ချင်​တာ​ပေါ့​နော်​။ ပိုးအိတို့က​ရွှေလည်းသိပ်​မဝတ်​ဘူး။ လမ်းခရီးသွားရင်​ပိုက်​ဆံကလည်းအများကြီး​ဆောင်​သွား​လေ့မရှိဘူး။ အဓိကက ဝတ္ထု​ငွေလှူတာကလှူမယ်ဆိုပြီး ​ပြောလှူလို့ရ​သေးတယ်​။ ဌာပနာထဲကိုထည့်​ဖို့ကျ​တော့ ကိုယ့်​မှာ​ရွှေမပါလာဘူး။ မပါတဲ့အခါကြ​တော့တအားဝမ်းနည်းလာတယ်​။ အဲ့ဒါနဲ့ ကို​ဇေတို့ ၊ မနန္ဒာတို့ကို ကပ်​ပြီး​တော့ သမီးဆီမှာလှူစရာဆိုလို့နာရီပဲပါတယ်​။သမီး ဒီနာရီ​လေး ဌာပနာထည့်​ချင်​တယ်​၊ ရမလားဆိုပြီး​ပြော​တော့ ဘုန်းဘုန်းကိုကိုယ်​တိုင်​ ​လျှောက်​လိုက်​ပါ့လားတဲ့။ ပိုးအိကျိုက်​ထီး​ဆောင်း ဆရာ​တော်​ကြီးဆီ​ရောက်​ဖို့ ​တော်​​တော်​သွားရ​သေးတယ်​။ ​ရောက်​သွားပြီး တပည့်​​တော်​ ​ဖေ​ဖေ့ကို ရည်​စူးပြီး ​ငွေသား ၂ သိန်းလှူချင်​တယ်​ ၊ ပြီး​တော့ သမီးမှာ လှူစရာတန်​ဖိုးကြီးပစ္စည်းပါမလာဘူး။ သမီးလက်​မှာပတ်​ထားတဲ့နာရီ​လေးကိုလှူချင်​တယ်​လို့ ဘုန်းဘုန်းကို​လျှောက်​​တော့ ဘုန်းဘုန်းကရတာ​ပေါ့။ ဆန္ဒ ရှိဖို့ပဲလိုတယ်​သမီးဆိုပီး ဌာပနာထဲကိုထည့်​လိုက်​တယ်​။ သိပ်​ကိုပီတိဖြစ်​ရပါတယ်​။ သာသနာ​ရေးဝန်​ကြီးကလည်း နာရီလှူတယ်​ဆိုတာ တအား​ကောင်းပါတယ်​။ ဘဝမှာ ရယ်​ရယ်​​မော​မော နဲ့အဆုံးသတ်​ရပါ​စေဆိုပြီးဆု​တွေ​ပေးတာ​ပေါ့” လို့ ပွင့်​နဒီ​မောင်​ ထံမှ သိရှိခဲ့ရပါတယ်​။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here