အသက် အန္တရာယ်ရှိတဲ့ကြားက အင်းသားဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်ခဲ့ရတဲ့ ၀ါဇင်

0
168

အကယ်ဒမီ ဝါဝါဝင်းရွှေရဲ့ သားဖြစ်သူ ဝါဇင်က ‘လရောင်ဖြာတဲ့ အင်းလေးမှာ’ ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ ဝတ်မှုံရွှေရည်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မတွေ့ရတဲ့ ဝါဇင်အတွက် ဒီဇာတ်ကားရိုက်ကူးမှုမှာတော့ ထူးခြားတဲ့ဇာတ်ဝင်ခန်းတွေ ပါဝင်ရိုက်ကူးဖြစ်တဲ့အကြောင်းကို ဝါဇင်က…

”ကျွန်တော်က ဒီဇာတ်ကားထဲမှာ အင်းသားတစ်ဦးပေါ့။ အင်းလေးမှာ ဒီဇာတ်ကားရိုက်ကူးမယ်ဆိုကတည်းက ကိုယ့်ရဲ့အင်းသားကာရိုက်တာ အတွက်တော့ ကြိုတင်ပြီး ပြင်ဆင်မှုတွေလုပ်ခဲ့ရတယ်။ လှေကိုခြေထောက်နဲ့ လှော်ဖို့အတွက်လည်း မရိုက်ခင်ကတည်းက ကျွန်တော်ကြိုပြီး လေ့ ကျင့်ထားတဲ့အတွက်အဆင်ပြေပါတယ်။ ကာရိုက်တာအရလည်း ညီမကို တအားချစ်ပြီး ကာကွယ်ပေးတဲ့ အစ်ကိုတစ်ဦးနေရာ ကပါ။ ထူးထူးခြားခြားဒီဇာတ်ကားမှာ လှေနဲ့ ကိုယ့်ကိုဆွဲသွား ပြီး နောက်ကလိုက်တဲ့ ပုံစံရိုက်ကူးထားတယ်။ ဒီဇာတ်ဝင် ခန်းလေးက စစချင်းနေ့မှာပ first day, first scene ပါ။ ဒီဇာတ်ဝင်ခန်းအတွက် တော်တော်လေးကြိုးစားပြီး သရုပ် ဆောင်ထားပါတယ်။ တော်တော်လည်း အန္တရာယ်များပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ မတော်တဆအရှိန်နဲ့ ဆွဲ လိုက်ရင် ပန်ကာထဲဝင်သွားနိုင်ပါတယ်”လို့ ပြောပြပါ တယ်။ ‘လရောင်ဖြာတဲ့အင်းလေးမှာ’ ရုပ်ရှင်ဇာတ်ကားက တော့ ဇန်နဝါရီလ ၅ ရက်နေ့က စတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဇာတ်ကားတွေရိုက်ကူးမှုနည်းတဲ့ ဝါဇင်အတွက် အနုပညာဖန်တီးမှုအသစ်တွေ ထပ်ရှိနိုင်ဦးမလားဆိုတာ မေးမြန်းတော့…

ကျွန်တော် အနုပညာအလုပ်တွေလုပ်တာကို ပရိသတ်တွေလည်း ပြန်ပြီးတွေ့မြင်ကြရမှာပါ။ ၂ဝ၁၈ ခုနှစ်ထဲမှာလည်း ရုပ်ရှင်ကားဇာတ်ကြီးရိုက်ကူးဖို့စီစဉ် နေပါတယ်”လို့ ဝါဇင်က ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here