Saturday, June 13, 2026

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ ကျေးရွာ(၃)ရွာမှဒေသခံများကို အကြမ်းဖက်အဖွဲ့ဝင်များက...

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာနှင့် ကုက္ကိုစုကျေးရွာတို့မှ ဒေ သခံများကို အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးနှိပ်စက်မှုအားကန့်ကွက်ရှုံ့ချကြောင်းအဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်၌ မှတ်တမ်းတင်အတည်ပြုခဲ့ကြောင်း သိရသည်။ ဇွန်...

ရွှေပြည်သာမြို့နယ်၌ ထရန်စဖော်မာ(၃၁)လုံးတည် ဆောက်ခြင်းအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘဏ္ဍာရန်...

ရွှေပြည်သာမြို့နယ်၌ ထရန်စဖော်မာ(၃၁)လုံးတည် ဆောက်ခြင်းအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘဏ္ဍာရန် ပုံငွေ ဘတ်ဂျက်ခွင့်ပြုချက်ရရှိပါကဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင် ၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုးသော်က ဖြေကြားခဲ့သည်။ ယနေ့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတဖိတ်ကြား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတကဖိတ်ကြားသည်ဟု လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE ကပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတထံသို့ မြန်မာနိုင်ငံသို့...

SpaceX ကဒေါ်လာ ၁.၇၇ ထရီလျံဖြင့်...

ဆန်ဖရန်စစ္စကို၊ ဇွန်လ ၁၁ ရက် SpaceX ဟု လူသိများသည့် Space Exploration Technologies ကော်ပိုရေးရှင်း သည် ၎င်းတို့၏ ပုဂ္ဂလိကသို့...
HomeCelebrities' Newsအမြွှာအစ်မ တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့အတွက်...

အမြွှာအစ်မ တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့အတွက် သူများတွေထက် တစ်ပန်းသာတယ်လို့ ခံစားရကြောင်း ခိုင်သဇင်ငုဝါ ပြော

ခိုင်သဇင်ငုဝါဆိုတဲ့ အမြွှာညီအစ်မ ၂ဦးကို ပရိသတ်တွေ သတိထားမိကြလိမ့်မယ်ထင်ပါတယ်။ အခုခိုင် သဇင်ငုဝါဆိုတဲ့အငယ်မလေးကိုတွေ့တုန်းသူ့အစ်မနဲ့ ကြားထဲက အကြောင်းလေးတွေ၊ ဖြတ်သန်းခဲ့ရတာလေးတွေကို မေးဖြစ်ခဲ့ပါ တယ်။ခိုင်သဇင်ယုဝါနဲ့ကျတော့ အမြွှာဆိုပေမယ့် သူက ကိုယ့်ထက် ၂နှစ်၊ ၃နှစ်လောက်ကြီးတဲ့ အစ်မတစ်ယောက်လို အရာရာကို နားလည်ပေးတယ်။ ချစ်ပေးတယ်။ အရာရာတိုင်း ဆုံးမ စရာရှိတာ ဆုံးမတယ်။ ဘယ်တော့မှ ကြမ်းကြမ်း တမ်းတမ်း မပြောဘူး။ သူနားလည် အောင်ပြောတယ်။ အမြွှာဆိုပေမယ့် သူများညီအစ်မတွေထက် သံယောဇဉ်ကပိုများတယ် ပေါ့ နော်။ တစ်ခုခုဆိုရင်လည်းတိုင်ပင်လို့ရတယ်။ အရင် ကတည်းကအနုပညာအလုပ်တွေ အတူတူလုပ်လာတာ ဖြစ်တဲ့အတွက် ညီအစ်မ ၂ ယောက်ဆိုတော့ အဖော်ရ တယ်။ ညီအစ်မ ၂ ယောက်ရှိတာကိုယ့်အတွက် တစ်ပန်းသာတယ်လို့ ခံစားရတယ်” လို့ ခိုင်သဇင် ငုဝါကပြောပါတယ်။ ယုဝါနဲ့ငုဝါဆိုရင် ဘယ်သူ ကဗိုလ်ကျလဲ၊ ဘယ်သူ က အလျှော့ ပေးရ လဲလို့ မေးတဲ့အခါ…

“ညီမကတော့ ဗိုလ်ကျတယ်။ ဒါပေမဲ့ နိုင်ရင် သူပဲနိုင်တယ်။ ဗိုလ် ကျတာကတော့ ညီမပဲ။ ဒါပေမဲ့အလျှော့ပေးလိုက်ရရင်လည်း ညီမပဲ။ ကိုယ့်ထက်ကြီးတဲ့ အစ်မဆိုတဲ့ စိတ်က ကိုယ့် မှာရှိနေတော့ကိုယ့်အစ်မကိုကိုယ်ချစ်တယ်။ အလျှော့ ပေးတယ်။ သူလည်းအလျှော့ပေးတာတွေ ရှိပါတယ်” လို့ သူမ ကပြောပြပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၇ခုနှစ်ထဲမှာ ပြန် သုံးသပ် ကြည့်လိုက်ရင် ကိုယ့်အတွက် ဘာတွေကို အားရပြီး၊ ဘာတွေ ကို အားမရဘူးလဲ၊ ၂ဝ၁၈ခုနှစ်မှာ ဘယ်လိုဖြတ် သန်းသွား ဖြစ်မလဲလို့ မေးတဲ့အခါ…

‘ငုဝါကတော့ ကိုယ့်ကိုယ်ကိုယ် ပြည့်စုံနေတယ်၊ အောင်မြင်နေ တယ်လို့ မထင်ဘူး။ အများကြီး ကြိုး စားဖို့လိုအပ်တယ်။ ၂ဝ၁၇ခုနှစ်မှာ လိုအပ်တဲ့အရာ တွေကို ၂ဝ၁၈ခုနှစ် မှာ အများကြီး ဘယ်လိုပြုပြင် သင့်တယ်၊ ဘယ်အရာတွေကို ငုဝါလုပ် သင့်သလဲဆို တာတွေကိုအကောင်းဆုံးစဉ်းစားပြီးတော့ ငုဝါ ကြိုးစားသွားမှာပါ။ ငုဝါမနှစ်က ဖေဖော် ဝါရီလ တုန်းကဆိုလို့ရှိရင် အောင်ရဲ ထိုက်နဲ့ ငုဝါနဲ့ဆိုထားတဲ့ သီချင်းလေးကို ဗယ်လင်တိုင်း လက်ဆောင် အနေ နဲ့ ပရိသတ်တွေကိုပေးခဲ့တယ်။ ငုဝါက သီချင်း ဆိုရတာ ဝါသနာပါတဲ့အတွက်ဒီနှစ်မှာလည်း လက်ဆောင်အနေနဲ့လုပ်ပေးဖို့ရှိတယ်” လို့ ပြောပြခဲ့ ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071