၂ဝ၁၇ နှစ်ကုန်မှာ သွားရောက်လည်ပတ်ခဲ့တဲ့ မင်းသွေး ရဲ့ ဒူဘိုင်း အစီအစဉ်

0
38

သရုပ်ဆောင်မင်းသွေးက ၂ဝ၁၇ခုနှစ် နှစ်ကုန်ပိုင်းမှာ ဒူဘိုင်းမြို့ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ အနုပညာအလုပ်မဟုတ် ဘဲ အလည်သက်သက်သွားရောက်ခဲတဲ့ ဒီခရီးစဉ်မှာ ထူးထူးခြားခြားနေရာဒေသတွေကို သွားရောက်လေ့လာခဲ့တယ်လို့ မင်းသွေး က ဆိုပါတယ်။ မင်းသွေးက “ဒူဘိုင်းကိုသွားရတာ ပျော်ပါတယ်။ အဲဒီမှာတော့ ရက်အများကြီးမကြာပါဘူး။

Desert Safari ဆိုတဲ့နေရာနဲ့ UAE နိုင်ငံတွေဆီ ရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ နေရာဒေသအသစ်ဖြစ်တာတစ်ခုရယ်၊ ကန္တာရဆိုတာက ကျွန်တော်တို့ လုံးဝ မမြင်ဖူးဘူးလေ။ နောက်ပြီးသူတို့ဆီက ရာသီဥတုကို ကျွန်တော်က ပူမယ်ထင်ထားတာ၊ ဆောင်းရာသီလည်းဖြစ်တော့ အေးတယ်။ သူတို့ဆီမှာ လမ်းပန်းဆက်သွယ်ရေးကတော့ နည်းနည်း နည်းတယ်။ ရထား တွေသိပ်မရှိဘူး။ ဘယ်သွားသွား Taxi လိုမျိုးနဲ့ပဲသွားရတယ်။ ဘယ်သွားသွား အနည်းဆုံး တစ်သောင်းနှစ်ထောင်၊ တစ်သောင်းသုံးထောင်လောက်ပေးရတယ်။ ဒါပေမဲ့ သူတို့နိုင်ငံက လူတွေရဲ့ဝင်ငွေနဲ့ အသုံးစရိတ်ကတော့ ညီပါတယ်။ ကျွန်တော်တို့အတွက်တော့ transportation က ဈေးကြီးတယ်။ ဒီခရီးစဉ်လေးကလည်း ကျွန်တော့်အတွက်တော့ အမှတ်တရပါပဲ” လို့ပြောပြပါတယ်။

မင်းသွေးက ဇန်နဝါရီလထဲမှာလည်း ဒါရိုက်တာ ကိုသားညီ ရိုက်ကူးမယ့် ‘ခလုတ်’လို့ အမည်ပေးထားတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။ ဒီဇာတ်ကားမှာတော့ taxi မောင်းတဲ့သူတစ်ဦး  ဇာတ်ရုပ်အနေနဲ့မင်းသွေးကို မြင်တွေ့ကြရဦးမှာပါ။ ၂ဝ၁၇ ခုနှစ် တစ်နှစ်တာအတွင်းမှာလည်း သီချင်းပိုင်း၊ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ မင်းသွေးရဲ့ လုပ်ဆောင်မှုတွေအပေါ် ကိုယ့်ကိုယ်ကိုယ် သုံးသပ်ချက်က “၂ဝ၁၇ခုနှစ် တစ်နှစ်တာအတွက်တော့ ကျွန်တော်လုပ်ခဲ့သမျှ အနုပညာနဲ့ပတ်သက်ပြီး ကျေနပ်အားရမှုရှိပါတယ်။ လုပ်ချင်တာလေး တွေလည်းရှိသေးတယ်။ နှစ်ရယ်လို့တော့ ပိုင်းခြားပြီးမလုပ်ချင်ဘူး။ ၂ဝ၁၈၊ ၂ဝ၁၉ ခုနှစ်၊ ကျွန်တော် ဆက်ပြီးကြိုးစား နေဦးမှာပါ။ ကျွန်တော့်အတွက်ကတော့ ကျွန်တော်အမြဲတမ်းသုံးသပ်တယ်။ ကျွန်တော်ဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ ဘာတွေလုပ်ဖို့    လိုအပ်လဲ၊ ဘာတွေလုပ်ချင်လဲဆိုတာမျိုးကို အမြဲပြန်မေးပါတယ်။ ၂ဝ၁၈ ခုနှစ်မှာတော့ ထူးထူးခြားခြားရယ်လို့ ရှိလာမှာ မဟုတ်ဘူး။ ကျွန်တော်အမြဲတမ်း ကြိုးစားနေမှာပဲ။ ဒါပေမဲ့ ၂ဝ၁၈ ခုနှစ်ထဲမှာတော့ ၂ဝ၁၅၊  ၂ဝ၁၆၊ ၂ဝ၁၇ တုန်းက ရိုက်ထားခဲ့တဲ့ ဇာတ်ကားတွေရုံတင်ပြသသွားမယ်။ ပရိတ်သတ်တွေမြင်တွေ့ရမှာပါ” လို့ မင်းသွေးက ပြောပြပါတယ်။

  မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here