Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeCelebrities' Newsသရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး အများကြီးကြိုးစားဖို့လိုပါသေးတယ်ဆိုတဲ့ သရုပ်ဆောင်...

သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး အများကြီးကြိုးစားဖို့လိုပါသေးတယ်ဆိုတဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦး

သရုပ်ဆောင်ဆုမြတ်နိုးဦးကတော့ လတ်တလောမှာ Online App တစ်ခုကနေ ထုတ်လွှင့်ပြသမယ့် ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သရုပ်ဆောင်နေပြီး ဒါရိုက်တာသြရသ ရိုက်ကူးမယ့် “ဇီးရိုးနဲ့ဟီးရိုး” ရုပ်ရှင်ဇာတ်ကားမှာလည်းပါဝင်သရုပ်ဆောင်မှာဖြစ် ကြောင်း သိရပါတယ်။ အနုပညာသက်တမ်း ခုနစ်နှစ်ရှိပြီဖြစ်တဲ့ သူမက သရုပ် ဆောင်ပိုင်းနဲ့ပတ်သက်ပြီး အများကြီး ကြိုးစားဖို့ လိုပါသေးတယ်လို့ပြောလာပါတယ်။

“မြတ်နိုးက ရှေ့မှာလည်း ရိုးရိုးကာရိုက်တာလေးတွေရိုက်တယ်။ ပြီးတော့ အမာလေးတွေနည်းနည်းပါသွားတာရှိတယ်။ အဲ့ဒီလိုအမာဇာတ်ရုပ်တွေ ရိုက်လို့လည်း ပရိသတ်မုန်းတာတို့ ဘာတို့ မရှိပါဘူး။ ဘယ်နေရာမှာ ဘယ်လိုအိုင်တင်တွေ လိုအပ်တယ်။ ဘယ်နေရာက ဘယ်လိုကောင်းတယ် ဆိုတာတွေတော့ ပြောကြတာရှိပါတယ်။ မြတ်နိုးဆီကိုလာတဲ့ ဇာတ်ကားတွေကို ကိုယ်ဘာကို မရိုက်ချင်လို့ဆိုပြီး ငြင်းလိုက်တာက တော်တော်ရှားပါတယ်။

ကားရိုက်တိုက်နေတာတို့ ခရီးသွားနေတဲ့အချိန်တွေနဲ့တိုက်နေလို့ ငြင်းလိုက် ရတာပဲရှိပါတယ်။ ကိုယ်မရိုက်ချင်ဘူးဆိုပြီး ငြင်းလိုက်တဲ့ကားတွေကတော့ တော်တော်ရှားပါတယ်။ ကာရိုက်တာပိုင်းကတော့ မြတ်နိုးဆီလာတဲ့ ကာရိုက် တာကို လုပ်နိုင် မလုပ်နိုင်ကြည့်ပြီးတော့ လက်ခံတယ်ပေါ့နော်။ တချို့ကား လေးတွ ကိုယ့်အတွက်ပါဝင်တဲ့ အခန်းနည်းတယ်။ ဒါပေမဲ့ မှတ်မှတ်ရရလုပ် ကွက်ရတယ်ဆိုရင် ရိုက်ဖြစ်ပါတယ်။

မြတ်နိုးက အခုအနုပညာသက်တမ်း ခုနစ်နှစ်ရှိပါပြီ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ရင်တော့ မြတ်နိုး ကိုယ့်ကိုယ်ကိုယ် အများကြီး ကြိုးစားဖို့ လိုပါသေးတယ်လို့ ထင်ပါတယ်။ အနုပညာသက်တမ်း ခုနစ်နှစ်အတွင်းမှာ မြတ်နိုးလုပ်ခွင့်ရသလောက် ကြိုးစားခဲ့တာတွေကို ပရိသတ်အားပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ သရုပ်ဆောင်ပိုင်း နဲ့ ပတ်သက်ရင်တော့ မြတ်နိုး ကိုယ့်ကိုယ်ကိုယ် အများကြီးကြိုးစားဖို့လိုပါသေး တယ်လို့ ထင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071