Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeCelebrities' Newsအချစ်ကို အလင်းရောင်ရှောင်နေရပြီ

အချစ်ကို အလင်းရောင်ရှောင်နေရပြီ


သရုပ်ဆောင်အလင်းရောင်က ဇန်နဝါရီလအတွင်းက အဆိုတော်ပိုပိုရဲ့ သီချင်းအတွက် ပိုပိုရှေ့မှာဒူးထောက်ပြီး လက်ထပ်ခွင့် တောင်းတဲ့ ပုံများက အွန်လိုင်းပေါ်မှာပျံ့နှံ့ခဲ့ပြီး ပရိသတ်များကြားမှာ တကယ့်ဖြစ်ရပ်မှန်အဖြစ်ရေပန်းစားခဲ့ပါတယ်။ ဒီဖြစ်ရပ် နဲ့ပတ်သက်ပြီး အလင်းရောင်က…

“တချို့ဆိုအပြင်မှာ ကျွန်တော်ဂျင်ဆော့တဲ့နေရာမှာဂျင်ဆော့ရင်းသိတဲ့ အသိတွေက ဃသညါမအေကူအေငသည လုပ်သွားကြတယ်။ မဟုတ်ဘူးအစ်ကိုလို့ ပြန်ပြီးရှင်းပြရတယ်။ ပိုပိုက ရိုက်ကူးကတည်းက ပရိသတ်ကို နည်းနည်း စိတ်ဝင်စားအောင်လုပ်မယ်ပေါ့နော်။ လုပ်ဆိုပြီးတော့လုပ်ဖြစ်တာပါ” လို့ ပြောပါတယ်။သူ့ရဲ့တကယ် လက်တွေ့ဘဝမှာတော့ လက်ထပ်ခွင့်ပန်ရမယ့်သူမရှိသေးကြောင်းကို အလင်းရောင်က…

“တကယ်တော့ မရှိပါဘူး။ကျွန်တော်အခုနောက်ပိုင်းမှာ အချစ်ကို သီးသန့်ကြီးရှာလည်းရှာမနေဘူး။ကျွန် တော်ဒီအနုပညာပိုင်းဆိုင်ရာမှာ ပြန်လုပ်လာရတာ တစ်နှစ်ကျော်ကျော်လောက်ပဲရှိသေးတယ်။ကျွန်တော့်ရဲ့ ဒီအနုပညာပြေးလမ်းပေါ်မှာ နည်းနည်းအခက်ခဲတွေမဖြစ်စေချင်ဘူး။အဲဒီအတွက်ကြောင့်ရှောင်နေတယ်” လို့ လက်ရှိသူ့ရဲ့အချစ်ရေးအခြေအနေလေးကိုပါပြောပြခဲ့တာဖြစ်ပါတယ်။ အခုလတ်တလောမှာတော့ အလင်း ရောင်က ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)နဲ့ Sweet Cobra ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားမှာ သူကလူမိုက်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပြီး ဒီကာရိုက်တာအတွက် သူ့ မှာစိုးရိမ်စိတ်တွေရှိနေကြောင်းကို အလင်းရောင်က…

“ကျွန်တော်က လူမိုက်အနေနဲ့ သီရီမင်္ဂလာဈေးက ကားဆက်ကြေးကောက်တဲ့ ကောင်လေးနေရာကနေ သရုပ်ဆောင်ရမှာပါ။ ကာရိုက်တာအတွက်ကလည်း ကိုစတီးလ်က တစ်ကားလုံးအတွက် မိတ်ကပ်ကိုခေါ်ထား ပေး တယ်။ပြီးတော့ ကျွန်တော်လည်း ရုပ်ကျမယ်။ဒီကားမတိုင်ခင်ကတည်းကလည်း ဆံပင်ပုံစံတွေပြောင်းထားတယ်။ ရှေ့ပိုင်းမှာတော့ ဆံပင်အတုတွေသုံးမယ်။ ဒီဇာတ်ကားကကျွန်တော်အနေနဲ့ ဖိုက်တင်ပါပြီးတော့လူမိုက်ကောင် လေးအနေနဲ့ သရုပ်ဆောင်ရမှာ၊ ဒါပထမဆုံးပဲပေါ့နော်။ပထမဆုံး ကားဆိုတော့ ရင်လည်းခုန်တယ်။ နောက်တစ်ခုက အဲဒီကာရိုက်တာရောက်ပါ့မလားဆိုပြီး စိုးရိမ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071