ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ တော်တော်လေး ပီတိဖြစ်ပြီး ဂုဏ်ယူ တတ်လာတယ် စိုးသူ

0
167

တရားဓမ္မတွေကို နာကြားပြီး ဘာသာရေးတွေ အမြဲမပြတ်လုပ် ဆောင်လေ့ရှိတဲ့ သရုပ်ဆောင် စိုးသူက ပြင်ဦးလွင်မြို့မှာ ရှိတဲ့ ပါမောက္ခချုပ် ဆရာတော်ထံမှာ လည်း အဘိဓမ္မာသင်တန်းကို တက်ရောက်သင်ယူခဲ့ပါတယ်။ အဘိ ဓမ္မာကို သေချာသင်ကြားရတဲ့အခါ မှာတော့ ဘာသာရေးနဲ့ပတ်သက်ပြီး မသိတာတွေ များစွာရှိနေကြောင်း သိလာရတယ်လို့ ဆိုတဲ့ စိုးသူက….

“ထေရဝါဒဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ တော်တော်လေးလည်း ပီတိဖြစ်ပြီး ဂုဏ် ယူတတ်လာတယ်။ အရင်တုန်း က ထိခြင်းငါးပါးနဲ့ ကန်တော့ရတယ် လို့ သိထားတာ နဖူးရဲ့ထိခြင်း၊ လက်ဖျား နှစ်ဖက်ထိခြင်း၊ တံတောင် နှစ် ဘက်ထိခြင်း၊ ဒူးနှစ်ဖက်ထိခြင်း၊ ခြေဖျားနှစ်ဖက်ထိခြင်း၊ အခုတစ် ခေါက် ကျေးဇူးတော်ရှင် ပါမောက္ခ ချုပ်ဆရာတော်ကြီးဆီမှာ သွား ရောက်သင် တော့မှ ထိခြင်း ငါးပါး မဟုတ်ဘူး။ တိခြင်းငါးပါးနဲ့ ကန်တော့ရတယ်တဲ့။ မသိသေးတာ တွေ အများကြီးပဲ။ အဲဒီတော့မှ ဘာသာရေးနဲ့ပတ်သက် ပြီးငါ မသိသေးတာတွေ အများကြီးပဲဆို တာကို အခုမှသိတယ်။ နောက်ပြီး အယူအဆတွေမှာ ကိုယ်က ရေး တေးတေးလေး သိတာကို ပြန်ပြီး မျှဝေတယ်ဆိုရင် နာဦးထက်မှန် ငါသိသလို သိပြီးသားသူတွေလဲ ပြန်ပြီးနာဦးထက်မှန်ဖြစ်ပါစေ။ မသိသေးတဲ့သူတွေလည်း အကျိုးများ ပါစေဆိုတဲ့ စိတ်နဲ့ထားလိုက်ရင် ကုသိုလ်စိတ်ပေါ့။ မဟုတ်ရင် သူတို့မသိဘူး ငါသိတယ်ဆိုတဲ့ စိတ်နဲ့ ဆိုရင် အချိန်လည်း ကုန်သေးတယ်။ လေလည်းကုန်သေးတယ်။ ပြီးတော့ ကိုယ်က အကုသိုလ်ဖြစ်သွားတယ်။ မနှစ်ကမှ ဒါတွေကို ရေးတေးတေးသိ တယ်။ ဘာမှမသိသေးပါလား။

အဲဒါကြောင့် ဆရာတော်ဘုရားကြီးကို ကျေးဇူးတော်ရှင်လို့ခေါ်တယ်။ ဆရာမကြီးတွေ ဆရာတွေကျေးဇူး ကြီးတယ်။ မြတ်စွာဘုရားဆိုရင် ဘယ်လောက်ကြည်ညိုဖို့ ကောင်းလဲ” လို့ ဘာသာရေးကို သေချာစွာ သင်ကြားပေးတဲ့ ဆရာတော်နဲ့ ဆရာ ဆရာမကြီးတွေ ရဲ့ ကျေးဇူးကြီး မား ကြောင်း စိုးသူက ပြောပါတယ်။  အဘိဓမ္မာ သင်ကြားပြီးနောက်မှာ ခံစားရတဲ့စိတ်ခံစားချက်နဲ့ ပတ်သက် ပြီးတော့လည်း စိုးသူက “အရင်တုန်းက အဘိဓမ္မာ ဆို ရင် ဒီစာတွေက တကယ်လေးနက် တယ်။ တကယ်လည်း လေးနက်ပြီး အင်မတန်တန်ဖိုးရှိတယ်။ ဒါပေမဲ့ ဘာတွေလဲမသိဘူးလို့ထင်တာ။ တကယ့်တကယ်တမ်းကျ သတ္တဝါတွေ အကြောင်း၊ လူတွေအကြောင်း ဖြစ်နေတယ်။ နောက်တစ်ခု ဘာ ခံစားရလဲဆိုတော့ အခုအစ်ကို ရေး တေးတေးလေး သိတာကို စကားပြော တယ်။ ဘာနဲ့အလားသဏ္ဌာန်တူ လဲဆိုတော့ စပါးနှံတွေမှာ အဆန်ပြည့် ဝတဲ့ စပါးနှံတွေက  ညွှတ်နေတယ်။ အစ်ကို့လို ဘာမှအဆံမရှိဘဲနဲ့ အခွံပဲ ရှိတဲ့ ဘာမှမသိတဲ့လူက ထောင် ထောင် ထောင်ထောင်ဖြစ်ပြီးစကားတွေပြောနေတယ်။ တကယ်သိတဲ့ လူက မပြောတော့ဘူး” လို့ ပြောပါ တယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here