Thursday, May 14, 2026

Build-Smart & Biggest Myanmar...

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် (MCEF) ၏ နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် “Build-Smart & Biggest Myanmar Production...

လွိုင်လင်မြို့နယ်အတွင်းမှ ကျေးရွာများအတွက် အိမ်သုံးဆိုလာ အစုံ...

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် အိမ်သုံးဆိုလာအစုံ ၂၅၀ ကို ဒေသခံတိုင်းရင်းသားပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ လွိုင်လင်မြို့နယ် ဆနင်းကျေးရွာအုပ်စု နားဟီးကျေးရွာအတွက် အိမ်သုံးဆိုလာ...

ဌက်အော်စမ်းလူငယ်သင်တန်း‌ကျောင်းတွင် လူငယ် ၄၀၉ ဦးကို...

ကလေးများသည် အနာဂတ်ကို ပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန် ဒုဝန်​ကြီးပြော ရန်ကုန်တိုင်းဒေသကြီး ဌက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင်း လူငယ် (၄၀၉) ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။ ကော့မှူးမြို့နယ် ဌက်အော်စမ်းသင်တန်းကျောင်းတွင် ...

လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန်...

လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန် အသိပညာပေးမှုကာလ တစ်ပတ်တိုးမြှင့်ပေးထားကြောင်း သိရသည်။ အသိပညာ‌ပေးမှုကို မေ ၇ ရက်က စတင်၍ တစ်ပတ်ပြုလုပ်ခဲ့ပြီးနောက် ယနေ့...
HomeArticlesလွမ်းရတဲ့ညလေးတွေ

လွမ်းရတဲ့ညလေးတွေ

ပြော ရရင် ခုနှစ်နဲ့ ရက်လတွေ တော့ မမှတ်မိတော့ပါဘူး။ ဆိုကြပါစို့ ရဲ့။ ကျွန်တော်တို့ ၅၄ဝ နတ်ဝင်းရပ် ထဲမှာ မင်းသားအောင်ဝင်းတင် မန္တလေးဇာတ်အဖွဲ့ဆိုပြီး ဖွဲ့စည်း တည်ထောင်လိုက်တဲ့ ဇာတ်တစ်ဖွဲ့ရှိခဲ့ တယ်။ အဲဒီမင်းသား အောင်ဝင်းတင် ဆိုတဲ့ လူရဲ့အရပ်အခေါ် နာမည်ရှိ တယ်။ နာမည်က ဖိုးတင့်ဆန်းလို့ ခေါ်တယ်။ ကျွန်တော့်အစ်ကိုအရွယ် ဆိုပေမယ့် ငယ်စဉ်ကတည်းက သူများ တစ်တွေခေါ်သလို ဖိုးတင့်ဆန်းလို့ ခေါ်နေကြတော့ နှုတ်ကျိုးနေလို့ ပြင်မရလို့လည်း ပါပါတယ်။ ခွင့်လွှတ် ပါ။ ရရင် ခုနှစ်နဲ့ ရက်လတွေ တော့ မမှတ်မိတော့ပါဘူး။ ဆိုကြပါစို့ ရဲ့။ ကျွန်တော်တို့ ၅၄ဝ နတ်ဝင်းရပ် ထဲမှာ မင်းသားအောင်ဝင်းတင် မန္တလေးဇာတ်အဖွဲ့ဆိုပြီး ဖွဲ့စည်း တည်ထောင်လိုက်တဲ့ ဇာတ်တစ်ဖွဲ့ရှိခဲ့ တယ်။ အဲဒီမင်းသား အောင်ဝင်းတင် ဆိုတဲ့ လူရဲ့အရပ်အခေါ် နာမည်ရှိ တယ်။

နာမည်က ဖိုးတင့်ဆန်းလို့ ခေါ်တယ်။ ကျွန်တော့်အစ်ကိုအရွယ် ဆိုပေမယ့် ငယ်စဉ်ကတည်းက သူများ တစ်တွေခေါ်သလို ဖိုးတင့်ဆန်းလို့ ခေါ်နေကြတော့ နှုတ်ကျိုးနေလို့ ပြင်မရလို့လည်း ပါပါတယ်။ ခွင့်လွှတ် ပါ။  အဲဒီမင်းသား အောင်ဝင်းတင် က ခင်မင်ဖို့ကောင်းသလို စတတ်၊ နောက်တတ်တယ်။ ပျော်တတ်သူဖြစ် လို့ ကျွန်တော်တို့ နတ်ဝင်းရပ် လူကြီး လူငယ်တွေရဲ့ အချစ်တော်တစ်ဦးပါ။ မင်းသားအောင်ဝင်းတင်ရဲ့အဖေ ဘကြီးဦးသောင်းထွန်းကလည်း ရပ်မိ ရပ်ဖတစ်ဦးဖြစ်သလို ၅၄ဝ နတ်ဝင်း  တစ်ရပ်လုံးကလည်း မုံရွာခရိုင်၊ အရာတော်မြို့နယ်ထဲက ညောင်ခြေ ထောက်ရွာ အနွယ်တော်တွေမို့ ချစ် ချစ်ခင်ခင်နဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင် ကြတာ တစ်အိမ်နဲ့တစ်အိမ် ရန်ဖြစ် တယ်လို့လည်း မကြားခဲ့ပါဘူး။  အဲ အဲ အဲဒီမင်းသားအောင်ဝင်း တင် မန္တလေးဇာတ်အဖွဲ့ဆိုပြီး ဇာတ် ထောင်တဲ့အချိန်တုန်းက မန္တလေး သိန်းဇော်ဇာတ်အဖွဲ့တောင်မှ မရှိ သေးဘူး။

တော်တော်စောတယ်။ ကျွန်တော်ကလည်း ငယ်သေးတော့ ခုနှစ်တောင်မှ မမှတ်မိခဲ့ဘူးဗျ။  တစ်ရက်မှာတော့ မင်းသား အောင်ဝင်းတင် မန္တလေးဇာတ်ပွဲ သေတ္တာဖွင့်ပွဲဆိုပြီး ၂ ည ကပြပါ တယ်။ ဇာတ်ကမယ့်နေရာက ၈၁၊ ၈၂ လမ်းကြား၊ ၃၆ လမ်း၊ ဆန်တန်း အနောက်ထိပ် ၈၂ လမ်းထောင့်မှာလို့ ပြောရမှာပေါ့။ ကျွန်တော်တို့အရပ် အခေါ် ဆီစက်ပေါက်လို့လည်း ခေါ် ရမယ်။ မင်းသားအောင်ဝင်းတင်က ကိုယ့် အရပ်သားမို့၊ သူ့အဖေဘကြီး ဦးသောင်းထွန်းရဲ့ မျက်နှာလည်း ပါသေးတယ်။ ပြောရရင် တော်တော့် ကို စည်ပါတယ်။ ည ၉နာရီ ပွဲစထွက် တော့ ထုံးစံအတိုင်း ပရိသတ်က မငြိမ်သေးဘူး။ ဆူပွက်နေကြတယ်။

ပရိသတ်ကလည်း ပွဲငတ်နေကြတာ ဆိုတော့အပျိုတော်ထွက်ပြီးတောင်မှ ဆူညံနေသေးတာ။  ပွဲကော်မတီက ငြိမ်ပေးကြပါလို့ မိုက်နဲ့အော်ပြီး သတိပေးနေရတယ်။  အပျိုတော်ထွက်အပြီး မင်းသား ယိမ်းမကခင် ဇာတ်လမိုင်းတင်တဲ့ အနေနဲ့ နတ်ကနားပေးတယ်။ နောက်မှ မင်းသားယိမ်း၊ ပြီးတော့မှ အများမျှော်လင့်နေတဲ့ မင်းသားကြီး  အောင်မြစိန်နဲ့ မင်းသမီးကြီး မမညွှန့် ရီတို့နဲ့ ‘ဇော်ဂျီနဲ့ သူယောင်မယ်’၊ အော်ပရတင်ဆက်ကပြပါတယ်။ မင်းသမီးကြီး မမညွှန့်ရီက ကျွန်တော် တို့အရပ်ကပါပဲ။  အဲဒီ ‘ဖေဇော်ဂျီနဲ့ သူယောင် မယ်+ အော်ပရာမထွက်ခင်ကတည်း က ဖေဇော်ဂျီ ပျံဝဲဖို့အတွက် လိုက် ကာကြားမှာ စက်သီးကြိုးဆင်ရင်း၊ မင်းသားကြီးနဲ့ သူ့အဖွဲ့က ပါးစပ် တီးလုံး တိုက်နေကြတာပေါ့။  “တုတ်ကြီးနဲ့ ကျောက်ဒိုးတို့ အဖွဲ့က ငါ့ကိုကြည့်ထား၊ ငါသီချင်း ဆိုပြီးတော့ လက်မြှောက်ပြလိုက် မယ်။ အဲဒါမြင်ရင် စက်သီးကြိုးကို ဆွဲတင်ကြ၊ ဆောင့်ပြီးမဆွဲနဲ့။ သတိနဲ့ တစ်ပြိုင်နက်ဆွဲ ကြားရဲ့လား ဟေ့ ကောင်တွေ”မင်းသားကြီးက တပည့်တွေကို ပါးစပ်အမြုပ်ထွက်အောင် မှာနေတာ။ “ဟုတ်ကဲ့ဆရာ ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ။ စိတ်ချဆရာ စိတ်ချပါ သိပါတယ် ဆရာ”ဆိုပြီး ပုတ်သင်ညို အဖေခေါ် လောက်အောင် ခေါင်းတညိတ်ညိတ် နဲ့ အာမဘန္တေခံနေလိုက်ကြတာများ မြင်စေ့ချင်တယ်ဗျာ။ မင်းသားကြီး အောင်မြစိန် စိတ်မချတာလည်း မပြောနဲ့လေ။ ဇော်ကကြိုးဆွဲမယ့် တပည့်တွေက အရက်နံ့ တသင်းသင်း နဲ့။

“လွမ်းလေစရာ့နှော်ဗျာ xxx ဟိုင်မြိုင်လယ်မှာxxx စပ္ပါယ်ကို xxx တဝယ်ခပါလို့ ထထထ  (ဒေါလေ လေ ထထထ  နာက)၂ ဒေါနက xxx သင်းတယ် ထထထ  လေး xxx ၃” အချိန်ကျလို့ ဆိုင်းချက်စလိုက် တယ်ဆိုရင်ပဲ မင်းသားကြီး အောင်မြ စိန်က ဇော်သီချင်းတစ်ပိုဒ်ကို အသံ နေအသံထားနဲ့ အော်ဆိုလိုက်တယ်။ သီချင်းသံဆုံးတော့ ကတ္တီပါ ကား လိပ်ကို ဆွဲမလိုက်တော့ အနီရောင် ဆလိုက်မီးနဲ့ ရဲရဲတောက်နေတဲ့ ဇော် အဝတ်အစားနဲ့ လူတစ်ယောက်ပြေး ထွက်လာတယ်။ ပွဲကြည့်ပရိသတ်က မင်းသားကြီး အောင်မြစိန်လား၊ ငါ့တူလေးလား၊ ငါ့သူငယ်ချင်းလား ရယ်လို့ အကဲခတ်ကြည့်နေတာ။

မင်းသားကြီးနဲ့ မင်းသားလေးက အရပ်အမောင်းအတူတူဆိုတော့ ပရိသတ်က ညပိုင်းမို့ ခွဲရခက်နေကြ တယ်။ ဇော်ဂျီက တပည့်တွေကို ကြို တင်ပါးစပ်တီးလုံးတိုက်ထားတဲ့      အတိုင်း  အတိအကျ။ အချက်ပြလိုက် တော့ ဝီးခနဲ ဝီးခနဲ ဆွဲတင်လိုက်၊ ကောင်းကင်ပေါ်ပျံလိုက်၊ ဝေါခနဲ စက်သီးကြိုးကို လျှော့ပြီးအောက်ချ လိုက်နဲ့။ ဆိုင်းချက်ညီညီ၊ တေးသွား ညီညီသီဆိုတော့ ပရိသတ်နဲ့ဇော်ဂျီအက အလွန်ပနံရနေလိုက်တာ လက်ခုပ် သံတဖြောင်းဖြောင်း၊ ညောင်ခြေ ထောက်ရွာသားအနွယ်တော်တွေဆို တော့ လက်ခေါက်မှုတ်သံ တရွှီရွှီနဲ့ ဗျို့။ အားပေးသံတွေများ ကြားစေချင် တယ်။  သူယောင်မယ်မင်းသမီးကြီး မမ ညွှန့်ရီကလည်း တိုင်ဖုံးအကွယ်ကနေ အရံသင့်စောင့်နေတာ။ ဇော်ဂျီက အထက်အောက် ဝဲပျံပြီး သူယောင် သီးပင်နား ရောက်လာတော့ သူ ယောင်မယ်နဲ့ ပျော်ပါးချင်တယ်လို့ ပြောပြီး အပင်ကိုလက်ထဲက တောင် ဝှေးနဲ့ လှမ်းထိုးလိုက်တယ်။

အော်ပဒါစလို့ ဇော်ဂျီသီချင်းဆို ကတည်းက ရေနံဆီပုလင်းနဲ့ ဓာတ် မီးခြစ်ကိုင်ပြီး လူကြမ်းမြမောင်ကြီး က အရန်သင့်စောင့်နေတော့ ဇော်ဂျီ ကလည်း ပြောပြောဆိုဆို တောင်ဝှေး နဲ့ လှမ်းထိုးလိုက်၊ လူကြမ်းမြမောင် ကြီးက ပုလင်းထဲက ရေနံဆီကို ပါးစပ်ထဲငုံပြီး၊ ဓာတ်မီးခြစ်ကို ဂျစ် ခနဲခြစ်လို့ မီးတောက်ကို ဖွီးခနဲ မှုတ်ထုတ်လိုက်တော့ ကားတိုင်ကွယ် ကြားက မီးလုံးကြီးများ ဝုန်းခနဲ လွင့်သွားတယ်။ ကျွန်တော်တို့ ကလေး ၅ ယောက်လည်း လန့်ဖျပ် သွားပြီး ရင်ကိုတုန်သွားတယ်။  မီးလုံးကြီးလည်း ဝုန်းခနဲ မှုတ် ထုတ်လိုက်ပြီး သူယောင်မယ် မမ ညွှန့်ရီက အပြေးကလေး ထွက်သွား တယ်။ ဇော်ဂျီနဲ့တွေ့ပြီး ချစ်တင်း စကားနှောတယ်။

နှစ်ပါးသွားလို တွဲကတယ်။ တွဲကလို့အားရတော့ ဇော်ဂျီက တောင်ဝှေးနဲ့ သူယောင် မယ်ကို ထိုးဟန်ပြုလိုက်တယ်။ စော စောက မီးလုံးမှုတ်တဲ့ လူကြမ်းမြ မောင်ကြီးက နောက်တစ်ခါ မီးလုံး မှုတ်ထုတ်လိုက်တော့ သူယောင်မယ် မင်းသမီး မမညွှန့်ရီအပြေးကလေး  နဲ့ ဝင်လာတယ်။ သူယောင်မယ် ပျောက်သွားပြီပေါ့။ ဇာတ်လမ်းအရ ကျွန်တော်တို့ကလေး ၅ယောက် လည်း စောစောက လူကြမ်းဦးမြ မောင်ကြီး ကြိုတင်ပြောထားတော့ မင်းသမီးပြေးမဝင်လာခင်ကတည်း က ကြိုပြီးလမ်းဖယ်ထားတယ်။ ပြေး ဝင်လာတော့ အိုကေပေါ့။  “ဇော်ဆို ဇော်ချင်း၊ ဇော်ချင်းမို့ ကြောက်ဖက်ခွာ၊ ဇော်တကာတွင် ခေါင်က ချုပ်တယ်။

ဂျီတကာတွင် ခေါင်ကချုပ်တယ်၊ ဂိုဏ်းချုပ်ဟဲ့ လာ” xxxဇော်ရောင်ထ ဂျီယောင်ထထ ဆေးကြိတ်တဲ့တောင် ထထ (ဇော်ရောင် xx ဂျီယောင်xx)၂ ဆေးကြိတ်တဲ့ မောင် ထထ ကိုင်ဆောင်တောင်ဝှေး xx လို xလိုရာသွေးxx နုဆေးxx ဆေး လေး xx ကြိတ်မယ် xx ကြိတ်မယ် လာ ထထ ဖိုလ်လေး x ထိုးမယ် x ထိုးမယ်လား၂ ဇော်ဂျီ နောက်တစ်ကျော့ ကောင်းကင်ယံကို ပြေးတက်မယ့် ဇော်သီချင်းတစ်ပိုဒ် သီဆိုလိုက်ပြန် တယ်။ မင်းသားကြီးအောင်မြစိန်ရဲ့ ဇော်သီချင်းကို အသံဝါဝါကြီးနဲ့ ဟစ် ဆိုဖွင့်ဆိုသံက ကြားရသူတိုင်းရဲ့ ရွှေဘဝင်မှာ တည့်တည့်ကြီး မှန်သွား တယ်။ နှဲသံ၊ လင်းကွင်းသံ၊ စည်တို သံ၊ ဒိုးသံ၊ ဝါးလက်ခုပ်သံ၊ ပတ်မကြီး သံတွေ၊ မောင်းသံကြီး၊ ငယ်၊ လတ်၊ အသံစုံတွေက အလွန်မြူးကြွနေ တယ်။ စိတ်ပါလက်ပါနဲ့ မြိုင်မြိုင် ဆိုင်ဆိုင် တီးကြတယ်။  မင်းသားကြီးရဲ့ ရင်ဘတ်ထဲက ခံစားမှုတစ်ခုလုံးက ဇော်သီချင်းက တစ်ဆင့် ဇော်ဂျီရဲ့ ရင်ထဲကို ဇော် ဝိဥာဏ်တွေ စီးဆင်းဝင်စားလို့ မင်း သားကြီးတစ်ယောက် တုန်ယင်နေ တယ်။

အနုပညာ စီးမျှောမှု၊ ခံစား မှုတွေ အသက်တစ်မျှပါပဲ။  သီချင်းလည်းဆုံးသွားရော ဆိုင်းအဖွဲ့ကလည်း ဗိန်းမောင်းတိုက်၊ ကတ္တီပါအနီရောင်ကားလိပ်ကလည်း အဖွင့်လိုက်၊ ကိုယ်ကိုယိမ်းလို့ တိုင် ကွယ်ကြားက ဇော်ကကြိုးဆွဲမယ့် တပည့်တွေကို အချက်ပြတဲ့ အကြည့် နဲ့ လှမ်းကြည့်လိုက်တော့ တပည့်တွေ က တစ်ပြိုင်နက် အဆွဲလိုက်၊ ပွဲကြည့် ပရိသတ်ကလည်း လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ လက်ခေါက်တွေ လည်း မှုတ်ကြနဲ့၊ မင်းသားကြီးရဲ့ ဇော်ဂျီက ကောင်းကင်ပေါ် ဝဲပျံတက် သွားတာကိုလည်း အလွန့်အလွန် ကြည့်ကောင်းတာပဲ။ ဇော်ဂျီ အစစ် လို့တောင် ထင်မိတယ်။  အနုပညာခံစားမှုတွေကို အား လုံးက တစ်ပြိုင်နက် ဖွင့်ချလိုက်တဲ့ အဲဒီညမျိုးကိုတော့ ကျွန်တော့်တစ် သက် မကြုံဆုံခဲ့ပါဘူး။ တကယ့်ကို အမှတ်တရ ညပါပဲ။

(xx ဇော်ရောင်ဂျီယောင် ထထ ဆေးကြိတ်တဲ့တောင်xx)၂ ကိုင် ဆောင်တောင်ဝှေး ထထ လို ထထ လိုရာ သွေး xx နုဆေး xx ဆေးလေး xxx ကြိတ်မယ်ထထ ကြိတ်မယ်လာxx ဖိုလ် လေးထ ထိုးမယ် ထိုးမယ်လာxx )၂ ဇော်ယောင် xx ဂျီယောင် xx ဆေး ကြိတ်တဲ့တောင်ထထထ  အထက်ကနေ ပျံဝဲရင်း ဇော်ဂျီ က အောင်ပြန်ဆင်းတယ်။ ဇော် သီချင်းတစ်ပိုဒ်ကို မင်းသားကြီး အော် ဆိုလိုက်ပြန်တယ်။ သီချင်းသံနဲ့ ဆိုင်း သံက ကပ်ပါနေတာ။ ပရိသတ် ကလည်း ဇော်ဂျီရဲ့ ကောင်းကင်ယံ ဝဲပျံတဲ့ကကွက်ကို အထူးစိတ်ဝင်စား နေတယ်။ တိုင်ကြားက တပည့်ကျော် တုတ်ကြီးနဲ့ ကျောက်ဒိုးတို့အဖွဲ့က မင်းသားကြီးရဲ့ အချက်ပြကိုကြည့် နေကြတယ်။ ဒီတစ်ခါ အကောင်းဆုံး နဲ့ ပျံဝဲပြီးရင် အိုကေပဲ။ ကားဆွဲ ဆရာကို ပျံဝဲနေချိန် ကားလိပ်ချဖို့ ကြိုပြောထားတယ်။ ဟော ဟော။

သူတို့ဆရာ မင်းသားကြီးက အချက်ပြတဲ့အနေနဲ့ လှမ်းကြည့်လိုက် တော့ တပည့်ကျော်အဖွဲ့က စက်သီး ကြိုးကို အလိုက်တသိနဲ့ ဆောင့်ဆွဲ တင်လိုက်တယ်။ ကံကောင်းချင်ရင် တော့ စောစောကလိုပဲ ဆောင့်ဆွဲတင် လိုက်တာက ဇော်ဂျီမင်းသားကြီး ကောင်းကင်ပေါ် ပျံဝဲအတက် ဟန် ချက်မညီတော့ ကြိုးကစက်သီးကြား ထဲ ချော်ကျပြီး ညှပ်သွားပါလေရော ဗျာ။  ဆိုင်းဆရာ၊ ရွာစားအဖွဲ့က လည်း မတိမ်းမစောင်း၊ ဗိန်းမောင်း တိုက်လို့။ ပွဲကြိုက်သူပရိသတ်က လည်း ဘာအားပေးသလဲမမေးနဲ့။ လက်ခုပ်သံတဖြောင်းဖြောင်း၊ လက် ခေါက်မှုတ်သံ တရွှီရွှီနဲ့ မင်းသားကြီး စက်သီးကြိုးညှပ်နေတာကို မသိရှာ ကြဘူးလေ။ ဇော်ဂျီမင်းသားကြီး ကိုယ်တိုင်လည်း မသိရှာဘူး။ ဟန် မာန်အပြည့်နဲ့ ပရိသတ်ကြီးကို ဖျော် ဖြေနေတယ်။

တပည့်ကျော် တုတ်ကြီး နဲ့ ကျောက်ဒိုးအဖွဲ့လည်း ပြာယာ ခတ်နေပြီ။ ဇောချွေးတွေပြန်လို့။ သောက်ထားတဲ့ တောအရက်လည်း တောပြန်သွားပြီ။ အဲဒီအဖြစ်အပျက် တွေကို ဇာတ်ခုံပေါ်က သူတွေအပါ အဝင် ကျွန်တော်တို့ ကလေးတွေ လည်း သိတယ်။ ကားဆွဲတဲ့ကိုကျော် သိန်းလည်း ကားလိပ်ကြိုးကိုင်ရင်း ရုတ်တရက် လှမ်းဆွဲယူပြီး ကားလိပ် ကို ဇွတ်ချပစ်လိုက်ရတယ်။ ပွဲကြိုက် သူပရိသတ်တွေကတော့ လက်ခုပ် သံတဖြောင်းဖြောင်းနဲ့ လက်ခေါက် တရွှီရွှီနဲ့ သူ့အရပ်နဲ့သူ့ဇာတ်က ဟန်ကိုကျလို့ ကွက်တိပါပဲ။

  ကားလိပ်ချပြီးတော့မှ တပည့် ကျော်တုတ်ကြီးက စက်သီးတပ်ထား တဲ့ တဝဲဝဲတလည်လည်နဲ့ အထက်မ ရောက်၊ အောက်မကျ ဇော်ကန့်လန့် ကြီးဖြစ်နေတဲ့ ဇော်ဂျီမင်းသားကြီး တစ်ယောက်အောက်ဆင်းနိုင်တော့ တယ်။ အခုလို ဖြစ်ပျက်သွားတော့ မင်းသား ကြီးအောင်မြစိန်က ဒီ ဇော်ဂျီဇာတ် လမ်းကို နောက်ညမှာ လက်စသတ် ကမယ်လို့ တပည့်ကျော် တွေ အပါအဝင် ဇာတ်အဖွဲ့ကို မကြေပွဲ နွှဲမယ့်အကြောင်း ပြောလိုက် ပြီး သူ့အခန်းထဲကို ဝင်သွားတယ်။ ကျန်တဲ့ဇာတ် အဖွဲ့သားတွေကလည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး အသံမထွက်ဘဲ ခြေဟန် လက်ဟန်တွေကလည်း တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး အသံ မထွက်ဘဲ ခြေဟန်လက်ဟန်နဲ့ စနောက်နေကြလေရဲ့။ သြော် ပျော် တော်ဆက်ဘဝက မလွယ်ပါလား နော်။

သော်တာအောင် (ကျောက်တောင်)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071