ဗုဒ္ဓ ဘာသာဝင်​တစ်​​ယောက်​အ​နေနဲ့ ဘုရားတရား​တွေလုပ်​ရင်း နူးညံ့သိမ်​​မွေ့စိတ်​ကိုပိုင်​ဆိုင်​နိုင်​​အောင်​ကြိုးစားသင့်​တယ်​ လင်းမြတ်

0
156

ဘာသာ​ရေးကိုဘိုးဘွားအစဉ်​အဆက်​က​နေ မိရိုးဖလာအစဉ်​အလာအဖြစ်​ ယုံကြည်​ကိုးကွယ်​လာခြင်းပဲဖြစ်​ဖြစ်​ မိမိကိုယ်​တိုင်​​လေ့လာသိရှိကျင့်​ကြံအားထုတ်​ပွားများရင်း အထွတ်​အမြတ်​ထားကာ ယုံကြည်​ကိုးကွယ်​ခြင်းပဲဖြစ်​ဖြစ်​ လူသားတို့ရဲ့စိတ်​ပိုင်းဆိုင်​ရာ သိမ်​​မွေ့နူးညံ့​​စေပြီး ရုပ်​ပိုင်းဆိုင်​ရာဖြူစင်​ကြယ်​​စေပါတယ်​။ ဒီ​နေ့မြန်​မာနိုင်​ငံမှာ ဗုဒ္ဓ ဘာသာတရားရဲ့အဆုံးအမ​အောက်​မှာ ဘာသာ​ရေးလုပ်​ငန်း​တွေမှာ လူငယ်​​တွေအ​လေးအမြတ်​ထားကာ တစ်​ခဲနက်​ပါဝင်​ရိပ်​ခိုကုသိုလ်​ပြုလာကြကာကျင့်​ကြံပွားများအားထုတ်​လာကြတာဂုဏ်​ယူဖွယ်​​ကောင်းတာမို့လူငယ်​သရုပ်​​ဆောင်​လင်းမြတ်​ရဲ့ဗုဒ္ဓဘာသာတရားအ​ပေါ်သက်​ဝင်​ယုံကြည်​မှုနဲ့ဘာသာတရားရဲ့အနှစ်​သာရဖွင့်​ဆိုပြမှုစကားသံ​တွေကိုထပ်​ဆင့်​သာဓု​ခေါ်ဆိုနိုင်​ဖို့​ဖော်​ပြ​ပေးလိုက်​ရပါတယ်​။

နေ့စဉ်ဘုရားရှိပြီးငါးပါးသီလခံယူတယ်

ကျွန်တော်နေ့စဉ်ဘုရားရှိခိုးတယ်။ သြကာသရှိခိုးပြီး ငါးပါးသီလခံယူတယ်။ ပြီးရင်မေတ္တာပို့အမျှဝေတယ်။ တရားကတော့တစ်ခါတလေမှထိုင်ဖြစ်တယ်။ တစ်နေကုန်အားနေရင်အားသလို သရဏဂုံရွတ်တယ်။ ဘုရားရှိခိုးပြီးရင်တော့ စိတ်ထဲပေါ့ပါးသွားတယ်။ ဘုရားမရှိခိုးရသေးရင် တစ်ခုခုလိုနေသလို အမြဲဖြစ်တယ်။ ဒါကြောင့်နေ့စဉ်တိုင်းဘုရားရှိခိုးပြီး အေးချမ်းအောင်ပြုလုပ်တယ်။ အမျှဝေပေးတယ်။ မေတ္တာပို့ပေးတာတွေ လုပ်ဖြစ်တယ်။

ဗုဒ္ဓဘာသာဝင်​တစ်​​ယောက်ဖြစ်ရတာဂုဏ်ယူတယ်

ကျွန်တော်ဗုဒ္ဓဘာသာဝင်​တစ်​​ယောက်ဖြစ်ရတဲ့အတွက် အလွန်ဂုဏ်ယူမိတယ်။ ဗုဒ္ဓဘာသာကိုလည်းလေ့လာဖြစ်တယ်။ ဗုဒ္ဓဘာသာ ကိုသက်ဝင်ယုံကြည်တယ်ဆိုတာကတော့ ဘုရားအဆုံးအမအတိုင်း ကိုယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်။ ကံ ကံ၏အကျိုးကိုလည်းယုံတယ်။ လူတိုင်းကကိုယ်ပြုတဲ့ကံကိုယ့်ထံပြန်လာဆိုတဲ့အတိုင်းမကောင်းမှုပြုလုပ်သူတွေက မကောင်းတာခံရတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဘုရားတရားတွေလုပ်ရင်း နူးညံ့သိမ်မွေ့တဲ့စိတ်ကို ပိုင်ဆိုင်နိုင်အောင်ကြိုးစားသင့်တယ်။

အခုခေတ်လူငယ်တွေကိုလည်း ဘုရားရှိခိုးဖို့တိုက်တွန်းချင်ပါတယ် 

အခုခေတ်လူငယ်တွေကို ဘုရားရှိခိုးဖို့လဲတိုက်တွန်းချင်ပါတယ်။ အဲ့ဒီတိုက်တွန်းမှုထက် ဘာသာတရားရဲ့ အဆုံးအမတွေကိုယုံကြည်ဖို့ ကြိုးစားအားထုတ်ဖို့နဲ့ သတ္တ၀ါတွေကို ကိုယ်ချင်းစာတတ်ဖို့ ၊ အစွန်းမရောက်ဖို့အတွက်တိုက်တွန်းချင်ပါတယ်။ တစ်ချို့ဘုရားတရားလုပ်တဲ့လူငယ်တွေလည်းရှိပါတယ်။ ဘုရားတရားနဲ့ပတ်သက်ပြီး ကြီးကြီးမားမား မလုပ်ဖြစ်ရင်တော့နေ့စဉ်ဘုရားရှိခိုးတာလေးတွေတော့လုပ်သင့်တယ်။ အနည်းဆုံးတစ်နေ့ကိုတစ်ကြိမ်လောက်ဖြစ်ဖြစ်ရှိခိုးသင့်တယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here