Thursday, April 30, 2026

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊...

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့်...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့်...

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့...

“သံမဏိလူသား” ရော့ထန်ကို အလဲထိုးကာ တာခဲရု...

ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် "သံမဏိလူသား" ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ...
HomeCelebrities' Newsအဆိုတော်တစ်ယောက်ဖြစ်လာအောင် ပခုံးထမ်းတင်ပေးခဲ့သူများအား G.Fatt...

အဆိုတော်တစ်ယောက်ဖြစ်လာအောင် ပခုံးထမ်းတင်ပေးခဲ့သူများအား G.Fatt ဖော်ထုတ်

အဆိုတော်ဖြစ်ပြီးကတည်းက နှစ်စဉ် ဒီဇင်ဘာလ ၃၁ရက်နေ့မှာ မွေးနေ့ပွဲပြုလုပ်လေ့ရှိတဲ့ ဟစ်ဟော့ပ် အဆိုတော် G.Fatt က ဒီနှစ်မှာလည်း ရန်ကုန် Water Boom မှာ ပရိသတ်တွေနဲ့အတူ မွေးနေ့ပွဲပြုလုပ်ခဲ့ပါတယ်။ မွေးနေ့မှာ သီချင်းတစ်ပုဒ်ကို လက်ဆောင်ပေးခဲ့တဲ့ G.Fatt ရဲ့ သီချင်းနာမည်က ‘မြတ်သူပြောတဲ့ G.Fatt အကြောင်း’ပါတဲ့။

”သီချင်းကတော့ ဒီလိုပါ။ မွေးနေ့မှာ Surprise လုပ်မယ်ပေါ့နော်။ တခြားနယ်အဝေးကလူတွေကလည်း မွေးနေ့ကို နှစ်တိုင်း မလာနိုင်ဘူး။ ရန်ကုန်ကလူတွေတောင် နှစ်တိုင်းမလာနိုင်ကြဘူးလေ။ အဲဒီလူတွေအတွက်ပါ မွေးနေ့မှာ အမှတ်တရဖြစ်အောင် ကျွန်တော်ကပြောတဲ့ G.Fatt အကြောင်းပေါ့နော်။ ကျွန်တော်သာမန်လူတစ်ယောက်ကနေပြီး G.Fatt ကို ဝေဖန်တဲ့ ပုံစံမျိုးပါ။ အဲဒီအပုဒ်လေးကို ကျွန်တော့်အခွေအတွက် ရေးထားတာပေါ့နော်။ အဲဒီအပုဒ်လေးကို ကျွန်တော် အလွန်တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အဲဒီအပုဒ်ကို ကျွန်တော့်မွေးနေ့မှာ နားထောင်ခွင့်ရအောင် တမင်ချပြ လိုက်တာပါ။ ဒီသီချင်းနားထောင်ပြီးတော့ ကျွန်တော့်ပရိသတ်တွေအကုန်လုံး အမှတ်တရဖြစ်မယ်လို့ထင်ပါတယ်” လို့ သူ့ရဲ့သီချင်းအသစ်နဲ့ပတ်သက်ပြီး G.Fatt ကပြောပြပါတယ်။

မွေးနေ့မှာ G.Fatt ရဲ့ မိဘနှစ်ပါးရယ်၊ အစ်မဖြစ်သူ ရယ်လည်း ရောက်လာတာကြောင့် သူတို့နဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုလည်းမေးဖြစ်တဲ့အခါ…

”အဖေနဲ့ အမေကို ကျေးဇူး တင်ပါတယ်။ တကယ်ကျေးဇူးတင်ပါတယ်။ အမေတစ်လှည့်၊ အဖေတစ်လှည့်နဲ့ G.Fatt ရယ်လို့ဖြစ်လာအောင် သူတို့ ပခုံးထမ်းခဲ့ရတာပေါ့လေ။ အဖေမပြေလည်တဲ့အချိန်မှာ အမေက မိသားစုစီးပွားရေးကို ထိန်းသလို အဖေ အလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာလည်း အမေနဲ့အစ်မက မိသားစုစီးပွားရေးကို ထိန်းတယ်။ ဒီကဏ္ဍမှာထည့်ပြောရ မယ်ဆိုရင်တောင် ကျွန်တော့်အစ်မကို လုံးဝချန်ထားလို့ မရပါဘူး။ အဲဒီအတွက် အဖေရော၊ အမေရော၊ ကျွန်တော့် အစ်မရော၊ ကျွန်တော် သိပ်ပြီးတော့ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို G.Fatt လို့ ဖြစ်လာစေတဲ့အထဲမှာ သူတို့က Percentage အများဆုံးပါ” လို့ G.Fatt ကပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်

 

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071