Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesဘာသာဗေဒ နှင့် ကျွန်တော်...

ဘာသာဗေဒ နှင့် ကျွန်တော် (၁)

ဘာသာဗေဒဆိုသော ဘာသာ ရပ်နှင့် ကျွန်တော်ဘယ်လို ရေစက်ဆုံ ရသည်ဆိုသည့်အကြောင်းကို ပြော ဖို့စိတ်ကူးရလာခြင်းမှာ ကျွန်တော့် မိတ်ဆွေကြီး ဆရာဦးအံ့ကျော်ကို အကြောင်းပြု၍ ဖြစ်ပါသည်။ လွန်ခဲ့သောလက ဆရာဦးအံ့ကျော် က မော်လမြိုင်ကနေပြီး ကျွန်တော့် ဆီကို ဖုန်းဆက်သည်။ စာအုပ် တစ်အုပ် နာမည်ပြောပြပြီး ”အဲဒီ စာအုပ် ခင်ဗျားလိုချင်တယ်မဟုတ် လား။ ကျွန်တော်က ကိုယ်ချင်းစာ ပါတယ်။ မကြာခင် ကျွန်တော်ရန်ကုန် လာမယ်။ ခင်ဗျားဖို့ အဲဒီစာအုပ်ယူခဲ့ မယ်” ဟု ပြောသည်။ ကျွန်တော်က ‘ဝမ်းသာပါတယ်ဆရာ။ ကျေးဇူး လည်းတင်ပါတယ်”ဟု ပြန်ပြောလိုက် သည်။

ဆရာဦးအံ့ကျော်ရောက်လာ တော့ သူမိတ္တူကူးလာသော စာအုပ် ကျွန်တော့်ကို ပေးသည်။ စာအုပ် မှာ ကျွန်တော်အမြတ်တနိုး သိမ်း ထားခဲ့ပြီး တပည့်ကျောင်းသားတစ် ယောက်ကို ငှားမိရာမှ ပြန်မရတော့ သော စာအုပ်ဖြစ်သည်။ စာအုပ် နာမည်က ဗိုလ်ဗကို၏ ယေး တက္ကသိုလ်ခရီးသည် ဖြစ်သည်။ ကျွန်တော်က ထိုစာအုပ် ပြန်မရ၍ အလွန်နှမြောမိကြောင်း ဆောင်းပါး တစ်ပုဒ်တွင် ထည့်ရေးဖူးရာ ဆရာ ဦးအံ့ကျော်ဖတ်မိ၍ စာအုပ်သမား ချင်း ကိုယ်ချင်းစာသောစိတ်ဖြင့် သူ့ မှာရှိသောထိုစာအုပ်ကို တကူးတက မိတ္တူကူး၍ ကျွန်တော့်ကို လက်ဆောင် ပေးခြင်းဖြစ်ပါသည်။ ‘ဆရာအံ့’ ကို များစွာကျေးဇူးတင်နေပါသည်။

ဘာသာဗေဒ (Linguistics) ဆိုသော ဝေါဟာရကို ကျွန်တော်စပြီး တွေ့ဖူးသည်မှာယခုပြောနေသော ယေးတက္ကသိုလ်ခရီးသည် စာအုပ်မှာ ဖြစ်ပါသည်။ ထိုစာအုပ်ဝယ်ခဲ့ပုံက လေးကိုလည်း အမှတ်တရ ဖြစ်နေပါ သည်။ ထိုစာအုပ်မှာ ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ရှုမဝစာအုပ်တိုက် ကပုံနှိပ်သော စာအုပ်ဖြစ်သည်။ ထို အချိန်က ကျွန်တော့်မှာ ဆယ်တန်း အောင်ပြီး တက္ကသိုလ် ပထမနှစ် (ဥပ စာတန်း)တက်နေချိန်ဖြစ်သည်။ အား လပ်ရက် တစ်ရက်တွင် မြို့ထဲသို့ သွားရင်း စာအုပ်ဆိုင်တစ်ဆိုင်မှာ ထို စာအုပ်ကို တွေ့လိုက်သည်။ အမှတ် တရတစ်ခုမှာ စာအုပ်နောက်ကျောဖုံး တွင် ‘တစ်အုပ် ၁ ကျပ်’ဟု စာအုပ် တန်ဖိုးကို ဖော်ပြထားခြင်းဖြစ်သည်။ ထိုအချိန်က ထိုစာအုပ်အရွယ် လုံး ချင်းဝတÄုများ၏ ပုံမှန်တန်ဖိုးမှာ ၂ ကျပ်ဖြစ်သည်။ ထိုစာအုပ်ကို ၁ ကျပ် နှင့် ရောင်းသည်ဆိုတော့ အလွန်ဈေး သက်သာသည်။ စာအုပ်ကိုဝယ်ပြီး အိမ်ပြန်ရောက်တော့ ချက်ချင်းဖတ် လိုက်သည်။ အမေရိကန် ပြည် ထောင်စု ယေးတက္ကသိုလ်သို့ ဘာသာ ဗေဒပညာရပ် သွားရောက်သင်ယူခဲ့ သော ဆရာဗိုလ်ဗကို၏ အတွေ့အကြုံ များမှာ အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။ စာအုပ်ဖတ်ပြီးပြီး ချင်း လူငယ်တစ်ယောက်အနေနှင့် အင်အားသစ်တွေ တိုးပွားလာသလို စိတ်ထဲမှာ ခံစားလိုက်ရပါသည်။

ဆရာဗိုလ်ဗကိုသည် ယေးတက္က သိုလ်မှ ဘာသာဗေဒပညာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ရခဲ့သော ပညာရှင် ဖြစ်သည်။ ကျွန်တော်သတိပြုမိ သလောက် ကိုလိုနီခေတ်တွင် ဆရာ ကြီးဦးဖေမောင်တင်နှင့် ဆရာကြီး ဦးဝန်တို့သည် ဘာသာဗေဒနှင့် ထိတွေ့ခဲ့ရသော ပညာရှင်များဖြစ် သည်။ လွတ်လပ်ရေးရပြီးနောက်တွင် ဆရာ ဗိုလ်ဗကိုသည် ဘာသာဗေဒဖြင့် ဦးဦးဖျားဖျား မဟာဘွဲ့ရခဲ့သော ဘာသာဗေဒပညာရှင် ဖြစ်ပါသည်။ ထိုစာအုပ်ကိုဖတ်ပြီးနောက် ဘာသာ စကားများကို သိပ္ပံနည်းကျ လေ့လာ သော ဘာသာဗေဒပညာရပ် အကြောင်း ရိပ်ဖမ်းသံဖမ်းမျှ သိခဲ့ရပါ သည်။ မြန်မာဘာသာစကားကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပုံအကြောင်း လည်း သိရပါသည်။ ဘာသာဗေဒ ပညာရပ်နှင့်တော့ ထိတွေ့ခွင့် မရ သေးပါ။

ကျွန်တော်၏ စာဖတ်သက် တစ်လျှောက်တွင်မြန်မာစာပေဆိုင် ရာ စာများကိုလည်း ဖတ်ပါသည်။ မြန်မာဘာသာစကားဆိုင်ရာ စာများ ကိုလည်း ဖတ်ပါသည်။ နောက်ထပ် သတိရသည်မှာ ၁၉၅ဝ ပြည့်နှစ်ကျော် ကာလက လစဉ်ပုံမှန်ထုတ်ဝေသော ယဉ်ကျေးမှုစာစောင်များမှ ဘာသာ စကားဆိုင်ရာစာများကို ငယ်စဉ်က ပင် သတိပြုမိပါသည်။ ဆရာကြီး ဦးဖိုးလတ်တို့ ဆရာကြီး ဦးသာမြတ် တို့၏ မြန်မာစကားအကြောင်း ဆောင်းပါးများကို ထိတွေ့ခဲ့ပါသည်။ သို့သော် ကျွန်တော်၏အသက်အရွယ် အရ ထိုစာများကို နားလည်နိုင်စွမ်း မရှိခဲ့ပါ။ အလယ်တန်းကျောင်းသား ဘဝက စာကြည့်တိုက်မှူး လုပ်ရစဉ် ကျောင်းစာကြည့်တိုက်အတွက် ယဉ်ကျေးမှုစာစောင်များ လစဉ်ပုံမှန် ဝယ်ခဲ့ပါသည်။ တစ်အုပ် ၁ ကျပ်ဖြစ် ပါသည်။ ဘာသာစကားဆိုင်ရာ အကြောင်းအရာများကို ထဲထဲဝင်ဝင် မသိသေးသော်လည်း မြန်မာအက္ခရာ သမိုင်းအကြောင်း၊ မြန်မာဝေါဟာရ များ၏ အဓိပ္ပါယ်အကြောင်း ဆောင်း ပါးခေါင်းစဉ်များကို မှတ်မိနေပါ သည်။ ဆရာဗိုလ်ဗကိုရေးသော ဘာသာဗေဒအကြောင်း ဆောင်းပါး တစ်စောင်၊ နှစ်စောင်လည်း တွေ့ဖူး ပါသည်။

မြန်မာဘာသာစကားကို စိတ် ဝင်စားလာအောင် ကျွန်တော့်စိတ် အာရုံကို ဆွဲဆောင်သော ဟောပြော ချက်များကို ထိုစဉ်က မြန်မာ့အသံ တွဲဖက်အစီအစဉ်ခေါ် အစီအစဉ်မှ ထုတ်လွှင့်သည်ကို စိတ်ဝင်တစား နားထောင်မိရာမှ ပို၍စိတ်ဝင်စားလာ ပါသည်။ ဆရာလှသမိန်၏ ဟော ပြောချက်များ ဖြစ်ပါသည်။ မြန်မာ စကားသံများ ပြောင်းလဲပုံအကြောင်း၊ မြန်မာစကားလုံးများ ဖွဲ့စည်းပုံ အကြောင်း၊ မြန်မာဘာသာစကားထဲ သို့ ဝင်ရောက်လာသော မွေးစား စကားလုံးများအကြောင်း စသည့် စိတ်ဝင်စားစရာများကို ဆရာက ၁၅ မိနစ်ခန့် အပတ်စဉ် ဟောပြောပါ သည်။ မကြာမီမှာပင် ဆရာလှသမိန် ၏ မြန်မာစာအရသာဆိုသော စာအုပ်တစ်အုပ် ဟံသာဝတီပုံနှိပ် တိုက်က ထုတ်ဝေသည်။ ၁၉၆ဝ ပြည့် နှစ်ကျော်ကာလကဖြစ်သည်။ ထို စာအုပ်ကလေးကို ဝယ်ဖတ်ရာက မြန်မာဘာသာစကားကို စနစ်တကျ လေ့လာစိစစ်ပုံများကို စိတ်ဝင်စား လာရပါသည်။ ဆရာလှသမိန်ကို ကျွန်တော်၏ ဘာသာစကားလေ့လာ မှုနှင့် ပတ်သက်၍ ဥာဏ်မျက်စိ ဖွင့် ပေးသော ဆရာတစ်ဦးအဖြစ် လေး စားမိပါသည်။

ပြန်စဉ်းစားကြည့်သောအခါ ကျွန်တော်သည် မြန်မာစာပေ အကြောင်းကိုရော၊ မြန်မာဘာသာ စကား အကြောင်းကိုပါ ဖတ်ရှု လေ့လာခဲ့သော်လည်း ကျွန်တော်၏စိတ်အာရုံက ဘာသာစကားဘက်သို့ ပို၍ တိမ်းညွှတ်မှုရှိကြောင်း သတိပြု မိပါသည်။ ပြန်သတိရမိသည့် အကြောင်း တစ်ခုမှာ ဂျာနယ်ကျော် မမလေး၏ သူလိုလူကို ဆယ်ကျော် သက်အရွယ်မှာ ဖတ်ခဲ့ရသည်။ ဦးချစ်မောင်က ဒေါ်မမလေးထံ ပေး ပို့သော စာများအကြောင်းတွင် တောင်သမန်လယ်စား မောင်ဖေငယ် ၏ တေးထပ်တစ်ပုဒ် ပါဝင်သည်ကို တွေ့ရခြင်းဖြစ်သည်။ ထိုတေးထပ် ကလေးကို စဖတ်ရစဉ်က အလွန် သဘောကျသည့်အတွက် ထိုစဉ် ကပင် အလွတ်ရအောင် ကျက်ထား လိုက်ပါသည်။ သဘောကျရခြင်းမှာ ရေးဖွဲ့သော အကြောင်းအရာထက် ကျွန်တော်တို့မြန်မာစာ သင်ပုန်းကြီး စသင်ရသည့်အရွယ်ကပင် ရွတ်ဆိုခဲ့ ရသော ဆင်တူအသံတွဲကလေးများ ကို လှလှပပ တွဲစပ်ရေး ဖွဲ့ထားသော ကြောင့်ဖြစ်ကြောင်း နားလည်လာ ရပါသည်။ တေးထပ်ကလေးကို ဖော် ပြလိုက်ပါသည်။

အတုလွန် တင် တင် တင့်
ယဉ် ယဉ် ယဥ့် တစ်ဆူ
ခင် ခင် ခင့်အမူ
မြင် မြင့် သူ မနော
ကြွေ ကြွေ ကြွေ့ ဝေ ဝေ့ ဝေတယ်
သေ သေ့ သေဇော ပြတ်လို့မော’ ဟု စအချီပြီး …
ရွှေ ရွှေ့ ရွှေ မှုံအသားနှင့်
တစ်ပါးဝင့် ကြန် ကြန့် ကြန်
ငါးပဉ္စ လျှံ
ပတ္တမြားမှန် မှန့် မှန်ငယ်
စံ စံ့ စံ စံရှားခင့်လေး”ဟု အဆုံးသတ်ထားပါသည်။ ဘာသာဗေ ဒပညာရှင်များက တက်ကျသံ (Tone) ဟုခေါ်သော ‘မြန်မာဘာသာစကား ၏ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သော အသံအနိမ့်အမြင့်သာ ကွဲသည်။ ထို အသံကလေးများက ကျွန်တော်၏ စိတ်အာရုံကို ဆွဲဆောင်ခဲ့သော ကြောင့် ထိုတေးထပ်ကလေးကို နှစ် သက်မိခြင်းဖြစ်ပါသည်။ ဘာသာ စကား၏အလှကို အာရုံတိမ်းညွှတ်မိ ခြင်းသည် ဘာသာစကား လေ့လာမှု ဘက်သို့ပို၍ တိမ်းညွှတ်သည့်သဘော ဖြစ်သည်ဟု ဆင်ခြင်သုံးသပ်မိပါ သည်။
ဘာသာဗေဒဆိုသော ပညာရပ် ကို လေ့လာဆည်းပူးခြင်း မပြုရသေး မီကာလကပင် ဘာသာစကားကို စိတ် ဝင်စားခဲ့သည့် ကျွန်တော့် အတွေ့ အကြုံဖြစ်ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071